Saturday, 7 November 2015

Telecom Android All In One Tool (Version 1.0 Beta)





Telecom Android All In One Tool ကို Version 1.0 Beta အဖြစ် ထုတ်ဝေ လိုက်ပြီဖြစ်ပါသည်။



Version 1.0 Beta တွင် အောက်ပါ လုပ်ဆောင်ချက် များကို အသုံးပြု နိုင်စေပါမည်။

မြန်မာစာ Zawgyi Font ထည့်သွင်းခြင်း (Fonts Installation)

* Fallback_fonts.xml ဖိုင်ကို အစားထိုးသောနည်း (ယခုနည်းလမ်းကို အသုံး ပြုပါက ဖုန်းအတွင်းမှ မူရင်း Font (တရုတ်၊ ကုလား၊ ဂျပန်၊ ဂျာမန်) များမပျောက်စေဘဲ တစ်ခါတည်း အသုံးပြုနိုင်ပါမည်။ သို့ရာတွင် ဖုန်းတိုင်း အလုပ်မလုပ်သော အားနည်းချက်ရှိပါသည်။ ယခုနည်းလမ်းကို စမ်းသပ်ကြည့်ခြင်းဖြင့် ဖုန်းလုပ်ဆောင်ချက် တစ်စုံတစ်ခုကိုလည်းကောင်း ထိခိုက်စေမည်မဟုတ်ပါ။ ထို့ကြောင့် ဖုန်း Firmware ပျက်စီးမှုမရှိကြောင်း ရာနှုန်းပြည့် အာမခံပါသည်။

* Roboto-Regular Font ကို အစားထိုးသောနည်း (ပထမနည်းလမ်းကို မအောင်မြင်ပါက ဒုတိယနည်းလမ်းကို အသုံးပြုနိုင်ပါသည်။ Android Version 4.0.4 မှ Android Version 5.1 အထိ အဆင်ပြေစွာအသုံးပြုနိုင်ပါသည်။ ဖုန်း Firmware ပိုင်းဆိုင်ရာ ထိခိုက်မှု မရှိကြောင်း ရာနှုန်းပြည့် တာဝန်ယူပါသည်။

*COC Myanmar Font - Clash of Clans ဆော့ကစားသူများအတွက် မြန်မာစနစ်ထည့်သွင်းရန်အတွက် "COC Myanmar Font" ဟူသော Checkbox ကို အမှန်ခြစ်ထားပြီး တစ်ခါတည်းထည့်သွင်းပေးနိုင်ပါသည်။ အကယ်၍ မြန်မာစာထည့်သွင်းမည့် မိမိဖုန်းသည် Android 2.3.6 နှင့် အောက်ဖြစ်ပါက COC အတွက် မြန်မာစာ ထည့်သွင်းလိုသည်ဖြစ်စေ၊ မထည့်သွင်းလိုသည် ဖြစ်စေ COC Myanmar Font ကို အမှန်ခြစ်ပေးထားရပါမည်။



Keyboard ထည့်သွင်းခြင်း (Keyboard Installation)

* Bagan Keyboard - Bagan Innovation ၏ Bagan Keyboard ကို ဖုန်းအတွင်း Install ပြုလုပ်လိုက်မည်ဖြစ်ပါသည်။ Install ပြုလုပ်လိုက်ရုံမက Language and Keyboard ၏ Input Method တွင် Bagan ကို အလိုအလျောက်ရွေးချယ်ပေးထားပြီးသားဖြစ်သဖြင့် မည်သည့်လုပ်ဆောင်ချက်ကိုမျှ ထပ်မံ ပြုလုပ်နေစရာမလိုဘဲ Bagan Keyboard ကို တိုက်ရိုက်အသုံးပြုရန်သာဖြစ်ပါသည်။

အများသူငှါ အခမဲ့အသုံးပြုနိုင်စေရန်အတွက် BaganKeyboardOrangePremium v 5.9 ကို အသုံးပြုထားပါသည်။ မူရင်း Lastest Version ကို အသုံးပြုလိုသော်လည်း Paid App ဖြစ်ခြင်းနှင့် Premium Feature ကို လတ်တလောမရှိနိုင်ခြင်းတို့ကြောင့် Crack Version ကို အသုံးပြုလိုက်ရခြင်းဖြစ်ပါသည်။

ထို့အပြင် ယခု Crack Version ထွက်ရှိ ပြီးသားဖြစ်ခြင်းကြောင့် Bagan Innovation အတွက် ထိုထက်ပို၍ နစ်နာစရာမရှိဟု ထင်မြင်မိသောကြောင့်ဖြစ်ပါသည်။

* Frozen Keyboard - Frozen Keyboard ကို တိုက်ရိုက် Install ပြုလုပ်လိုက်ရုံသာမက Default Keyboard တွင်တစ်ခါတည်း ရွေးချယ်ပေးပြီးသားဖြစ်သောကြောင့် အဆင်သင့်အသုံးပြုရုံသာဖြစ်ပါသည်။



မူရင်း Font ဖိုင်များကို Backup ပြုလုပ်ခြင်း (Backup Original Font)

အကယ်၍ မူရင်း Font ဖိုင်များကို Backup ပြုလုပ်ရန် ဆန္ဒရှိပါက Backup Original Fonts ဟူသော checkbox တွင် အမှန်ခြစ်ရွေးချယ်၍ Backup ပြုလုပ်ထားနိုင်ပါသည်။ အကယ်၍ Backup ပြုလုပ်ထားခဲ့ပါက နောင်တစ်ချိန် မြန်မာစာမှ မူရင်း Font သို့ပြောင်းလဲသည့်အခါတွင် အခြားသော Unicode စနစ် များကိုပါ မပျက်မယွင်း ရရှိနိုင်ခြင်းကြောင့်ဖြစ်ပါသည်။

ဖုန်းတစ်လုံးအတွက် Backup ပြုလုပ်ပေးရန် တစ်ကြိမ်သာလိုပြီး နောက်ထပ် Backup လုပ်နေစရာ မလိုပါ။

Restore လုပ်ရန်ဆန္ဒရှိပါက Restore ခလုတ်တွင် နှိပ်၍ ထည့်သွင်းထားသော မြန်မာစာဖိုင်များကို မူရင်းအတိုင်း အချိန်မရွေး ပြန်လည်ပြောင်းလဲနိုင်ပါသည်။



Notice

Beta Version ဖြစ်သည့်အတွက် Bug အနည်းငယ်ရှိနိုင်ပါသည်။ သို့ရာတွင် ယခု Tool ကို အသုံးပြုသည့်အတွက်
  • - ကွန်ပျူတာကို ထိခိုက်မှု မရှိစေပါ
  • - ထည့်သွင်းမည့် ဖုန်းကို ထိခိုက်မှု မရှိစေပါ
  • - သုံးစွဲသူကို ဒုက္ခပေးမည့် Code များ (Crack, Hack Code များ) မပါဝင်ပါ
အကယ်၍ Bug တစ်စုံတစ်ရာတွေ့ရှိခဲ့ကြပါက https://www.facebook.com/Telecomtechnicaltraining သို့ဖြစ်စေ telecomtech88@gmail.com သို့ဖြစ်စေ ဆက်သွယ်အကြံပြုနိုင်ပါသည်။



For Developer

ယခု Tool ကို Microsoft Visual Studio 2008 နှင့် ရေးသားထားခြင်းဖြစ်ပါ သည်။ အကယ်၍ Programming ကို စိတ်ဝင်စားသူ မည်သူမဆို ကျွန်တော် တို့ထံမှ Source Code နှင့် Project တစ်ခုလုံးကို တောင်းယူနိုင်ပါသည်။ ထို့ အပြင် ယခုဖြန့်ချီထားသော Tool ကိုလည်း Credit ပေး၍ ဖြစ်စေ၊ မပေးဘဲ ဖြစ်စေ လွတ်လပ်စွာ ကူးယူဖြန့်ချီနိုင်ပါသည်။



Update for Version 1.1 Beta

နောက်ထွက်လာမည့် Version 1.1 Beta တွင် အောက်ပါ Feature အသစ်များကို ထည့်သွင်းပေးသွားပါမည်။

* Myanmar fonts and keyboard Installation
* Pattern, Pin, Password Remover
  • - Any Pattern, Pin & Password Swiper
  • - Completely Remove
  • - Pattern Cracker
  • - Pattern, Pin & Password Backup and Restore



Acknowledgement

ယခု Telecom Android All In One Tool အတွက် အောက်ပါ ပုဂ္ဂိုလ်များကို အထူးကျေးဇူးတင်ရှိပါသည်။

* Android Inc for Android Debugging Features
* Alpha Zawgyi Team for Zawgyi Font
* Ko Thiha Aye Kyaw for Frozen Keyboard
* Bagan Innovation for Bagan Keyboard

Smart Zawgyi အတွက် ဖန်တီးသူကို မသိရှိပါ၍ Credit မပေးလိုက်နိုင်ပါ။



Developed by
  • Ray Marm Aung (RAY - Electronics)
  • Telecom Technology Mobile Tranining
  • Ph -09799936639



Download ပြုလုပ်ရန်

userscloud.com
OR
mediafire.com

Original link - https://www.facebook.com/Telecomtechnicaltraining/

No comments:

Post a Comment