Wednesday 4 November 2015

♪ အိုင်ဖုန်းနဲ့တူတယ် ဒါပေမယ့် မျက်နှာပြင်နှစ်ခုပါတဲ့ Android ဖုန်း Siam 7X ♫

two screen
Siam 7X လို့အမည်ရတဲ့ အမေရိကန်မှ Startup ကုမ္ဗဏီတစ်ခုထုတ်တဲ့ စမတ်ဖုန်းဟာ အိုင်ဖုန်းနဲ့ ပုံစံအနည်းငယ်တူပါတယ်။ ဒါပေမယ့် သူက အရှေ့ရော အနောက်မှာပါ မျက်နှာပြင်ပါတာကြောင့် မတူဘူးဆိုတာကို သိသိသာသာ ထင်ရှားစေပြန် ပါတယ်။


ရှေ့မှာ ငါးလက်မ LCD ဖန်သားပြင် ပါသလို အနောက်ကျောမှာလည်း အဖြူအမဲ ကာလာ အီးဘုတ် Tablet တွေမှာပါတဲ့ E-Link Screen ကို တပ်ဆင်ပေးထား ပါတယ်။ 4.7 လက်မ အရွယ်ပါ။ ဒါကြောင့်မို့ Yota ပြီးရင် ဖုန်းအနောက်ကျောမှာ screen တစ်ခု အပိုပါတဲ့ စမတ်ဖုန်းဖြစ်လာ ပါတယ်။ အမေရိကန်ရဲ့ ပထမဆုံး မျက်နှာပြင် နှစ်ခု စမတ်ဖုန်းအဖြစ်လည်း စံချိန်တင်ပါတယ်။ 1280 x 720 LCD ကို အသုံးပြုထား ပါတယ်။ screen နှစ်ခုစလုံးကို Gorilla Glass နဲ့ ကာထားပေးတာကြောင့် အကြမ်းခံ ပါတယ်။ ထူးခြားချက် အနေနဲ့ကတော့ Earprint recognition ပါဝင်ခြင်းပါ။ နားကို ရှေ့ကင်မရာနဲ့ မှတ်သားထားနိုင်တာကြောင့် ဖုန်းကိုင်သူပဲ ကိုင်လို့ရမယ့် Feature မျိုး ပါဝင်လာပါတယ်။ ဒါကိုလည်း user စိတ်ကြိုက် ပြင်ဆင် နိုင်ပါတယ်။

1.3GHz 64-bit MediaTek octa-core processor ကို အသုံးပြုပြီး 2,100mAh ဘက်ထရီလည်း ပါဝင်ပါသေးတယ်။ SIM card နှစ်ကဒ်တောင် ထည့်လို့ရပြီး 4G Network မှာ သုံးနိုင်တဲ့ အဆင့်မြင့် စမတ်ဖုန်းလည်း ဖြစ်ပါတယ်။ ကင်မရာက 16 MP နဲ့ 8 MP ပါဝင်ပါတယ်။ Android 5.0 ကို အသုံးပြုထားပါတယ်။ဈေးနှုန်းကတော့ အမေရိကန်ဒေါ်လာ ၄၇၀ ဝန်းကျင်နဲ့ ယခုလ ကုန်မှာ စတင်ရရှိမှာ ဖြစ်ပါတယ်။
.
Ref: pocketlint
အောင်ခမ်း (MMA)

No comments:

Post a Comment