Sunday 8 November 2015

မုန်တိုင်းငယ်သတင်းထုတ်ပြန်

မုန်တိုင်းငယ်သတင်းထုတ်ပြန်
‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗
၂၀၁၅ခုနှစ်၊ နိုဝင်ဘာလ(၉)ရက်နေ့ မြန်မာစံတော်ချိန်(၀၆း၀၀)နာရီအချိန်
တွင် မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ မုန်တိုင်းငယ်သတင်းထုတ်ပြန်....
ယနေ့မြန်မာစံတော်ချိန် (၀၅း၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းတွင်ဖြစ်ပေါ်နေသော
မုန်တိုင်းငယ်သည် သီရိလင်္ကာနိုင်ငံ၊ ဂျဖနာမြို့၏ အရှေ့မြောက်ဘက် မိုင်(၁၆၀)ခန်၊ အိန္ဒိယနိုင်ငံ၊ ချင်းနိုင်မြို့၏အရှေ့တောင်ဘက်မိုင် (၁၄၀)ခန့်နှင့် မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့၏ အနောက်တောင်ဘက် မိုင်(၆၈၀)ခန့်အကွာ ပင်လယ်ပြင်ကိုဗဟိုပြုနေပါသည်။
မုန်တိုင်းငယ်၏လက်ရှိအခြေအနေမှာအဝါရောင်အဆင့်ရှိပြီး မြန်မာနိုင်ငံ
ဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိဟု သတ်မှတ်ပါသည်။
မုန်တိုင်းငယ်၏တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်းမှာ
အဆိုပါမုန်တိုင်းငယ်သည် မြန်မာစံတော်ချိန်(၀၅း၃၀)နာရီအချိန်တွင်
မြောက်လတ္တီကျု (၁၁.၅)ဒီဂရီနှင့် အရှေ့လောင်ဂျီကျု (၈၂.၀)ဒီဂရီတွင်ရှိပြီး၊ ဗဟိုချက်လေဖိအား (၁၀၀၄)ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်း
မှာ တစ်နာရီလျှင် မိုင်(၃၀)နှုန်း ဖြစ်ပါသည်။
သတိပေးနှိုးဆော်ချက်များမှာ
(က)အဆိုပါမုန်တိုင်းငယ်၏အရှိန်ကြောင့် ရန်ကုန်တိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် နေရာကျဲကျဲ၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။
(ခ)မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက်နှင့်‌ ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများ ကျရောက်ပြီး၊ လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပါသည်။ မိုးသက်လေပြင်းကျစဉ်ရေပြင်/ မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၃၀)မှ (၃၅)မိုင်အထိ တိုက်ခတ်နိုင်ပါသည်။
အကြံပြုချက်မှာ
(က) မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက်နှင့်‌ ကမ်းလွန် ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊‌ သင်္ဘောများအနေဖြင့် ကြိုတင် သတိပြုရန် အကြံပြုအပ်ပါ သည်။
Ref - မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

No comments:

Post a Comment