Monday 2 November 2015

မျက်နှာပြင် ကြီးလာလေ၊ ပိုကောင်းလေ ဆိုပြီး Samsung က ကျွန်တော်တို့ မြင်ဖူးသမျှ တက်ဘလက် တွေထဲက အကောင်းဆုံး တက်ဘလက် တစ်ခုကို ထုတ်လုပ် လိုက်ပါတယ်။ ဒီ တက်ဘလက်ရဲ့ နာမည်ကတော့ Galaxy View ပါ။ မျက်နှာပြင်အကျယ်ကတော့ ၁၈.၄ လက်မရှိပါတယ်



မျက်နှာပြင် ကြီးလာလေ၊ ပိုကောင်းလေ ဆိုပြီး Samsung က ကျွန်တော်တို့ မြင်ဖူးသမျှ တက်ဘလက် တွေထဲက အကောင်းဆုံး တက်ဘလက် တစ်ခုကို ထုတ်လုပ် လိုက်ပါတယ်။ ဒီ တက်ဘလက်ရဲ့ နာမည်ကတော့ Galaxy View ပါ။ မျက်နှာပြင်အကျယ်ကတော့ ၁၈.၄ လက်မရှိပါတယ်။

၁၈.၄ လက်မဆိုတာ ခင်ဗျားတို့သိတဲ့ အတိုင်း ထောင့်ဖြတ် အတိုင်းအတာပါ။ မျက်နှာပြင်က ကျယ်သလားတော့ မမေးနဲ့။ နိုဝင်ဘာ ၆ရက်နေ့ကစပြီး ကန်ဒေါ်လာ ၅၉၉နဲ့ ဝယ်ယူရရှိနိုင်တော့မှာပါ။ ဗြိတိန်နဲ့ သြစတြေးလျမှာတော့ ဝယ်ယူရရှိနိုင်သလားဆိုတာ နဲ့ ဈေးနှုန်းကို မသိရသေးပါဘူး။

မျက်နှာပြင် အရွယ်အစား ကြီးလွန်းတဲ့အတွက် တခြားတက်ဘလက်တွေလိုတော့ အလွယ်တကူ သယ်ယူသွားနိုင်မှာ မဟုတ်ပါဘူး။ ကျောပိုးအိတ်နဲ့လည်း ဆန့်မှာမဟုတ်ပါဘူး။ ဘတ်စ်ကားပေါ်မှာ သုံးမယ်ဆိုရင်လည်း ရူးကြောင်ကြောင်နိုင်မှာပါ။ တီဗွီတစ်လုံးလိုတော့ အိပ်ယာထဲ၊ မီးဖိုးချောင်ထဲ၊ ရေချိုးခန်းထဲ ယူသွားမယ်ဆိုရင် မိုက်ပါတယ်။

Android version 5.1 Lollipop နဲ့ ထွက်ရှိလာတာပါ။ Wireless Keyboard နဲ့ချိတ်ဆက်ပြီး Desktop all-in-one ကွန်ပျူတာ အစားထိုးအဖြစ် အသုံးပြုလို့လည်းကောင်းပါတယ်။ SIM ကတ်လည်းထည့်အသုံးပြုနိုင်မယ်လို့ သိရပါတယ်။

Ref: Cnet

No comments:

Post a Comment