![]() |
![]() |
![]() |
![]() |
![]() |

အင်တာနက် အသုံးပြုသူတိုင်းရဲ့ ဝဘ် လှုပ်ရှားမှု မှန်သမျှကို Service Provider ( အင်တာနက် ဝန်ဆောင်မှု ထောက်ပံ့ရေး ကုမ္ပဏီ) တွေကနေ တစ်နှစ်ကြာ ထိန်းသိမ်းထားမှာ ဖြစ်ပါတယ်။ ဒီ့အတွက် အစိုးရ ဟက်ကာတွေက အဲ့ဒီ့ဒေတာတွေကို ရယူသုံးစွဲနိုင်ကြမှာပါ။
ဒီကနေ့ ထွက်ရှိလာတဲ့ စုံစမ်းစစ်ဆေးရေး ဥပဒေသစ်တစ်ရပ်အရ စမတ်ဖုန်းတွေ၊ ကွန်ပျူတာတွေမှာ အချက်အလက်တွေ ခိုးယူနိုင်ဖို့ကို နည်းပညာကုမ္ပဏီတွေက ကူညီပေးစေဖို့ရာ အတင်းအကျပ် ဖြစ်လာစေပါတယ်။

စုံစမ်းလေ့လာရေး အခွင့်အာဏာ ဥပဒေမူကြမ်း ကို အဆင့်မြှင့်လိုက်တဲ့နောက်မှာ စက်ပစ္စည်းတွေကို ဝင်ရောက်နှောင့်ယှက်ရန် ကြိုးပမ်းအားထုတ်မှုကို ပေးတဲ့နေရာမှာ အာဏာပိုင်တွေကို ကူညီဖို့ရာ ဗြိတိန်ကုမ္ပဏီတွေအနေနဲ့ တရားဝင် ဖြစ်လာပါတယ်။
ဆက်သွယ်ရေးတွေကို ကြားဖြတ်ဝင်ရောက်ဖို့၊ တစ်ဦးနဲ့တစ်ယောက် ဆက်စပ်မှုဒေတာ (Bulk Data) တွေကို စုဆောင်းဖို့၊ အီလက်ထရောနစ် စက်ပစ္စည်းတွေနဲ့ မသုံးစွဲနိုင်တော့အောင် ကြားဖြတ်နှောင့်ယှက်နိုင်ဖို့ စတဲ့ စောင့်ကြည့်လေ့လာရေး အခွင့်အာဏာတွေ အစိုးရအရာရှိတွေကို ပေးသွားမှာ ဖြစ်တယ်လို့ ပြည်ထဲရေးဝန်ကြီး Theresa က ပြောသွားပါတယ်။
အကြမ်းဖက်သမားတွေနဲ့ ကလေးလိင်စိတ်ဝင်စားသူတွေက မှုခင်းတွေကို အကွက်ဆင်ဖို့အတွက် လူမှုကွန်ရက်နဲ့ Apps တွေကို အသုံးချနေကြတာကြောင့် အဆင့်မြှင့်ထားတဲ့ အခွင့်အာဏာတွေ လိုအပ်တယ်လို့ ထောက်ခံသူတွေက ပြောပါတယ်။
Ref:
No comments:
Post a Comment