Sunday 8 November 2015

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မီဒီယာစင်တာနှစ်ခု ဖွင့်လှစ်ပြီး ရွေးကောက်ပွဲရလဒ်များ ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ပေးသွားမည်

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မီဒီယာစင်တာနှစ်ခု ဖွင့်လှစ်ပြီး ရွေးကောက်ပွဲရလဒ်များ ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ပေးသွားမည်
‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗
နေပြည်တော် နိုဝင်ဘာ ၈
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲရလဒ်များ ကြေညာရာတွင် ပြည်သူအများသိရှိမြင်သာစေရန်အတွက် မီဒီယာစင်တာနှစ်ခုကို ဖွင့်လှစ်သွားမည်ဖြစ်ပြီး နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးနှင့် ရန်ကုန်မြို့ ရွှေလီလမ်းရှိ ရွေးကောက်ပွဲကော်မရှင်သတင်းအချက်အလက်ဌာနတို့တွင် ထားရှိသွားမည်ဖြစ်ကြောင်း အဆိုပါကော်မရှင်၏ ထုတ်ပြန်ချက်အရ သိရှိရသည်။
ယင်းထုတ်ပြန်ချက်တွင် ရွေးကောက်ပွဲကော်မရှင်၏ ခွင့်ပြုချက်ကတ်ပြားများ ရရှိထားသော သတင်းမီဒီယာများနှင့် စောင့်ကြည့်လေ့လာသူများအနေဖြင့် နေပြည်တော် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးရှိ မီဒီယာစင်တာသို့ ဝင်ရောက်ခွင့်ရှိမည်ဖြစ်ပြီး ခွင့်ပြုချက်ကတ်ပြားမရရှိထားသော်လည်း ကော်မရှင်နှင့်အတူ တွဲဖက်အလုပ်လုပ်ကိုင်လျက်ရှိကြသည့် အရပ်ဘက်လူ့အဖွဲ့အစည်းမှ ပုဂ္ဂိုလ်များ၊ နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများလည်း ဝင်ရောက်လိုကစိစစ်ခွင့်ပြုသွားမည်ဖြစ်ကြောင်း ပါရှိသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ရွေးကောက်ပွဲရလဒ်များကို LED Screen ဖြင့် ပြသပေးသွားမည်ဖြစ်ပြီး မီဒီယာများအနေဖြင့် မိမိတို့၏ ကိုယ်စားလှယ်သတင်းသမားများမှတစ်ဆင့် သတင်းရယူနိုင်မည်ဖြစ်သည်။
ရန်ကုန်မြို့ ရွေးကောက်ပွဲသတင်းအချက်အလက်ဌာန မီဒီယာစင်တာကို နိုဝင်ဘာ ၈ ရက်မှ ၁၂ ရက်အထိ နံနက် ၈ နာရီမှ ည ၈ နာရီအတွင်း ဖွင့်လှစ်ထားရှိမည်ဖြစ်ကြောင်း သိရသည်။ နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးတွင် နိုဝင်ဘာ ၈ ရက်မှ ၁၅ ရက်အထိ ဖွင့်လှစ်သွားမည်ဖြစ်ပြီး နိုဝင်ဘာ ၈ရက်တွင် နံနက် ၈ နာရီမှ ည ၈ နာရီအထိလည်းကောင်း၊ နိုဝင်ဘာ ၉ ရက်မှ ၁၂ ရက်အထိ နံနက် ၈ နာရီမှ နောက်တစ်ရက် နံနက် ၂ နာရီအထိလည်းကောင်း၊ နိုဝင်ဘာ ၁၃ ရက်မှ ၁၅ ရက်အထိ နံနက် ၈ နာရီမှ ည ၈ နာရီအထိလည်းကောင်း ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် နေပြည်တော်ရှိ မီဒီယာစင်တာတွင် နိုဝင်ဘာ ၉ ရက်မှ ၁၅ ရက်အထိ နေ့စဉ် ညနေ ၄ နာရီတွင် သတင်းစာရှင်းလင်းပွဲများ ပြုလုပ်သွားမည်ဖြစ်ပြီး ရန်ကုန်မြို့ ရွှေလီလမ်းရှိ ရွေးကောက်ပွဲကော်မရှင်သတင်းအချက်အလက်ဌာနတွင်လည်း အဆိုပါသတင်းစာရှင်းလင်းပွဲများကို တိုက်ရိုက်ထုတ်လွှင့်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။
နေပြည်တော်မီဒီယာစင်တာတွင်ူနှီခမနနည ကြီးများဖြင့် ရွေးကောက်ပွဲရလဒ်များကို မြေပုံများ၊ ရုပ်ပုံကားချပ်များ၊ ကိန်းဂဏန်းများဖြင့် ချိတ်ဆက်ပြသသွားမည်ဖြစ်ပြီး စကားပြန်အစီအစဉ်ကိုလည်း စီစဉ်ထားရှိမည်ဖြစ်ကြောင်း၊ ထို့အပြင်ရွေးကောက်ပွဲဆိုင်ရာ သတင်းအချက်အလက်စာရွက်စာတမ်းများနှင့် အကြံပြုချက်များကိုလည်းနေပြည်တော်၊ ရန်ကုန် နှစ်နေရာစလုံးတွင် ရယူနိုင်ကြောင်း သိရသည်။
(သတင်းစဉ်)

No comments:

Post a Comment