Sunday 8 November 2015

နိုင်ငံခြားရေးဝန်ကြီးဌာန သတင်းထုတ်ပြန်ချက်

နိုင်ငံခြားရေးဝန်ကြီးဌာန သတင်းထုတ်ပြန်ချက်
‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗
၁။ မကြာသေးမီက Fortify Rights နှင့် International State Crime Initiative ဆိုသောအဖွဲ့တို့က မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင် ၎င်းတို့အဆို “ရိုဟင်ဂျာ” ဆိုသူများအား လူမျိုးတုံးသတ်ဖြတ်လျက်ရှိကြောင်းနှင့် အခြားမဟုတ်မမှန် အခြေအမြစ်မရှိသည့် စွပ်စွဲချက်များကို ကိုးကား၍ ထုတ်ပြန်ဖော်ပြမှုများ ပြုလုပ်ခဲ့သည်ကိုတွေ့ရှိရသည်။ ယင်းသို့ လုပ်ဆောင်မှုသည် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီတွင် ကမ္ဘာ့နိုင်ငံအားလုံး၏ လူ့အခွင့်အရေးအခြေအနေအား သုံးသပ်သည့် အစီအစဉ်အောက်မှ မြန်မာနိုင်ငံမှ အစီရင်ခံစာ တင်သွင်းသည့်အချိန်နှင့် ပြည်တွင်းနိုင်ငံရေးတွင် အရေးကြီးသည့် ပါတီစုံအထွေထွေရွေးကောက်ပွဲကျင်းပပြုလုပ်မည့်ကာလတို့နှင့် အချိန်ကိုက်ဖန်တီးလုပ်ဆောင်မှုတစ်ရပ် ဖြစ်ပါသည်။ ၎င်းတို့စာတမ်းများ ထုတ်ပြန်သည့် တစ်ချိန်တည်းတွင် အယ်လ်ဂျာ ဇီးယားသတင်းဌာနကလည်း ယင်းကိစ္စကို သတင်းထုတ်လွှင့်ခဲ့သည်။
၂။ အဆိုပါမမှန်မကန်စွပ်စွဲထားသည့် စာတမ်း၊ သတင်းများသည် အခြေအမြစ်မရှိ၊ မှန်ကန်မှုမရှိသည့် စွပ်စွဲပြော
ကြားချက်များကို အခြေခံ၍ ပြုစုထားခြင်းဖြစ်သည်။ “ရိုဟင်ဂျာ” ဟူသော အသုံးအနှုန်းသည် ဖန်တီးတီထွင်ထားသည့် အသုံးအနှုန်းဖြစ်သောကြောင့် မြန်မာအစိုးရနှင့် ပြည်သူများက အသိအမှတ်မပြုပါ။ အဆိုပါ စာတမ်း၊ သတင်းများတွင် ဖော်ပြပါရှိသည့် မဟုတ်မမှန်စွပ်စွဲမှုများကို ပြတ်သားစွာ ပယ်ချပါသည်။
၃။ ဤသို့ မဟုတ်မမှန် အခြေအမြစ်မရှိ စွပ်စွဲမှုများသည် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးရာကို စွက်ဖက်ရာရောက်
ခြင်း၊ မြန်မာနိုင်ငံ၏ တည်ငြိမ်အေးချမ်းမှုကို ထိခိုက်ရာရောက်စေခြင်းနှင့် အေးချမ်းစွာနေထိုင်သည့် ပြည်သူများ
အပေါ် အထင်အမြင်လွဲမှားစေရန် ပြုလုပ်ရာရောက်ခြင်းတို့ကြောင့် အထက်ပါလုပ်ရပ်များအား ပြင်းထန်စွာကန့်ကွက်လိုက်သည်။

နိုင်ငံခြားရေးဝန်ကြီးဌာန
နေပြည်တော်
၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ ၈ရက်။

No comments:

Post a Comment