အရှုံးဟာ အရှုံးပါပဲ ...
:) :) :) :) :)
ဟုတ်ကဲ့  ....
ကျွန်တော် တို့ ထောက်ခံတဲ့ ဘက်က ...
ရှုံးပါတယ် ...
:) :) :) :) :)
ကျွန်တော် ဖြစ်စေချင်တဲ့  ...
NLD ၄၀ရာခိုင်နူန်း ...
ပြည်ခိုင်ဖြိုး ၁၅ နဲ့  ၂၀ ကြား ...
ကျန်တာ တိုင်းရင်းသားနဲ့  အခြားပါတီများဆိုတဲ့  ...
Check & Balance အခြေအနေလဲ ....
ဖြစ်မလာခဲ့ပါဘူး ...
:( :( :( :( :(
NLD အစိုးရဖွဲ့ နိုင်ဖို့  ...
သေချာသလောက် ရှိနေပါပြီ ....
:) :) :) :) :)
အနိုင်ဟာ ချိုမြိန်ပြီး ...
အရှုံးဟာ ခါးသီးပါတယ် ....
:( :( :( :( :(
ဒါပေမယ့် ...
ဘယ်လို အရသာပဲ ဖြစ်ဖြစ် ...
ဒါ လူထု ဆန္ဒပဲ ဖြစ်ပါတယ် ...
ကျွန်တော်တို့ ကျေကျေနပ်နပ် ....
လက်ခံရမှာပါ ...
ဒါ ဒီမိုကရေစီပါပဲ ....
:) :) :) :) :)
ကျွန်တော်လား ?
ဟုတ်ကဲ့  ...
ကျွန်တော်ဟာ လာမယ့်ငါးနှစ်အတွင်း ...
အစိုးရကို မျက်ခြေမပြတ် ...
စောင့်ကြည့် ထောက်ပြတော့မယ့်  ....
အတိုက်အခံ စာရေးသူတစ်ဦး ဖြစ်လာမှာပါ ...
:D :D :D :D :D
ကြိုဆိုပါတယ် NLD အစိုးရ ....
ကျွန်တော်ကတော့ ....
အခုပဲ ...
NLD ရဲ့  ရွေးကောက်ပွဲကြေငြာစာတမ်းကို ...
အသေးစိတ် ပြန်လေ့လာနေပြီ ဖြစ်ကြောင်းပါ ....
:D :D :D :D :D
ငညစ်...ငညစ်ချင်း..ပြိုင်တဲ့ပွဲသာသာမို့..
ဘယ်သူတွေပဲ..တက်လာတက်လာ..
အထင်ကို..မကြီးပါဘူး..။
အာဏာရှိတဲ့သူက..အာဏာစက်ဝန်းနဲ့..ညစ်ချင်တယ်..။
တစ်ဖက်ကလည်း..ပြည်သူ့ပါတီဆိုပြီး...
မီဒီယာအမျိုးမျိုးရဲ့..အားကိုးနဲ့..ညစ်ပါတယ်..။
အခုပွဲမှာ..အဓိက..ပါဝါရှိသူတွေဖြစ်တဲ့..
မဏ္ဍိုင်နှစ်ခုလို့လဲတင်စားကြတဲ့..
အစိုးရနဲ့...မီဒီယာမှာ..၊
အစိုးရဟာ..နာမည်ပျက်နည်းစွာ..လုပ်ဆောင်သွားနိုင်ပေမဲ၊
မီဒီယာကတော့...အနောက်မီဒီယာရော..
မြန်မာ့မီဒီယာတွေဟာ..သူ့ရဲ့မီဒီယာပါဝါကို..
အခြားသောပါဝါများကို..ထိန်းထေတာမဟုတ်ပဲနဲ့..
ပါဝါအလွဲအသုံးချမှုလို့ပြောလို့ရမဲ့...
ပါတီတစ်ခုရဲ့..လက်ကိုင်တုတ်သာသာအထိ..
လူထုကို..အလွဲဖိအားတွေ..အမျိုးမျိုးပေးခဲ့ပါတယ်..။
မြန်မာ့မီဒီယာက..အဆိုးဆုံးဖြစ်ပြီးတော့..
အုပ်စုဖွဲ့..လမ်ကြောင်းဖော်ဆောင်မှုမျိုးတွေနဲ့..
လူထုကို..ပုံဖော်ဆွဲဆောင်သွားခဲ့တာမျိုးပါ..။
ဥပမာအားဖြင့်..ဒေါ်စုကြည်..မဲဆွယ်နေတုန်း..
လေပြင်းကြတြော့...ထီမိုးလန်ပြီး..ရုပ်ပျက်ဆင်းပျက်ပုံမျိုး
ကိုတော့..အချို့မီဒီယာတွေဟာ..ဖော့ထားလိုက်ကြပြိး..
အချို့မီဒီယာများက..မဖော်ပြကြပါဘူး..။
ဒါကို..ဘာလို့ဖော့သလဲဆိုရရင်..
သူ့အောက်မှာ..လာရေးမဲ့..မှတ်ချက်..(Comment) ..
တွေထဲမှာ..လှောင်ပြောင်သရော်မှုတွေများလာရင်..
အိုင်ကွန်တစ်ယောက်ရဲ့..ပါဝါတွေ..ပြိုကုန်မှာစိုးလို့ပါပဲ..။
အခြားလူတွေဆိုရင်တော့..မီဒီယာဟာ..အဆိုးဘက်ကို..
ယိုင်အောင်..ပို့ချပေးပါတယ်..။
ဥပမာ..ဦးသိန်းစိန်.. ရှင်အပါးငါးထောင်ပွဲတုန်းက..
ရေကြီးနေတဲ့ပုံတွေကို..အဓိကထားဖော်ပြခဲ့ကြတာမျိုးတွေပါ..။
အဲ့လိုပို့စ်မျိုးအောက်မှာ..သုံးလေးယောက်လောက်က...
သမ္မတအကုသိုလ်..ဘယ်လောက်များတယ်..အလှူလုပ်တာ..
မိုးလေကျတယ်..ဘလာ...ဘလာ..ဘလာ....တိုနဲ့..
အစထောင်ပေးလိုက်တဲ့အခါမှာတော့..နောက်ဝင်ဖက်သူတွေ
ရဲ့အမြင်မှာ..သို့လော..သို့လောတွေ..ဖြစ်သွားတော့တာပါပဲ..။
အဲ့ဒီလိုပုံစံမျိုးနဲ့..နောက်တစ်ယောက်ကလည်း..ဦးသိန်းစိန်
ဟာ..စစ်အစိုးရလက်ထပ်တုန်းက..ရွေဝါရောင်အရေးအခင်းတုန်း
က..နီပ်ကွပ်ခဲ့တာ...ဘလာ...ဘလာ..ဘလာ..။
နောက်တစ်ယောက်ကလည်း..လက်ပံတောင်းတောင်..
ဘယ်ကဲ့သို့.. ညာကဲ့သို့..ဆိုတာနဲ့...လမ်းကြောင်းပေးခေါ်သွား
တဲ့အခါ..နောက်လိုက်လာတဲ့. ကလေးတွေကလည်း..
သူတို့..ကြားဖူးနားဝ..ချဲ့ကားထားသမျှတွေနဲ့..အစိုးရမကောင်း
ကြောင်း..ဝင်ပြောလာကြတော့တာပါပဲ..။
အဲ့ဒီလိုနဲ့..ဦးသိန်းစိန်အစိုးရရဲ့..ကြိုးစားတည်ဆောက်ထား
သမျှ.ယုံစွမ်းနိုင်မှုအမအား (soft power)တွေဟာ..ပြိုကျ
ပျက်စီးလာပြီး....၊
အရိပ်မည်းကပ်ပေးပြီး..ထပ်ကျော့များလာတာနဲ့အတူ..
သူ့ပါဝါအပေါ်ကို..ယုံစွမ်းနိုင်မှုတွေ..ပြိုကျလာလေ..
ဖြစ်လာတော့တာပါပဲ..။
အခုပြီးခဲ့တဲ့..ပွဲမှာလည်း..မီဒီယာဟာ..အဲ့လိုနည်းမျိုးတွေနဲ့..
တစ်ဖက်ကိုဖိနှိပ်..၊ တစ်ဖက်ကို..အမွန်းတင်ရင်းနဲ့..
နိုင်ငံရေးအသိ..အားနည်းသေးတဲ့..လူထုအပေါ်..
လှည့်ခေါ်သွားခဲ့တာပါပဲ..။
အဲ့ဒီလို...
ကလိမ်ကကျစ်..မီဒီယာ..
တစ်ဖက်လိုက်တွေကြောင့်..
အုပ်စုလိုက်..လမ်းကြောင်းပြ..
မောင်းသွင်းသလို..လူထုအပေါ်..
မီဒီယာအာဏာနှင့်လိုသလို..
ဘက်လိုက်ပုံဖော်ခဲ့သောကြောင့်..
ရသင့်ရထိုက်သူများ..မဲမရတော့ပဲ..
ရွေးကောက်ပွဲဟာ..တစ်ဖက်စောင်းနင်း...
ဖြစ်သွားတော့တာပါပဲ..။
ဒါဟာ..စစ်အစိုးရလက်ထပ်တုန်းက...၂၀၀၈ ဥပဒေကို..
ပုံဖော်ခဲ့သလိုမျိုး..၊ အခုမီဒီယာဟာလည်း..စစ်အစိုးရပုံစံမျိုးနဲ့
ရွေးကောက်ပွဲကို..ပုံဖော်ခဲ့တယ်လို့ပြောပါရစေ..။
နည်းပညာနှင့်ဆော့ပွဲများရယူလိုပါက www.mohnyinnewsit.blogspot.comမှာရယူနိုင်ပါသည်
No comments:
Post a Comment