-----------------------
https://goo.gl/PxMMWk
2. Internet Speed Booster
--------------------------------------
Internet Speed Booster က သင့် Android ရဲ့ အင်တာနက် အမြန်နှုန်းကို သိသာစွာ တိုးမြှင့်ပေးနိုင်ပါတယ်။ Play Store မှာ ဖော်ပြထားချက်အရ သူဟာ ၈၀ ရာခိုင်နှုန်းအထိ အင်တာနက် အမြန်နှုန်းကို မြှင့်တင်ပေးနိုင်ပါတယ်။ ဒါပေမယ့် ရလဒ်များက ဖုန်းတစ်လုံးနဲ့ တစ်လုံး မတူညီနိုင်ပါဘူး။ အသုံးပြုရတာလည်း လွယ်ကူပြီး App ကိုဖွင့်ပြီးတာနဲ့ Start Boost ကို နှိပ်လိုက်ရုံပါပဲ။ ဖုန်းကို Root ပြုလုပ်စရာလည်း မလိုဘဲ Play Store မှာ အခမဲ့ ရယူုနိုင်ပါတယ်။
https://goo.gl/LMI8Gr
3. Connection Stabilizer Booster
----------------------------------------------
သင့်ရဲ့ အင်တာနက်လိုင်းဟာ တည်ငြိမ်မှုမရှိဘဲ ပြတ်တောင်း ပြတ်တောင်း ဖြစ်နေရင် Connection Stabilizer Booster App ကို အသုံးပြုပါ။ Active Reconnect နဲ့ Active Keep Alive ဆိုပြီး နှစ်မျိုးခွဲခြားထားပါတယ်။ Keep Alive ဟာ အင်တာနက်လိုင်းကောင်းအောင် ထိန်းသိမ်းပေးနိုင်ပြီး Reconnect က ဆက်သွယ်မှု ပြတ်တောက်သွားတာနဲ့ အလိုအလျှောက် ပြန်လည် ချိတ်ဆက်ပေးနိုင်ပါတယ်။
https://goo.gl/RhPd8g
4. Bonus : Speedtest
--------------------------
အပေါ်မှ Apps များကို အသုံးပြုပြီး သင့်ရဲ့ အင်တာနက် အမြန်နှုန်းကို တိုးမြှင့်နိုင်ပြီး လိုင်းကို တည်ငြိမ်အောင် ပြုလုပ်နိုင်ပါတယ်။ ဒါပေမယ့် အကျိုးသက်ရောက်မှုတွေကို တိကျစွာ စစ်ဆေးချင်ရင်တော့ အမြန်နှုန်းကို စမ်းသပ်ရမှာ ဖြစ်ပါတယ်။ Speedtest App က စက္ကန့် သုံးဆယ်အတွင်းမှာ သင့်ရဲ့ အင်တာနက် ဆက်သွယ်မှုကို တိုးမြှင့်ပေးနိုင်ပါတယ်။ အပေါ်က Apps များကို အသုံးမပြုမီ သင့်ရဲ့ အင်တာနက် အမြန်နှုန်းကို Speedtest နဲ့ စမ်းသပ်ထားသင့်ပြီး အမြန်နှုန်းကို မြှင့်တင်ပေးတဲ့ Apps များကို အသုံးပြုပြီးနောက်မှာ Speedtest နဲ့ နောက်တစ်ကြိမ် စမ်းသပ်ပါ။ ဒါမှသာ အကျိုးကျေးဇူးများကို တိကျစွာ သိရှိနိုင်မှာ ဖြစ်ပါတယ်။ Speedtest နဲ့ စမ်းသပ်ရာမှာလည်း တိကျတဲ့ ရလဒ်ကို ရရှိဖို့ တစ်ကြိမ်ထက်ပိုပြီး စမ်းသပ်သင့်ပါတယ်။
https://goo.gl/QT1HwA

Credit to ==> Myanmar Digital Life Journal
No comments:
Post a Comment