Samsung Galaxy E7 ( Sm-E700H ) ကို version 4.4.4 မှာ ROOT လုပ်ပြီး CoC မှာ မြန်မာစာ သုံးချင်လို့ တောင်းဆို ထားတဲ့ သူတွေ အတွက် ROOT လုပ်နည်းလေးနဲ့ CoC မြန်မာစာလေးကို တင်ပေး လိုက်ပါတယ်။
ROOT လုပ်ရန် အရင်ဆုံး လိုအပ်တာလေးကို ရယူလိုက်ပါ။
ROO)T အရင်လုပ်ကြရအောင်။
- Download ရယူထားတဲ့ Odin v3.07 ကိုအရင်ဖွင့်လိုက်ပါ။
- Odin ပွင့်လာပြီဆိုရင် Odin ရဲ့ PDA နေရာကို Click လိုက်ပါ။
- Broswe ကနေ Download ရယူထားတဲ့ Cf-auto root file လေးကို ရွေးပြီး ထည့်ပေးလိုက်ပါ။
- ဖုန်းကို Download mode သွင်းပြီး USB ကြိုး ထိုးပေး ရပါမယ်။
- ဖုန်းကို Download mode ၀င်နိုင်ရန် အောက်က key လေးတွေ အတိုင်းနှိပ် လိုက်ပါ။
- Download mode >>> Volume down + Home + Power
- အထက်ပါ key လေးကိုနှိပ်ပြီးရင် Volume up တစ်ချက်နှိပ် ပေးလိုက်ပါ။
- Download mode ကိုရောက်ပြီဆိုရင်တော့ Computer နဲ့ ချိတ်ဆက်ပေး လိုက်ပါ။
- Odin မှာ Device ကိုသိပြီဆိုရင် Odin က Start ဆိုတာကို နှိပ်ပေးလိုက်ပါ။
- Odin ကနေ အလုပ် လုပ်ပေးနေ ပါလိမ့်မယ်။ ခဏစောင့် ပေးလိုက်ပါ။
- Odin မှာ PASS ဆိုပြီး ပြလာပြီး ဖုန်းမှာ reboot ကျသွား ရင်တော့ ROOT လုပ်ခြင်းပြီးစီးပါပြီ။
- ဖုန်းပါဝါ ပြန်တက်လာပြီဆိုရင်တော့ USB Debugging mode တို့ Unknow Source တို့ကို on ပေး ထားလိုက်ပါ။
- CoC ကို မြန်မာစာ ထည့်ရန် လိုအပ် တာလေးကို Download ရယူ လိုက်ပါ။
ပြုလုပ်နည်းကတော့ …
- Download ရယူထားတဲ့ CoC Myanmar Font bat file လေးကို Computer မှာ ဖွင့်လိုက်ပါ။
- ပြီးရင် ဖုန်းကို USB ကြိုးထိုးပြီး Computer နဲ့ ချိတ်ဆက်ပေး လိုက်ပါ။
- enter တစ်ချက်နှိပ်ပေးလိုက်ပါ။
- ဖုန်းမှာ ROOT access တောင်းလာရင် Grant (or) Allow ကိုနှိပ်ပေးလိုက်ပါ။
- ဖုန်းမှာ reboot ကျသွားပါမယ်။
- ပါဝါပြန်တက်လာပြီဆိုရင်တော့ CoC လေးကို ၀င်ပြီး Myanmar Font စမ်းသပ်နိုင် ပါပြီ ခင်ဗျာ။
အဆင်ပြေပါစေ။
Ko Htoo ( MMAS )
Original link - https://www.facebook.com/ko.htoo.3323
No comments:
Post a Comment