Saturday 7 November 2015

ကလေးဝတ် LG စမတ် လက်ပတ်နာရီများ ထွက်ရှိ



ကလေးတွေကလည်း သူ့ဖေဖေ၊ မေမေတို့လိုပဲ စမတ် လက်ပတ်နာရီလေးတွေ ပတ်ချင်ကြ ပါတယ်တဲ့။ မိဘတွေ၊ ထိန်းသိမ်းစောင့်ရှောက် သူတွေအနေနဲ့ ကလေးတွေကို အမြဲစောင့်ကြည့် နေနိုင်မယ့် လုံခြုံရေးနာရီ သစ်နှစ်လုံးကို ဒီနေ့ကစပြီး Verizon မှာ ဝယ်ယူရ ရှိနိုင်ပြီလို့ သိရပါတယ်။

GizmoPal 2 နဲ့ GizmoGadget ဆိုပြီး မော်ဒယ်နှစ်မျိုးရှိပါတယ်။

GizmoGadget မှာတော့ ၁.၃ လက်မ တို့ထိမျက်နှာပြင်ပါရှိပြီး အကန့်အသတ်ရှိတဲ့ လုပ်နိုင်စွမ်းတွေပဲရှိပါတယ်။ ဒါပေမဲ့ ခြေလှမ်းတိုင်းကိရိယာ၊ ကြိုးခုန်တိုင်းကိရိယာ တွေပါရှိတဲ့အတွက် ကလေးတွေကို တက်ကြွလှုပ်ရှားနေစေမှာပါ။

မော်ဒယ်နှစ်မျိုးစလုံးမှာ သတ်မှတ်ထားတဲ့ နံပါတ်တွေကို ခေါ်ဆိုနိုင်ခြင်း၊ GizmoHyub app နဲ့ GPS ခြေရာခံခြင်း၊ လက်ပတ်လဲလှယ်အသုံးပြုနိုင်ခြင်း စတဲ့ feature လေးတွေပါရှိပါတယ်။

ဘက်ထရီသက်တမ်း ဘယ်လောက်ရှိလဲဆိုတာကိုတော့ Verizon ကတရားဝင်ထုတ်တဲ့ ဆောင်းပါးမှာ မပါရှိပါဘူး။ ဒါပေမဲ့ standby ထားရှိမယ်ဆိုရင် ၄ ရက်လောက်တော့ ခံမှာပါ။

GizmoPal 2 ကို ကန်ဒေါ်လာ ၇၉.၉၉ နဲ့ GizmoGadget ကိုတော့ ကန်ဒေါ်လာ ၁၄၉.၉၉ နှုန်းဖြင့် အသီးသီး ဝယ်ယူရရှိနိုင်ပါပြီ။

Ref: GSM Arena

No comments:

Post a Comment