Monday 9 November 2015

ပွင့်ပွင့်လင်းလင်း ပြောချင်တယ်... အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အမတ်လောင်းတို့ရေ....

ပွင့်ပွင့်လင်းလင်း ပြောချင်တယ်...

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်  အမတ်လောင်းတို့ရေ....

ခင်ဗျားတို့ အခုလိုအောင်ပွဲခံနိုင်တယ်ဆိုတာ ခင်ဗျားတို့ရဲ့ နိုင်ငံရေး အရည်အချင်း၊ တိုင်းပြည်ကို လုပ်ကြွေး ပြုစုနိုင်တဲ့ အရည်အချင်းတွေ ပြည့်ဝလွန်းလို့ ပြည်သူတွေက တခဲနက် ရွေးကောက်တင်မြှောက် လိုက်ကြတာ မဟုတ်ဘူးလို့ ပထမဦးဆုံးသိထား
စေချင်တယ်။

ကာလ နှစ်၅၀ လောက် တိုင်းပြည်မှာ အတက်နဲပြီးအကျဘက်များနေတာတွေ၊  ပြည်သူ
တွေဟာ ပြောင်းလဲမှုကို လိုလားတာတွေ ၊ခင်ဗျားတို့ရဲ့ ပါတီခေါင်းဆောင် အမေ
ဒေါ်အောင်ဆန်းစုကြည်ရဲ့ကာလကြာရှည် သည်းခံ ဇွဲထန်ခဲ့တဲ့ မေတ္တာတရားစွမ်းအား
တွေကြောင့် သူမပြောခဲ့သလို ပြည်သူတွေကတခဲနက် လိုက်နာပြီး သူမမျက်နှာတစ်ခုထဲ
နဲ့  ခင်ဗျားတို့ကို ရွေးချယ်ခဲ့ကြတာပါ။

စကားဆိုတာ မပြောတတ်ရင် ဆဲသလို ဖြစ်ပြီး ပြောပါများလည်း အမှားပါတတ်ပါတယ်။
အခုအချိန်မှာ ခင်ဗျားတို့အောင်ပွဲဆိုတာ လက်ခံပြီး ခင်ဗျားတို့ရဲ့ ခေါင်းဆောင်နဲ့တကွ
ခင်ဗျားတို့ပါတီကို ပြည်သူတရပ်လုံးနီးပါးက အားပေးနေကြပါတယ်။

အဲတာကို သွေးနားထင်ရောက်ပြီး ငါကွဆိုတဲ့ ဆရာကြီး လုပ်နေတာမျိုး မဖြစ်စေချင်
ပါဘူး။

စကားမှာအမှားပါခဲ့ရင် ခင်များတို့သာဒုက္ခကြုံရမှာ မဟုတ်ဘူး ခင်ဗျားတို့ကိုယုံကြည်လို့
ရွေးခဲ့ကြတဲ့ ပြည်သူတရပ်လုံး နစ်နာကြမှာဗျား။

မနေ့ညနေက ဒီဗီဘီအင်တာဗျူးမှာဖြေတဲ့ အန်အယ်ဒီကိုယ်စားလှယ်က မီဒီယာအဖြေကို
ပြန်ဖြေရာမှာတိုင်းပြည် အာဏာမလွဲရင် ပြည်သူတွေကိုလမ်းပေါ်ထွက် ဆန္ဒပြခိုင်းမတဲ့။

တိုင်းပြည်လဲ ကြေလှပြီ၊ ပြည်သူလည်း သေလှပြီ။

မီဒီယာဆိုတာ လှည့်ပတ်မေးမှာပဲဗျ။ သူ့အလုပ်ကိုးဗျ..။ ခင်ဗျားတို့ ခေါင်းဆောင် စီစဉ်
ပေးတဲ့ လမ်းအတိုင်း တညီတညာ လျှောက်လှမ်းပါမယ် ပြောလိုက်တော့ ခင်ဗျားတို့
သိက္ခာကျသွားမှာမို့လို့လား။

၁၉၉၀ ရွေးကောက်ပွဲတုန်းကလည်း ပါးစပ်ပါတိုင်း အာချောင်ခဲ့တာကြောင့် နှစ်၂၀ ကျော်
အာချောင်မှုကို အကြောင်းပြပြီး ပြည်သူတွေ နာခဲ့ရပြီ။

မဖြေတတ်ရင် ပြောဖို့စောပါသေးတယ်လို့ ပြောရင်ခင်ဗျားတို့ သိက္ခာ ကျသွားမှာ
ကြောက်လို့လား။

ခင်ဗျားတို့ ပန်းတိုင်မရောက်သေးဘူး အာမချောင်ချင်ကြပါနဲ့။ ခင်ဗျားတို့မှာ
ဘယ်လောက်ပဲ တိုင်းပြည်အတွက် ထောင်ကျခံ အနစ်နာခံထားရတယ်လို့
ဆိုပေသိ နိုင်ငံရေးပရိယာယ် အတွေ့အကြုံ မရှိသေးဘူး။ အခုမှ စလုံးရေ စပဲ ရှိကြ
သေးတာ...။ တက်မ မထောင်ချင်ကြပါနဲ့။

စကားကို လိုမှပြော မသိရင် မကြွားချင်နဲ့။ ခင်ဗျားတိုကြောင့် အန်အယ်ဒီ ဦးနင်းပဲ့ထောင်
ပဲ့နင်းဦးထောင် မဖြစ်စေချင်ဘူး။

စကား.. အသွား.. အစား သတိထားကြပါ။ စကားကျွံရင် နုတ်ရခက်သတဲ့။

ချစ်လို့ ခင်လို့ ပြောတာ မှတ်ပါ။

ကိုဇော်
ဘန်ကောက်
၀၁:၀၇
၁၀/၁၁/၂၀၁၅



နည်းပညာနှင့်ဆော့ပွဲများရယူလိုပါက www.mohnyinnewsit.blogspot.comမှာရယူနိုင်ပါသည်

No comments:

Post a Comment