Friday 6 November 2015

Huawei Honor ဖုန်းတွေမှာ Android 6.0 မကြာမှီ ရဖို့ရှိ



ပြီးခဲ့တဲ့လက Huawei ဟာ Android 6.0 Marshmallow update ရနိုင်မယ့် ဖုန်းတွေ စာရင်းကို ထုတ်ပြန် ခဲ့ပါတယ်။ အပြီးသတ် စာရင်းတော့ မဟုတ်ပါဘူး။ ထွက်လာမယ့် အချိန် အတိ အကျနဲ့ ပတ်သက်ပြီး သတင်း အချက် အလက် တစ်စုံတရာ မရှိသေးပါဘူး။

သတင်းကောင်းကတော့ update ရနိုင်မယ့် အချိန်အတိအကျကို Huawei က ထုတ်ပြန်လိုက်ပါပြီ။ Honor တံဆိပ်ကပ် စမတ်ဖုန်းတွေအတွက် သီးသန့်ပါပဲ။

Honor 7, Honor 6 Plus, Honor 6, Honor 4X နဲ့ 4C စတဲ့စမတ်ဖုန်းတွေဟာ လာမယ့် ဖေဖော်ဝါရီလဆို update ရနိုင်ပါပြီ။

သတိမထားမိတဲ့သူတွေအတွက် Huawei က လုပ်မယ့် ပွဲတွေရှိပါသေးတယ်။ ဒီတစ်ပတ်ထဲမှာ Kirin 950 နဲ့ ဒီလအကုန်မှာ Mate 8 တို့ကို ထုတ်သွားဖို့ရှိတယ်လို့ မျှော်လင့်ရပါတယ်။

Ref: Gsmarena

No comments:

Post a Comment