Monday 2 November 2015

ဒီနေ့တော့ Windows 7 တင်နည်းကို အားလုံး အတွက် တင်ပေး လိုက်ပါတယ်






မင်္ဂလာပါ
ဒီနေ့တော့ Windows 7 တင်နည်းကို အားလုံး အတွက် တင်ပေး လိုက်ပါတယ်။

Windows တစ်ခုကို စတင်ပြီး Install လုပ်တော့မယ် ဆိုရင်တော့ Windows 7 ကို တင်ယူ နိုင်ဖို့ရန်
အတွက် Requirement ခေါ်တဲ့ အချက် အလက်နဲ့ ပြည့်စုံ ပါမှ Windows ကို အဆင်ပြေပြေ တင်
ယူနိုင်မှာဖြစ်ပါတယ်။

Windows 7 ကို တင်ဖို့ရန် လိုအပ်ချက်တွေ ကတော့ အောက်ပါ အတိုင်းဖြစ်ပါတယ်။

Windows 7 system requirements
  • 1 gigahertz (GHz) or faster 32-bit (x86) or 64-bit (x64) processor
  • 1 gigabyte (GB) RAM (32-bit) or 2 GB RAM (64-bit)
  • 16 GB available hard disk space (32-bit) or 20 GB (64-bit)
  • DirectX 9 graphics device with WDDM 1.0 or higher driver
မြန်မာ လိုတော့ ရှင်းပြ နေစရာ မလိုလောက် တော့ဖူးလို့ ထင်ပါတယ်။

စာကိုမြင်တာနဲ့ သဘောပေါက် လောက် မှာပါ၊ တကယ်လို့ မိမိ ကွန်ပျူတာက အထက်ပါ လိုအပ်
ချက်တွေနဲ့ ပြည့်စုံနေတယ် ဆိုရင်တော့ Windows 7 တစ်ခုကို အရိုးရှင်းဆုံး နည်းကို အောက်မှာ
ဆက်လေ့လာ ကြည့်ရအောင်ပါ။

Windows တစ်ခုကို Install စတင် လုပ်ဆောင် တော့မယ် ဆိုရင်တော့ သင့်မှာ ၀င်းဒိုးအခွေ DVD
တစ်ချပ်တော့ လိုအပ်ပါမယ်။ အားလုံး အသင့်ဖြစ် ရင်တော့ ကွန်ပျူတာရဲ့ Power ကို စတင်ဖွင့်
လိုက်ပါ။

Delete Key ကိုနှိပ်ထားပါ၊ အချို့သော ကွန်ပျူတာ တို့တွင် F2 Key ကိုနှိပ်ပေး ထားပါ။ သေချာ
စေရန် CMOS Setup ပေါ်လာသည် အထိ လေး ငါးခါ လောက် ဆက်တိုက် နှိပ်ထားပေးပါ။



Windows 7 DVD အခွေကို ထည့်လိုက်ပါ။

Advanced BIOS Features ဆိုတာကို နှိပ်ပါ အနီရောင်နဲ့ ၀ိုင်းပြထားပါတယ်။



First Boot Device OR Boot sequence ဆိုတာကို ရှာပြီး First Boot နေရာမှာ CDROM ထားပါ။
Second Boot နေရာမှာ Harddisk OR HDD-0 ကိုထားပါ။



ပြီးလျှင် F10 Key ကိုနှိပ်၊ Yes OR Enter Key ကို နှိပ်ပေး လိုက်ပါ။



စက်က Restart ကျသလို ကျသွား ပါလိမ့်မယ် စောင့်နေပါ၊ စက်ပြန်တက်လာတဲ့ အခါ၊

Press any key to boot from DC or DVD……

ဆိုပြီးစာကြောင်းအဖြူရောင်လေးနဲ့ ပေါ်လာ ခဲ့ရင်တော့ Enter Key ကို နှိပ်ပေး လိုက်ပါ။



Windows Files များကို ကူးယူ နေတုန်းလေး ခေတ္တ စောင့်နေ လိုက်ပါ။



Starting Windows ဆိုပြီး အောက်က ပုံ အတိုင်းမြင်နေ ရရင်တော့ ခနလေး စောင့်နေလိုက်ပါ။



Install Windows ဆိုပြီး ပေါ်လာတဲ့ အခါ ဘာမှ ထပ်ရွေးပေးစရာ မလိုတော့ပါ Next ကို နှိပ်လိုက်ပါ။



အောက်က ပုံအတိုင်း ပေါ်လာ ခဲ့ရင်တော့ Install Now ဆိုတာကို နှိပ်ပေးလိုက်ပါ။



Setup is starting ဆိုပြီး အောက်က ပုံအတိုင်း ပေါ်လာ ခဲ့ရင်တော့ ခနလေး စောင့်နေလိုက်ပါ။



မိနစ် အနည်းငယ် ကြာပြီးလို့ အောက်က ပုံအတိုင်း ပေါ်လာ ခဲ့ရင်တော့ Operating System OS ကို
ရွေးပေးရမှာ ဖြစ်ပါတယ်၊ ဒါကတော့ ကျနော့် Windwos DVD ခွေက All in One အမျိုးအစား ဖြစ်
နေလို့ Operating System များနေတာပါ။ မိမိ အသုံးပြုလိုတဲ့ Windows Operating System ကိုရွေး
ပေးရမှာ ဖြစ်ပါတယ်၊ အခု ကျနော် ကတော့ Windows 7 Ultimate x86 ကို ရွေးပေးလိုက်ပါတယ်။



အောက်က ပုံအတိုင်း မြင်နေ ရရင်တော့ I accept the license terms ဆိုတဲ့ လေးထောင့် ကွက်လေး
ကို အမှန်ခြစ်လေး ပေးပါ၊ ပြီးရင် Next ကို နှိပ်ပေးလိုက်ပါ။



Windows အသစ် တင်ယူမှာ ဖြစ်လို့ Custom (Advanced) ဆိုတာကို ရွေးပေးလိုက်ပါ။



Custom (Advanced) ရွေးပြီးလို့ အောက်က ပုံအတိုင်း ပေါ်လာ ခဲ့ရင်တော့ တကယ်လို့ သင့်ကွန်
ပျူတာမှာ Partation တွေ များနေ ခဲ့ရင်တော့ မိမိ Windwos တင်လို့ Harddisk Partation ကိုရွေး
ပေးရမှာဖြစ်ပါတယ်။ ကျနော် မှာတော့ Partation တစ်ခုတည်းပဲ ဖြစ်နေလို့ Next ကိုပဲ နှိပ်ပေး
လိုက်ပါတယ်။



တကယ်လို့ ၀င်ဒိုးက အရင် သုံးလက်စ အဟောင်း ရှိနေသေး တာတို့ ဆိုရင်ပဲ ဖြစ်ဖြစ် အကြောင်း
အမျိုးမျိုးကြောင့် Windows အဟောင်းကို Format ချလိုတာတို့ Delete လုပ်လိုတာတို့ ဆိုရင်တော့
Drive Option (Advanced) ဆိုတာကို နှိပ်ပြီး Format ချယူနိုင်ပါတယ်။



Windows Files များကို Install ပြုလုပ်နေတုန်း ခနစောင့်နေပါ၊ Copying Windows files ကနေ
Completing installation အထိ %0 to %100 အထိစောင့်နေရပါမယ် ဘာမှလုပ်ပေးစရာမလိုပါ။



Windows dialogue box ကျလာပြီး ရင်တော့ User name နေရာမှာ မိမိ နာမည်ကို ထည့်ပါ၊
Computer name နေရာ မှာတော့ မိမိ ကွန်ပျူတာကို ထားလိုသော နာမည် တစ်ခုခုကို ရေး
ထည့်ပေး လိုက်ပါ။ ပြီးရင် Next ကိုနှိပ်လိုက်ပါ။



Password ထားပြီးအသုံးပြုလိုက ဖြည့်ပေးလိုက်ပါ။ ဒီနေရာမှာလည်း Password နေရာမှာ မိမိ
ထားလိုသော Password ကို ထားပေးပါ၊ ဥပမာ - Zunite (CEO) စသည်ပေါ့၊ စာလုံး အကြီး
အသေး အကုန်ရ ပါတယ်။

Retype your password ဆိုတဲ့ နေရာ မှာလည်း စောနားက Password နေရာမှာထည့်ထားခဲ့တဲ့
Password ကိုထပ်ထည့်ပေးလိုက်ပါ။ Type password hint (required) နေရာမှာတော့ အပေါ်က
မိမိထားခဲ့တဲ့ Password မတူတဲ့ နံပါတ် တစ်ခုခု ဖြစ်ဖြစ် စာပဲဖြစ်ဖြစ် တစ်ခုခုကို ရေးရမှာဖြစ်ပါ
တယ်။

ရေးပြီးလည်း အဲဒီ Hint password ကို အသေချာ မှတ်ထားပေး လိုက်ပါ။ တကယ်လို့ မိမိက
password ကိုမေ့လို့ ဖွင့်မရတော့တဲ့ အခါ စောနားက hint လုပ်ထားတဲ့ Password ကိုပြန်
ထည့်ပေးနိုင်ရင် ကွန်ပျူတာ Lock ကိုကောင်းကောင်း ဖြေယူနိုင်ပါတယ်။ ပြီးရင် Next ကို
နှိပ်ပါ။ ထည့်ပြီး အသုံးမပြုလိုသေးဘူး ဆိုရင်လည်း Next ကိုနှိပ်ပေးလိုက်ပါ။



License agreement ဖြင့်ဝယ်ထားသော Windows မဟုတ်လျှင်တော့ Product Key ကိုမထည့်
ပဲ automatically activate Windows when I’m online မှာရှိတဲ့ လေးထောာင့်ကွက်လေးမှ အ
မှန်ခြစ်လေးကိုဖြုတ်ပေးပြီး Next ကိုသာနှိပ်ပေးလိုက်ပါ။



အဆင့်တွေ ကျော်လာခဲ့လို့ အောက်က ပုံအတိုင်းမြင်နေ ရရင်တော့ Ask me later ဆိုတာကို
ရွေးပေး လိုက်ပါ။



Time zone ရွေးခိုင်းတဲ့နေရာမှာတော့ မိမိနေတဲ့ နိုင်ငံရဲ့ Provide ကိုရွေးလိုက်ပါ။



Windows ကို Install လုပ်နေတုန်း သင့်မှာ Internet Connection သာအသင့်ရှိနေပြီး တစ်
ခါတည်း Connected လုပ်ပြီး Install လုပ်ယူသွားချင်တယ်ဆိုရင် Wifi ရဲ့ လျှို့ဝှက်ချက်
ကုတ်နံပါတ်ကိုထည့်ပေးပြီး မိမိအသုံးပြုမယ့် Network အမျိုးအစားကို ရွေးပေးလိုက်ပါ။

Router အမျိုးအစားသုံးတဲ့ သူတွေအထူးသဖြင့် 10 User Or Group User အနေဖြင့်အသုံး
ပြုနေကြတဲ့ သူတွေကတော့ အပေါ်ဆုံး Home Network ကိုရွေးချယ်ပေးလိုက်ပါ။



အားလုံးပြီးလို့ Windows is finalizing your setting ဆိုပြီး အောက်ကပုံအတိုင်းပေါ်နေရင်
တော့ ခနစောင့်နေလိုက်ပါ ကွန်ပျူတာရဲ့ Desktop Screen ကြီးပေါ်လာသည်အထိစောင့်၏
နေလိုက်ပါ။



Congratulations ပေါ့ဗျာ အပေါ်ကအဆင့်တွေကို အောင်မြင်စွာကျော်ဖြတ်ခဲ့ပြီးဖြစ်လို့ Windows
7 Ultimate တင်ခြင်း ကိစ္စ အောင်မြင်စွာ ပြီးဆုံး ပါပြီ။

ဇူးနစ် (နည်းပညာ) မှ ကူယူမျှဝေသည်။

Read more: ဆိုင်မွန်စာကြည့်ဆိုဒ်: အရိုးရှင်းဆုံး Windows 7 တင်နည်း

No comments:

Post a Comment