Friday 6 November 2015

တစ်ည (၇) နာရီအိပ်သော အမျိုးသမီးများ ဆီးချိုဖြစ်နိုင်ခြေ နည်းပါး








 တစ်ညလျှင် အိပ်ချိန် (၇) နာရီမှ (၈) နာရီကြား အိပ်သော အမျိုးသမီးများသည် အမျိုးအစားနှစ် ဆီးချို ဖြစ်နိုင်ခြေ လျော့နည်း သွားကြောင်း လေ့လာတွေ့ရှိ ထားသည်။

          ဟားဗတ် တက္ကသိုလ်မှ သုတေသီ များက သက်လတ်ပိုင်း အမျိုးသမီး (၅၉၀၀၀) ကို (၁၄) နှစ်တိုင်တိုင် လေ့လာထားခြင်း ဖြစ်သည်။ တစ်ညလျှင် အိပ်ချိန် ခြောက်နာရီ အောက်သာရှိသော အမျိုးသမီးများသည် ဆီးချိုဖြစ်နိုင်ခြေ ပိုများလာကြောင်းလည်း တွေ့ရှိခဲ့ရသည်။ ဆီးချိုဖြစ်နိုင်ခြေ အများဆုံးအုပ်စုမှာ တစ်ညလျှင် ရှစ်နာရီထက် ပိုအိပ်သော အမျိုးသမီးများ ဖြစ်ကြောင်းလည်း စစ်တမ်းက ဆိုသည်။

          အထူးသဖြင့် တစ်ညလျှင် အိပ်ချိန် ကိုးနာရီအထက် အိပ်သော အမျိုးသမီးများသည် အိပ်ချိန် (၇) နာရီမှ (၈) နာရီကြား ပုံမှန်အိပ်သော အမျိုးသမီးများထက် ဆီးချိုဖြစ်နိုင်ခြေ (၁၅) ရာခိုင်နှုန်းထိ ပိုများလာကြောင်း သိရသည်။

          လေ့လာမှုစစ်တမ်းကို Diabetologia ဂျာနယ်တွင် ထည့်သွင်းဖော်ပြ ထားသည်။ အသက် (၅၅) မှ (၈၃) ကြား အမျိုးသမီး (၅၉၀၃၁) ဦးကို (၁၄) နှစ်ကြာ စောင့်ကြည့် လေ့လာ ထားခြင်းဖြစ်သည်။

No comments:

Post a Comment