Wednesday 11 November 2015
မိုးညှင်းသတင်း apk ကို အားပေးကြသောညီကိုမောင်နှမများခင်ဗျာ
မိုးညှင်းသတင်း apk ကို အားပေးကြသောညီကိုမောင်နှမများခင်ဗျာ
မိုးညှင်းသတင်း apkကို
တစ်ပတ်အတွင်းအပြီအပိုင်ဖျက်
သိမ်းပါတော့မည်
်ယခုapk မှာသတင်းများ
ဘယ်တော့မှမတင်တော့ပါ
@@ဖျက်သိမ်းမည့်စာရင်း@@
မိုးညှင်းသတင်း apk
mohnyin today  (facebook page)
mohnyin vioce (facebook အကောက်)
mohnyinnews@gmail.com
(gmail အကောက်)
နောင်သောအခါမှာယခုဖော်ပြပါနာမည်များဖြင့်
သတင်းများတင်ခဲ့သော်ကျွန်တော်များ
မိုးညှင်းသတင်းapkနဲ့မသက်ဆိုင်ပါ
ကျွန်တော်များရဲ့apkကိုသုံးနှစ်နီးပါ
အားပေးကြသူများကိုအထူးကျေးဇူးတင်ပါသည်
သုံးနှစ်အတွင်းကျွန်တော်တင်ပေးခဲ့သမျှ
(post)တွေကိုဖတ်ပြီဗဟုသုတရရှိမယ်လို့
ထင်မိပါတယ်
သတင်း apkကိုအသုံးပြုပြီသတင်းကြည့်မယ်
ဆိုရင်တော့ကျွန်တော်အမြဲကြည့်နေသော
သတင်းapkလေးကိုမျှဝေပေးလိုက်ပါတယ်
ဒီapkလေးကတော့facebookရဲ့နောက်ဆုံးရ
သတင်းတွေကိုအချိန်နဲ့တပြေညီဖော်ပြပေးနေ
ပါတယ်ကျွန်တော်ကတော့ဒီapKလေးကို
လက်ဆွဲပါပဲ
ဒီapkလေးကိုသင့်ဖုန်းထဲမှာထည့်ထားရင်
်facebookကြည့်စရာမလိုအောင်ပြီပြည့်စုံတာ
တွေ့ရပါမယ်
အောက်ပါလင့်မှာဆွဲယူပါ
Download Link Here >>>
http://www88.zippyshare.com/d/kkMdIpFT/11897/%e1%80%9e%e1%80%90%e1%80%84%e1%80%b9%e1%80%b8%e1%80%91%e1%80%b0%e1%80%b8%20%e1%80%9e%e1%80%90%e1%80%84%e1%80%b9%e1%80%b8%e1%80%a5%e1%80%ae%e1%80%b8%20.apk
 သာသနာနှစ် ၂၅၅၉ ခု၊ မြန်မာနှစ် ၁၃၇၇ ခု၊ သီတင်းကျွတ် လကွယ်၊ ဗုဒ္ဓဟူးနေ့၊ ဥပုသ်။
Monday 9 November 2015
မျိုးစောင့် ဥပဒေ ပထမဦးဆုံး ထောက်ခံအဆိုပြုခဲ့သော အမေ ကျရှုံး မြန်မာပြည်၌ ဒီမိုကရေစီသည် ဗရုတ်သုက္ခများသာ ဖြစ်လေကုန်သည်။
နည်းပညာနှင့်ဆော့ပွဲများရယူလိုပါက www.mohnyinnewsit.blogspot.comမှာရယူနိုင်ပါသည်
ကဲ....ဘယ်နှယ့် လုပ်ကြမတုန်း...ထီပေါက်ပြီး ထီ လက်မှတ်ပျောက်... စားရခါနီးမှ...ကွာ...ကတောက်....!!!!!! "နိုင်ပေမဲ့ ဒိုင်က မပေးဘူးတဲ့ဗျာ"
ကဲ....ဘယ်နှယ့် လုပ်ကြမတုန်း...ထီပေါက်ပြီး ထီ လက်မှတ်ပျောက်... စားရခါနီးမှ...ကွာ...ကတောက်....!!!!!!
"နိုင်ပေမဲ့ ဒိုင်က မပေးဘူးတဲ့ဗျာ"
ကဲ....ဘယ်နှယ့် လုပ်ကြမတုန်း...ထီပေါက်ပြီး ထီ လက်မှတ်ပျောက်... စားရခါနီးမှ...ကွာ...ကတောက်....!!!!!!
"နိုင်ပေမဲ့ ဒိုင်က မပေးဘူးတဲ့ဗျာ"
======================
ရွေးကောက်ပွဲ မဲဆွယ် ကာလအတွင်း ကိုယ်စားလှယ် လောင်းတစ်ဦးအား အသုံးစရိတ်ကို သိန်း(၁၀၀) သာလျှင် ကော်မရှင်မှ ခွင့်ပြု ခြင်းဖြစ်ပါတယ်။
NLD အမတ်လောင်းများ ဟာ OIC နှင့် CIA မှထောက်ပံ့တဲ့ငွေကြေးများရှိသည်ဟု SB နှင့်စရဖ တို့မှ ထောက်လှမ်းရရှိထားသော သတင်း အချက်အလက်များနှင့် သက်သေများကို ကော်မရှင်မှ ရထားပြီးဖြစ်သည်။
သို့ ပါသောကြောင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အခန်း( ၁၀ )နိုင်ငံရေး ပါတီများ ဆိုင်ရာ အပိုဒ် ၄၀၇ (ဂ) ရှိ ပါတီ တစ်ခုခုဟာ နိုင်ငံခြား တိုင်းပြည်တစ်ခုခုမှ အစိုးရ (သို့ မဟုတ်) ဘာသာရေး အဖွဲ့ အစည်း ( သို့ မဟုတ်) အခြား အဖွဲ့ အစည်း တစ်ခုခု ( သို့ မဟုတ်) ပုဂ္ဂိုလ် တစ်ဦးဦးထံမှ ငွေကြေး ပစ္စည်း၊ အခြားအထောက်အပံ့ကို တိုက်ရိုက်ဖြစ်စေ ၊ သွယ်ဝှိုက်၍ ဖြစ်စေ ရယူ သုံးစွဲပါက "နိုင်ငံရေးပါတီ" အဖြစ် ဆက်လက်ရပ်တည်ပိုင်ခွင့် မရှိစေရဟု ပြဋ္ဌာန်းထားပြီ ဖြစ်သည်။
ယခုလည်း ကော်မရှင်မှ သတ်မှတ်ထားသည့် ထက် ငွေကြေးများ ပိုမို သုံးစွဲသော အနိုင်ရကိုယ်စားလှယ်များအား ရုပ်သိမ်းခံရ မည်ဟု ကြေညာလိုက်ကြောင်း သိရှိရသည်။
ဒေါ်စုအနေဖြင့် မဲဆွယ် ကာလအတွင်း သုံးစွဲ သည့် ငွေကြေးများကို ပြည်သူတွေမှ လှူဒါန်းထားသည့် အထောက်အထားများ ပြည့်ပြည့်စုံစုံ မတင်ပြနိုင်ပါက ဥပဒေအရ အရေးယူခံရ မည်ဖြစ်ကြောင်းစုံစမ်းရရှိသည်။
Posted by; မစ္စတာမော့ဆက်
သခင် ခက်ထန်
နည်းပညာနှင့်ဆော့ပွဲများရယူလိုပါက www.mohnyinnewsit.blogspot.comမှာရယူနိုင်ပါသည်
ပွင့်ပွင့်လင်းလင်း ပြောချင်တယ်... အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အမတ်လောင်းတို့ရေ....
နည်းပညာနှင့်ဆော့ပွဲများရယူလိုပါက www.mohnyinnewsit.blogspot.comမှာရယူနိုင်ပါသည်
ပွင့်ပွင့်လင်းလင်း ပြောချင်တယ်... အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အမတ်လောင်းတို့ရေ....
ပွင့်ပွင့်လင်းလင်း ပြောချင်တယ်...
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်  အမတ်လောင်းတို့ရေ....
ခင်ဗျားတို့ အခုလိုအောင်ပွဲခံနိုင်တယ်ဆိုတာ ခင်ဗျားတို့ရဲ့ နိုင်ငံရေး အရည်အချင်း၊ တိုင်းပြည်ကို လုပ်ကြွေး ပြုစုနိုင်တဲ့ အရည်အချင်းတွေ ပြည့်ဝလွန်းလို့ ပြည်သူတွေက တခဲနက် ရွေးကောက်တင်မြှောက် လိုက်ကြတာ မဟုတ်ဘူးလို့ ပထမဦးဆုံးသိထား
စေချင်တယ်။
ကာလ နှစ်၅၀ လောက် တိုင်းပြည်မှာ အတက်နဲပြီးအကျဘက်များနေတာတွေ၊  ပြည်သူ
တွေဟာ ပြောင်းလဲမှုကို လိုလားတာတွေ ၊ခင်ဗျားတို့ရဲ့ ပါတီခေါင်းဆောင် အမေ
ဒေါ်အောင်ဆန်းစုကြည်ရဲ့ကာလကြာရှည် သည်းခံ ဇွဲထန်ခဲ့တဲ့ မေတ္တာတရားစွမ်းအား
တွေကြောင့် သူမပြောခဲ့သလို ပြည်သူတွေကတခဲနက် လိုက်နာပြီး သူမမျက်နှာတစ်ခုထဲ
နဲ့  ခင်ဗျားတို့ကို ရွေးချယ်ခဲ့ကြတာပါ။
စကားဆိုတာ မပြောတတ်ရင် ဆဲသလို ဖြစ်ပြီး ပြောပါများလည်း အမှားပါတတ်ပါတယ်။
အခုအချိန်မှာ ခင်ဗျားတို့အောင်ပွဲဆိုတာ လက်ခံပြီး ခင်ဗျားတို့ရဲ့ ခေါင်းဆောင်နဲ့တကွ
ခင်ဗျားတို့ပါတီကို ပြည်သူတရပ်လုံးနီးပါးက အားပေးနေကြပါတယ်။
အဲတာကို သွေးနားထင်ရောက်ပြီး ငါကွဆိုတဲ့ ဆရာကြီး လုပ်နေတာမျိုး မဖြစ်စေချင်
ပါဘူး။
စကားမှာအမှားပါခဲ့ရင် ခင်များတို့သာဒုက္ခကြုံရမှာ မဟုတ်ဘူး ခင်ဗျားတို့ကိုယုံကြည်လို့
ရွေးခဲ့ကြတဲ့ ပြည်သူတရပ်လုံး နစ်နာကြမှာဗျား။
မနေ့ညနေက ဒီဗီဘီအင်တာဗျူးမှာဖြေတဲ့ အန်အယ်ဒီကိုယ်စားလှယ်က မီဒီယာအဖြေကို
ပြန်ဖြေရာမှာတိုင်းပြည် အာဏာမလွဲရင် ပြည်သူတွေကိုလမ်းပေါ်ထွက် ဆန္ဒပြခိုင်းမတဲ့။
တိုင်းပြည်လဲ ကြေလှပြီ၊ ပြည်သူလည်း သေလှပြီ။
မီဒီယာဆိုတာ လှည့်ပတ်မေးမှာပဲဗျ။ သူ့အလုပ်ကိုးဗျ..။ ခင်ဗျားတို့ ခေါင်းဆောင် စီစဉ်
ပေးတဲ့ လမ်းအတိုင်း တညီတညာ လျှောက်လှမ်းပါမယ် ပြောလိုက်တော့ ခင်ဗျားတို့
သိက္ခာကျသွားမှာမို့လို့လား။
၁၉၉၀ ရွေးကောက်ပွဲတုန်းကလည်း ပါးစပ်ပါတိုင်း အာချောင်ခဲ့တာကြောင့် နှစ်၂၀ ကျော်
အာချောင်မှုကို အကြောင်းပြပြီး ပြည်သူတွေ နာခဲ့ရပြီ။
မဖြေတတ်ရင် ပြောဖို့စောပါသေးတယ်လို့ ပြောရင်ခင်ဗျားတို့ သိက္ခာ ကျသွားမှာ
ကြောက်လို့လား။
ခင်ဗျားတို့ ပန်းတိုင်မရောက်သေးဘူး အာမချောင်ချင်ကြပါနဲ့။ ခင်ဗျားတို့မှာ
ဘယ်လောက်ပဲ တိုင်းပြည်အတွက် ထောင်ကျခံ အနစ်နာခံထားရတယ်လို့
ဆိုပေသိ နိုင်ငံရေးပရိယာယ် အတွေ့အကြုံ မရှိသေးဘူး။ အခုမှ စလုံးရေ စပဲ ရှိကြ
သေးတာ...။ တက်မ မထောင်ချင်ကြပါနဲ့။
စကားကို လိုမှပြော မသိရင် မကြွားချင်နဲ့။ ခင်ဗျားတိုကြောင့် အန်အယ်ဒီ ဦးနင်းပဲ့ထောင်
ပဲ့နင်းဦးထောင် မဖြစ်စေချင်ဘူး။
စကား.. အသွား.. အစား သတိထားကြပါ။ စကားကျွံရင် နုတ်ရခက်သတဲ့။
ချစ်လို့ ခင်လို့ ပြောတာ မှတ်ပါ။
ကိုဇော်
ဘန်ကောက်
၀၁:၀၇
၁၀/၁၁/၂၀၁၅
နည်းပညာနှင့်ဆော့ပွဲများရယူလိုပါက www.mohnyinnewsit.blogspot.comမှာရယူနိုင်ပါသည်
ပွင့်ပွင့်လင်းလင်း ပြောချင်တယ်... အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အမတ်လောင်းတို့ရေ....
ပွင့်ပွင့်လင်းလင်း ပြောချင်တယ်...
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်  အမတ်လောင်းတို့ရေ....
ခင်ဗျားတို့ အခုလိုအောင်ပွဲခံနိုင်တယ်ဆိုတာ ခင်ဗျားတို့ရဲ့ နိုင်ငံရေး အရည်အချင်း၊ တိုင်းပြည်ကို လုပ်ကြွေး ပြုစုနိုင်တဲ့ အရည်အချင်းတွေ ပြည့်ဝလွန်းလို့ ပြည်သူတွေက တခဲနက် ရွေးကောက်တင်မြှောက် လိုက်ကြတာ မဟုတ်ဘူးလို့ ပထမဦးဆုံးသိထား
စေချင်တယ်။
ကာလ နှစ်၅၀ လောက် တိုင်းပြည်မှာ အတက်နဲပြီးအကျဘက်များနေတာတွေ၊  ပြည်သူ
တွေဟာ ပြောင်းလဲမှုကို လိုလားတာတွေ ၊ခင်ဗျားတို့ရဲ့ ပါတီခေါင်းဆောင် အမေ
ဒေါ်အောင်ဆန်းစုကြည်ရဲ့ကာလကြာရှည် သည်းခံ ဇွဲထန်ခဲ့တဲ့ မေတ္တာတရားစွမ်းအား
တွေကြောင့် သူမပြောခဲ့သလို ပြည်သူတွေကတခဲနက် လိုက်နာပြီး သူမမျက်နှာတစ်ခုထဲ
နဲ့  ခင်ဗျားတို့ကို ရွေးချယ်ခဲ့ကြတာပါ။
စကားဆိုတာ မပြောတတ်ရင် ဆဲသလို ဖြစ်ပြီး ပြောပါများလည်း အမှားပါတတ်ပါတယ်။
အခုအချိန်မှာ ခင်ဗျားတို့အောင်ပွဲဆိုတာ လက်ခံပြီး ခင်ဗျားတို့ရဲ့ ခေါင်းဆောင်နဲ့တကွ
ခင်ဗျားတို့ပါတီကို ပြည်သူတရပ်လုံးနီးပါးက အားပေးနေကြပါတယ်။
အဲတာကို သွေးနားထင်ရောက်ပြီး ငါကွဆိုတဲ့ ဆရာကြီး လုပ်နေတာမျိုး မဖြစ်စေချင်
ပါဘူး။
စကားမှာအမှားပါခဲ့ရင် ခင်များတို့သာဒုက္ခကြုံရမှာ မဟုတ်ဘူး ခင်ဗျားတို့ကိုယုံကြည်လို့
ရွေးခဲ့ကြတဲ့ ပြည်သူတရပ်လုံး နစ်နာကြမှာဗျား။
မနေ့ညနေက ဒီဗီဘီအင်တာဗျူးမှာဖြေတဲ့ အန်အယ်ဒီကိုယ်စားလှယ်က မီဒီယာအဖြေကို
ပြန်ဖြေရာမှာတိုင်းပြည် အာဏာမလွဲရင် ပြည်သူတွေကိုလမ်းပေါ်ထွက် ဆန္ဒပြခိုင်းမတဲ့။
တိုင်းပြည်လဲ ကြေလှပြီ၊ ပြည်သူလည်း သေလှပြီ။
မီဒီယာဆိုတာ လှည့်ပတ်မေးမှာပဲဗျ။ သူ့အလုပ်ကိုးဗျ..။ ခင်ဗျားတို့ ခေါင်းဆောင် စီစဉ်
ပေးတဲ့ လမ်းအတိုင်း တညီတညာ လျှောက်လှမ်းပါမယ် ပြောလိုက်တော့ ခင်ဗျားတို့
သိက္ခာကျသွားမှာမို့လို့လား။
၁၉၉၀ ရွေးကောက်ပွဲတုန်းကလည်း ပါးစပ်ပါတိုင်း အာချောင်ခဲ့တာကြောင့် နှစ်၂၀ ကျော်
အာချောင်မှုကို အကြောင်းပြပြီး ပြည်သူတွေ နာခဲ့ရပြီ။
မဖြေတတ်ရင် ပြောဖို့စောပါသေးတယ်လို့ ပြောရင်ခင်ဗျားတို့ သိက္ခာ ကျသွားမှာ
ကြောက်လို့လား။
ခင်ဗျားတို့ ပန်းတိုင်မရောက်သေးဘူး အာမချောင်ချင်ကြပါနဲ့။ ခင်ဗျားတို့မှာ
ဘယ်လောက်ပဲ တိုင်းပြည်အတွက် ထောင်ကျခံ အနစ်နာခံထားရတယ်လို့
ဆိုပေသိ နိုင်ငံရေးပရိယာယ် အတွေ့အကြုံ မရှိသေးဘူး။ အခုမှ စလုံးရေ စပဲ ရှိကြ
သေးတာ...။ တက်မ မထောင်ချင်ကြပါနဲ့။
စကားကို လိုမှပြော မသိရင် မကြွားချင်နဲ့။ ခင်ဗျားတိုကြောင့် အန်အယ်ဒီ ဦးနင်းပဲ့ထောင်
ပဲ့နင်းဦးထောင် မဖြစ်စေချင်ဘူး။
စကား.. အသွား.. အစား သတိထားကြပါ။ စကားကျွံရင် နုတ်ရခက်သတဲ့။
ချစ်လို့ ခင်လို့ ပြောတာ မှတ်ပါ။
ကိုဇော်
ဘန်ကောက်
၀၁:၀၇
၁၀/၁၁/၂၀၁၅
နည်းပညာနှင့်ဆော့ပွဲများရယူလိုပါက www.mohnyinnewsit.blogspot.comမှာရယူနိုင်ပါသည်
မိုးညှင်းသတင်း apk ကို အားပေးကြသောညီကိုမောင်နှမများခင်ဗျာ
မိုးညှင်းသတင်း apk ကို အားပေးကြသောညီကိုမောင်နှမများခင်ဗျာ
မိုးညှင်းသတင်း apkကို
တစ်ပတ်အတွင်းအပြီအပိုင်ဖျက်
သိမ်းပါတော့မည်
်ယခုapk မှာသတင်းများ
ဘယ်တော့မှမတင်တော့ပါ
@@ဖျက်သိမ်းမည့်စာရင်း@@
မိုးညှင်းသတင်း apk
mohnyin today  (facebook page)
mohnyin vioce (facebook အကောက်)
mohnyinnews@gmail.com
(gmail အကောက်)
နောင်သောအခါမှာယခုဖော်ပြပါနာမည်များဖြင့်
သတင်းများတင်ခဲ့သော်ကျွန်တော်များ
မိုးညှင်းသတင်းapkနဲ့မသက်ဆိုင်ပါ
ကျွန်တော်များရဲ့apkကိုသုံးနှစ်နီးပါ
အားပေးကြသူများကိုအထူးကျေးဇူးတင်ပါသည်
သုံးနှစ်အတွင်းကျွန်တော်တင်ပေးခဲ့သမျှ
(post)တွေကိုဖတ်ပြီဗဟုသုတရရှိမယ်လို့
ထင်မိပါတယ်
သတင်း apkကိုအသုံးပြုပြီသတင်းကြည့်မယ်
ဆိုရင်တော့ကျွန်တော်အမြဲကြည့်နေသော
သတင်းapkလေးကိုမျှဝေပေးလိုက်ပါတယ်
ဒီapkလေးကတော့facebookရဲ့နောက်ဆုံးရ
သတင်းတွေကိုအချိန်နဲ့တပြေညီဖော်ပြပေးနေ
ပါတယ်ကျွန်တော်ကတော့ဒီapKလေးကို
လက်ဆွဲပါပဲ
ဒီapkလေးကိုသင့်ဖုန်းထဲမှာထည့်ထားရင်
်facebookကြည့်စရာမလိုအောင်ပြီပြည့်စုံတာ
တွေ့ရပါမယ်
အောက်ပါလင့်မှာဆွဲယူပါ
Download Link Here >>>
http://www.mediafire.com/download/4zo1boc3dm6ed7v/%E1%80%9E%E1%80%90%E1%80%84%E1%80%B9%E1%80%B8%E1%80%91%E1%80%B0%E1%80%B8_%E1%80%9E%E1%80%90%E1%80%84%E1%80%B9%E1%80%B8%E1%80%A5%E1%80%AE%E1%80%B8_.apk
နည်းပညာနှင့်ဆော့ပွဲများရယူလိုပါက www.mohnyinnewsit.blogspot.comမှာရယူနိုင်ပါသည်
အရှုံးဟာ အရှုံးပါပဲ ... :) :) :) :) :)
အရှုံးဟာ အရှုံးပါပဲ ...
:) :) :) :) :)
ဟုတ်ကဲ့  ....
ကျွန်တော် တို့ ထောက်ခံတဲ့ ဘက်က ...
ရှုံးပါတယ် ...
:) :) :) :) :)
ကျွန်တော် ဖြစ်စေချင်တဲ့  ...
NLD ၄၀ရာခိုင်နူန်း ...
ပြည်ခိုင်ဖြိုး ၁၅ နဲ့  ၂၀ ကြား ...
ကျန်တာ တိုင်းရင်းသားနဲ့  အခြားပါတီများဆိုတဲ့  ...
Check & Balance အခြေအနေလဲ ....
ဖြစ်မလာခဲ့ပါဘူး ...
:( :( :( :( :(
သေချာသလောက် ရှိနေပါပြီ ....
:) :) :) :) :)
အနိုင်ဟာ ချိုမြိန်ပြီး ...
အရှုံးဟာ ခါးသီးပါတယ် ....
:( :( :( :( :(
ဒါပေမယ့် ...
ဘယ်လို အရသာပဲ ဖြစ်ဖြစ် ...
ဒါ လူထု ဆန္ဒပဲ ဖြစ်ပါတယ် ...
ကျွန်တော်တို့ ကျေကျေနပ်နပ် ....
လက်ခံရမှာပါ ...
ဒါ ဒီမိုကရေစီပါပဲ ....
:) :) :) :) :)
ကျွန်တော်လား ?
ဟုတ်ကဲ့  ...
ကျွန်တော်ဟာ လာမယ့်ငါးနှစ်အတွင်း ...
အစိုးရကို မျက်ခြေမပြတ် ...
စောင့်ကြည့် ထောက်ပြတော့မယ့်  ....
အတိုက်အခံ စာရေးသူတစ်ဦး ဖြစ်လာမှာပါ ...
:D :D :D :D :D
ကြိုဆိုပါတယ် NLD အစိုးရ ....
ကျွန်တော်ကတော့ ....
အခုပဲ ...
NLD ရဲ့ ရွေးကောက်ပွဲကြေငြာစာတမ်းကို ...
အသေးစိတ် ပြန်လေ့လာနေပြီ ဖြစ်ကြောင်းပါ ....
:D :D :D :D :D
ငညစ်...ငညစ်ချင်း..ပြိုင်တဲ့ပွဲသာသာမို့..
ဘယ်သူတွေပဲ..တက်လာတက်လာ..
အထင်ကို..မကြီးပါဘူး..။
အာဏာရှိတဲ့သူက..အာဏာစက်ဝန်းနဲ့..ညစ်ချင်တယ်..။
တစ်ဖက်ကလည်း..ပြည်သူ့ပါတီဆိုပြီး...
မီဒီယာအမျိုးမျိုးရဲ့..အားကိုးနဲ့..ညစ်ပါတယ်..။
အခုပွဲမှာ..အဓိက..ပါဝါရှိသူတွေဖြစ်တဲ့..
မဏ္ဍိုင်နှစ်ခုလို့လဲတင်စားကြတဲ့..
အစိုးရနဲ့...မီဒီယာမှာ..၊
အစိုးရဟာ..နာမည်ပျက်နည်းစွာ..လုပ်ဆောင်သွားနိုင်ပေမဲ၊
မီဒီယာကတော့...အနောက်မီဒီယာရော..
မြန်မာ့မီဒီယာတွေဟာ..သူ့ရဲ့မီဒီယာပါဝါကို..
အခြားသောပါဝါများကို..ထိန်းထေတာမဟုတ်ပဲနဲ့..
ပါဝါအလွဲအသုံးချမှုလို့ပြောလို့ရမဲ့...
ပါတီတစ်ခုရဲ့..လက်ကိုင်တုတ်သာသာအထိ..
လူထုကို..အလွဲဖိအားတွေ..အမျိုးမျိုးပေးခဲ့ပါတယ်..။
မြန်မာ့မီဒီယာက..အဆိုးဆုံးဖြစ်ပြီးတော့..
အုပ်စုဖွဲ့..လမ်ကြောင်းဖော်ဆောင်မှုမျိုးတွေနဲ့..
လူထုကို..ပုံဖော်ဆွဲဆောင်သွားခဲ့တာမျိုးပါ..။
ဥပမာအားဖြင့်..ဒေါ်စုကြည်..မဲဆွယ်နေတုန်း..
လေပြင်းကြတြော့...ထီမိုးလန်ပြီး..ရုပ်ပျက်ဆင်းပျက်ပုံမျိုး
ကိုတော့..အချို့မီဒီယာတွေဟာ..ဖော့ထားလိုက်ကြပြိး..
အချို့မီဒီယာများက..မဖော်ပြကြပါဘူး..။
      ဒါကို..ဘာလို့ဖော့သလဲဆိုရရင်..
သူ့အောက်မှာ..လာရေးမဲ့..မှတ်ချက်..(Comment) ..
တွေထဲမှာ..လှောင်ပြောင်သရော်မှုတွေများလာရင်..
အိုင်ကွန်တစ်ယောက်ရဲ့..ပါဝါတွေ..ပြိုကုန်မှာစိုးလို့ပါပဲ..။
    အခြားလူတွေဆိုရင်တော့..မီဒီယာဟာ..အဆိုးဘက်ကို..
ယိုင်အောင်..ပို့ချပေးပါတယ်..။
    ဥပမာ..ဦးသိန်းစိန်.. ရှင်အပါးငါးထောင်ပွဲတုန်းက..
ရေကြီးနေတဲ့ပုံတွေကို..အဓိကထားဖော်ပြခဲ့ကြတာမျိုးတွေပါ..။
အဲ့လိုပို့စ်မျိုးအောက်မှာ..သုံးလေးယောက်လောက်က...
သမ္မတအကုသိုလ်..ဘယ်လောက်များတယ်..အလှူလုပ်တာ..
မိုးလေကျတယ်..ဘလာ...ဘလာ..ဘလာ....တိုနဲ့..
အစထောင်ပေးလိုက်တဲ့အခါမှာတော့..နောက်ဝင်ဖက်သူတွေ
ရဲ့အမြင်မှာ..သို့လော..သို့လောတွေ..ဖြစ်သွားတော့တာပါပဲ..။
     အဲ့ဒီလိုပုံစံမျိုးနဲ့..နောက်တစ်ယောက်ကလည်း..ဦးသိန်းစိန်
ဟာ..စစ်အစိုးရလက်ထပ်တုန်းက..ရွေဝါရောင်အရေးအခင်းတုန်း
က..နီပ်ကွပ်ခဲ့တာ...ဘလာ...ဘလာ..ဘလာ..။
     နောက်တစ်ယောက်ကလည်း..လက်ပံတောင်းတောင်..
ဘယ်ကဲ့သို့.. ညာကဲ့သို့..ဆိုတာနဲ့...လမ်းကြောင်းပေးခေါ်သွား
တဲ့အခါ..နောက်လိုက်လာတဲ့. ကလေးတွေကလည်း..
သူတို့..ကြားဖူးနားဝ..ချဲ့ကားထားသမျှတွေနဲ့..အစိုးရမကောင်း
ကြောင်း..ဝင်ပြောလာကြတော့တာပါပဲ..။
      အဲ့ဒီလိုနဲ့..ဦးသိန်းစိန်အစိုးရရဲ့..ကြိုးစားတည်ဆောက်ထား
သမျှ.ယုံစွမ်းနိုင်မှုအမအား (soft power)တွေဟာ..ပြိုကျ
ပျက်စီးလာပြီး....၊
    အရိပ်မည်းကပ်ပေးပြီး..ထပ်ကျော့များလာတာနဲ့အတူ..
သူ့ပါဝါအပေါ်ကို..ယုံစွမ်းနိုင်မှုတွေ..ပြိုကျလာလေ..
ဖြစ်လာတော့တာပါပဲ..။
      အခုပြီးခဲ့တဲ့..ပွဲမှာလည်း..မီဒီယာဟာ..အဲ့လိုနည်းမျိုးတွေနဲ့..
တစ်ဖက်ကိုဖိနှိပ်..၊ တစ်ဖက်ကို..အမွန်းတင်ရင်းနဲ့..
နိုင်ငံရေးအသိ..အားနည်းသေးတဲ့..လူထုအပေါ်..
လှည့်ခေါ်သွားခဲ့တာပါပဲ..။
      အဲ့ဒီလို...
ကလိမ်ကကျစ်..မီဒီယာ..
တစ်ဖက်လိုက်တွေကြောင့်..
အုပ်စုလိုက်..လမ်းကြောင်းပြ..
မောင်းသွင်းသလို..လူထုအပေါ်..
မီဒီယာအာဏာနှင့်လိုသလို..
ဘက်လိုက်ပုံဖော်ခဲ့သောကြောင့်..
ရသင့်ရထိုက်သူများ..မဲမရတော့ပဲ..
ရွေးကောက်ပွဲဟာ..တစ်ဖက်စောင်းနင်း...
ဖြစ်သွားတော့တာပါပဲ..။
     ဒါဟာ..စစ်အစိုးရလက်ထပ်တုန်းက...၂၀၀၈ ဥပဒေကို..
ပုံဖော်ခဲ့သလိုမျိုး..၊ အခုမီဒီယာဟာလည်း..စစ်အစိုးရပုံစံမျိုးနဲ့
ရွေးကောက်ပွဲကို..ပုံဖော်ခဲ့တယ်လို့ပြောပါရစေ..။
နည်းပညာနှင့်ဆော့ပွဲများရယူလိုပါက www.mohnyinnewsit.blogspot.comမှာရယူနိုင်ပါသည်
အကုန်လုံးက လူကို မကြည့်ကြတော့ဘူး.. တကယ် လုပ်ရည်ကိုင်ရည်ရှိတဲ့  တစ်သီးပုဂ္ဂလ ဒေါ်ညိုညိုသင်းတို့ ဦးသိန်းညွန့် တို့  လူကို မကြည့်နဲ့ ပါတီကို ကြည့်ဆိုတဲ့ တစ်ချက်လွှတ် အပြောအကြား ပြည်သူတွေ ယုံစားခဲ့ကြပြီ ကိုယ်ပေးလိုက်တဲ့ မဲပိုင်ရှင်က ဖြူသလား မဲသလား မသိ၊
အကုန်လုံးက လူကို မကြည့်ကြတော့ဘူး..
တကယ် လုပ်ရည်ကိုင်ရည်ရှိတဲ့ 
တစ်သီးပုဂ္ဂလ ဒေါ်ညိုညိုသင်းတို့ ဦးသိန်းညွန့် တို့ 
လူကို မကြည့်နဲ့ ပါတီကို ကြည့်ဆိုတဲ့ တစ်ချက်လွှတ် အပြောအကြား
ပြည်သူတွေ ယုံစားခဲ့ကြပြီ
ကိုယ်ပေးလိုက်တဲ့ မဲပိုင်ရှင်က ဖြူသလား မဲသလား မသိ၊
ဘဝတွေကို ပုံအောပေးခဲ့ကြတယ် ...
တကယ်လို့  ပြည်သူတွေ တင်မြောက်လိုက်တဲ့ 
ကိုယ်စားလှယ်လောင်းတွေ 
ပြည်သူအကျိုးကို ပြောသလောက် မလုပ်နိုင်ခဲ့ရင်
ဘယ်သူ တာဝန်ယူကြမှာလဲ ..
Right To Recall ကလဲ အတည်မပြုနိုင်သေးတော့
ပြည်သူတွေအနေနဲ့  ကောင်းတာလုပ်လဲ ထိုင်ကြည့်
မကောင်းတာလုပ်လဲ ထိုင်ကြည့်နေရုံပါပဲ..
ပြည်သူတွေ မကြိုက်ရင် တွယ်ကပ်မနေဘူးလို့ 
ပြောခဲ့တာတွေက ကလေးကလား ဆန်လွန်းလှပါတယ်..
နည်းပညာနှင့်ဆော့ပွဲများရယူလိုပါက www.mohnyinnewsit.blogspot.comမှာရယူနိုင်ပါသည်
ဒေါ်အောင်ဆန်းစုကြည်ဟာ လူကိုမကြည့်ပဲ ပါတီကိုကြည့် မဲထည့်ကြပါလို့  ပြည်သူလူထုကို တိုက်တွန်း ပြောကြားခဲ့လို့  ပြည်သူတွေ တာဝန်ကျေပွန်ခဲ့ကြပြီ..
ဒေါ်အောင်ဆန်းစုကြည်ဟာ
လူကိုမကြည့်ပဲ ပါတီကိုကြည့် မဲထည့်ကြပါလို့ 
ပြည်သူလူထုကို တိုက်တွန်း ပြောကြားခဲ့လို့ 
ပြည်သူတွေ တာဝန်ကျေပွန်ခဲ့ကြပြီ..
ပါတီ ဗဟိုဦးစီး ချုပ်ကိုင်စနစ်နဲ့  ရှေ့ဆက်သွားမယ့်
ဒီမို ကရေစီခေတ်ကြီးမှာ
ပြောခဲ့တဲ့စကားတွေ အပေါ်မှာ တာဝန် အပြည့်ယူမယ်လို့ 
ယုံကြည်ပါတယ် ..
ကျွန်တော် ဆုတောင်းပေးချင်တာကတော့
သမိုင်းရဲ့ တရားခံ မဖြစ်ပါစေနဲ့ ..
ကိုယ်စားလှယ်လောင်းတွေရဲ့ ဆိုးမွေ ကောင်းမွေ
အကုန်ယူနိုင်အောင်သာ ကြိုပြင်ထားပါ..
စကားကို လွယ်လွယ်ပြောတတ်တဲ့ ခပ်ညံ့ညံ့ ခေါင်ဆောင်
တစ်ယောက် ဒေါ်စု မဖြစ်ပါစေနဲ့ လို့ ဆုတောင်းပေးလိုက်ချင်ပါတယ်..
-
-
မောင်ဗေဒါ
နည်းပညာနှင့်ဆော့ပွဲများရယူလိုပါက www.mohnyinnewsit.blogspot.comမှာရယူနိုင်ပါသည်
ကဲမြင်တယ်နော်
ကဲမြင်တယ်နော်
နည်းပညာနှင့်ဆော့ပွဲများရယူလိုပါက www.mohnyinnewsit.blogspot.comမှာရယူနိုင်ပါသည်
Sunday 8 November 2015
တန်ဆောင်မုန်းလပြည့်ည နှင့် ဆေးဖက်ဝင် မဲဇလီပင်လေးများအကြောင်း
တန်ဆောင်မုန်းလပြည့်ည နှင့် ဆေးဖက်ဝင် မဲဇလီပင်လေးများအကြောင်း
=============================================
ပေါက်ပေါက်
မဲဇလီဆိုသည်မှာ အဝါရောင်အပွင့်များအချိန်လိုက်ဖူးပွင့်သည့် ပင်စောက်ကြီးတစ်မျိုး (အရွက်၊ အဖူး စ သည်ကို ဟင်းလျာအဖြစ်စား သုံးပြီး အရသာခါး၍ ဆေးဖက်ဝင်သည်) ဟု မဲဇလီနှင့်ပတ်သက်၍ မြန်မာအဘိဓာန်တွင် ဖွင့်ဆိုထားပါတယ်။
ထူပါရုံစေတီကျောက်စာပေါ်မှာ ရေးထွင်း ထားသော မှတ်တမ်းစာအရ၊ ရှေးယခင်က မဲဇလီပင်ကို 'မည်ဇရီပင်' ဟုခေါ်ရာ မှ အသံထွက်အလိုက် မယ်ဇရီ ဖြစ်လာပြီး၊ ထို့ နောက် ကာလကြာတဲ့အခါ မယ်ဇရီ မှ မယ်ဇလီ-မဲဇလီ ဟူ၍
အဆင့်ဆင့်အသံထွက်ပြောင်း၍ ခေါ်ဝေါ်လာ ခဲ့ကြပါတယ်။ နေရာဒေသပေါ်မူတည်ပြီး တချို့ကတော့ မဉ္စူရီပင်ဟု ခေါ်ကြသလို၊ ကချင်လူမျိုးတို့က မယ်ဂျူရီပင်ဟုလည်း ကောင်း၊ ရှမ်းလူမျိုးတို့က မယ်ပဉ္စလီဟုလည်းကောင်း၊ ကရင်လူမျိုးတို့က ပီတစ်ခါလ ဟုလည်းကောင်း ခေါ်ဆိုကြပါတယ်။ မဲဇလီဖူး
ဟာ နုတဲ့အချိန်မှာ အစိမ်းဖျော့ရောင်ဖြစ်ပြီး၊ ရင့်လာတဲ့အခါ အညိုရောင်ပြောင်းသွား တတ် ပါတယ်။
မဲဇလီပင်အကြောင်းကိုရေးလျှင် တန်ဆောင်မုန်းလအကြောင်းကိုလည်း ချန်ထား၍ မဖြစ်နိုင်ပေ။ အဘယ်ကြောင့်ဆိုသော် ရှေး လူကြီးသူမများလက်ထက် ကုန်းဘောင်ခေတ် ကတည်းက တန်ဆောင်မုန်းလပြည့်ညသို့ရောက်တိုင်း မဲဇလီဖူးခူး၍ သုပ်စားကြတဲ့ အစဉ်အလာများ ရှိခဲ့လို့ ပါပဲ။ တန်ဆောင်မုန်း
ဟူသော အရေးအသားကို လေ့လာကြည့်တဲ့ အခါ၊ ပုဂံခေတ် ကျောက်စာများတွင် 'တန်ဆောင်မှုန်' ဟုရေးထိုး၍ တန်ဆောင်မှုန်း ဟုအသံထွက်ဆိုခဲ့ကြပါတယ်။ 'မိုက်မှောင်လွင့်ပြုန်း၊ တန်ဆောင်မုန်း၊ ဆောင်မှုန်း ခေါ်တ ကား။ ဟထိုးပျောက်ကာ၊ ပြောင်းရွှေ့လာ၊ မုန်း သာခုထင်ရှား' ဟူသော စပ်ဆိုထားခြင်းက
တန်ဆောင်မုန်း၏ ဖြစ်စဉ်ကို ပေါ်လွင်သိရှိ နိုင်ပါတယ်။ တန်ဆောင် = ဆီမီး၊ မီးရှူး၊ မီးတိုင်။ မှုန်း=ထွန်းလင်းခြင်း၊ တောက်ပခြင်းဟူ၍အဓိပ္ပာယ်ရပါတယ်။ ဒါကြောင့်လည်း မြန်မာ့ ဆယ့်နှစ်လရာသီမှာ တန်ဆောင်းမုန်းလဟာ အထွန်းလင်း၊ အတောက်ပဆုံးနှင့် အသာ ယာဆုံးလတစ်လဟု ဆိုနိုင်ပါတယ်။ မြန်မာ့
သမိုင်းမှတ်တမ်းများအရ၊ ဗိဿနိုးနတ်မင်း ကြီးသည် နှစ်စဉ်နှစ်တိုင်း ဝါဆိုလဆန်း ၁၂ ရက်မှစ၍ အိပ်စက်လိုက်ရာ တန်ဆောင် မုန်းလဆန်း ၁၂ ရက်မှ နိုးထသဖြင့် တန်ဆောင်မုန်းလကို 'နတ်နိုးလ' ဟု ခေါ်ဆိုကြောင်း လေ့လာမှတ်သားရပါတယ်။ တန်ဆောင်မုန်းလပြည့်နေ့မှာ မြတ်စွာ ဘုရားရှင်က ရာဇဂြိုလ်ပြည့်ရှင် အဇာတသတ်မင်းနှင့် အပေါင်းပါတို့အား သာမညဖလသုတ်
ဟောကြားသည့် နေ့ထူးနေ့မြတ်ဖြစ်ပါတယ်။ တန်ဆောင်မုန်းလပြည့်ညမှာ ဆီးနှင်း၊ မြူ၊ တိမ်၊ သူရိန်၊ မီးခိုးစသည့် ငါးမျိုး ကင်းစင်နေ တာကြောင့် ထက်ကောင်းကင်တစ်ခွင်လုံး ကြည်လင်ကာ နက္ခတ်တာရာ တစ်စုံထွန်းလင်း
နေပါတယ်။ မပီဝိုးဝါးသေးမွှားတဲ့ ကြတ္တိကာကြယ်(ခေါ်)ဖျောက်ဆိပ်ကြယ်စုလေး များလည်း လင်းလက်ခွင့်ရတဲ့ ညဖြစ်ပါတယ်။
မဇ္ဈိမဒေသမှလာတဲ့သာရ ကောမုဒိဆေး ကျမ်းအရ၊ တန်ဆောင်မုန်းလပြည့်ည သန်းခေါင်ယံ လမင်းကြီး ဝိုင်းစက်ပြည့်ဝန်းနေစဉ် ကြတ္တိကာ နက္ခတ်နှင့် စန်းယှဉ်၍ ပုဏ္ဍာတိထီ(ဗေဒင် အခေါ် တိထီ ၁၅ လုံးအတွင်း) ဆေးပင် အပေါင်းကို စောင့်ရှောက်သောနတ်တို့သည် မဲဇလီပင်စောင့် နတ်မင်းကြီးထံ လာရောက် ခစားကြသည်ဟုဆိုပါတယ်။ ဒါကြောင့် ထို အချိန်မှာ မဲဇလီကို ဆေးဖက်ဝင်အောင် စီရင် ခြင်းဟာ အချိန်အခါကောင်းတစ်ရပ်လို့ ဆိုနိုင် ပါတယ်တဲ့။
ထိုသို့ စီရင်ရာမှာလည်းလမင်းကြီး တိတိ ကျကျပြည့်ဝန်းနေချိန်တွင် အရှေ့ဖက်သို့ထွက်နေသော မဲဇလီ အဖူး၊ အပွင့်၊ အရွက်၊ အမြစ်၊ အခေါက်၊ အသီးတို့ကို စုံလင်အောင် ဆွတ်ခူးတူးယူ၍ ထိုညမှာ အဖူး၊ အပွင့်၊ အရွက်တို့ကို စားသုံးရပါမယ်။ ကျန် အမြစ်၊ အခေါက်၊ အသီးတို့ကိုတော့ နေရိပ်မှာ အခြောက်လှန်းအမှုန့်ပြု၍ နေ့စဉ်စားသုံးပေးသွားရမှာပါ။ ဤသို့ စားသုံးလျှင် ရုပ်ရည်
အဆင်းနုပျို၍ အရွယ်တင်ကာ အသက်ရှည် စေကြောင်း၊ ဘုန်းကြီး၍ ဥာဏ်ပညာထက်မြက်ကာ ကျက်သရေမင်္ဂလာအပေါင်းနှင့် ပြည့်စုံစေကြောင်း ယုံကြည်ကြပါတယ်။ ဒါ ကြောင့်လည်း တန်ဆောင်းမုန်းလပြည့်နေ့ည ၁၂ နာရီတိတိအချိန်ကို ဆေးပေါင်းခတဲ့ညရဲ့ အမြင့်ဆုံး၊ အစွမ်းထက်ဆုံး အချိန်လို့ သတ်
မှတ်ပြီး တိုင်းရင်းဆေးဆရာကြီးများက ဆေး ဝါးမျိုးစုံကို ဖော်စပ်လေ့ရှိကြပါတယ်။
မဲဇလီနှင့် ကျန်းမာရေး
ရုက္ခဗေဒအမည်အရCassiasiamea Linn မျိုးရင်းဖြစ်ပါတယ်။ ၁ဝဝ ဂရမ်အလေးချိန်ရှိ တဲ့ မဲဇလီဖူးနှင့် အရွက်တို့ကို ဆေးသိပ္ပံနည်းအရ ဓာတ်ခွဲစမ်းသပ်ကြည့်ရာ၊ ကယ်လိုရီ ၁ဝဝ၊ ပရိုတင်း ၇ ဒသမ ၁ ဂရမ်၊ အဆီဓာတ် ၁ ဒသမ
သုည ဂရမ်၊ ကစီဓာတ် ၁၇ ဒသမ ၉ ဂရမ်၊ ထုံးဓာတ် ၄၄ ဒသမ ၁ မီလီဂရမ်၊ သံဓာတ် ၁၇ ဒသမ သုညမီလီဂရမ်၊ ဗီတာမင် အေအိုင်ယူ ၁၄၅ဝဝ၊ ဗီတာမင်ဘီဝမ်း သုည ဒသမ ၄ မီလီဂရမ်၊ ဗီတာမင်ဘီတူး သုည ဒသမ ၆၉ မီလီ
ဂရမ်၊ နိုင်ယာစင် ၁ ဒသမ ၃ မီလီဂရမ်၊ ဗီတာမင်စီ ၁ဝ၁ မီလီဂရမ်တို့  အသီးသီးပါရှိကြပါ တယ်။ ဒါ့အပြင် ဟင်းသီးဟင်းရွက်များမှာ ရှား
ရှားပါးပါးတွေ့ရခဲသော ဆေးဖက်ဝင် glycosides, terpenoids, tannins, saponins, flavonoids နှင့်steroids တွေလဲ ပါရှိကြပါ သေးတယ်။
(၁) ချို၊ ဆိမ့်၊ ဖန်အရသာ သုံးမျိုးရောပြွမ်း၍ ခါးသက်သက်အရသာ လွှမ်းမိုးသော မဲဇလီပင်မှာ အာပေါဓာတ်ကြီးစိုး၍ ဝါယောဓာတ် ပူးတွဲပါရှိနေတာကြောင့် ရှေးတိုင်းရင်း သမားတော်ကြီးများက မြန်မာ့ရိုးရာဆေးမြီးတိုအဖြစ် အိပ်
မပျော်ခြင်း၊ သွေးတက်ခြင်း၊ ရုပ်ရည်ခန်းခြောက်ခြင်း၊ အသက်ရှု၊ပြွန်ချောင်း ရောင်ခြင်း၊ ချောင်းခြောက်ဆိုးခြင်းစတဲ့ ရောဂါများအတွက် ကုသပေးခဲ့ကြပါ တယ်။
(၂) အိန္ဒိယနိုင်ငံမှာတော့ ကာလသားရောဂါ ရှန်ကာနာကို မဲဇလီရွက်ဖြင့် ကုသလေ့ရှိပါတယ်။
(၃) သမ်းဝေပြီး အိပ်မပျော်ခြင်းအတွက် မဲဇလီဖူးကိုသုပ်၍စားက နှစ်နှစ်ခြိုက်
ခြိုက် အိပ်ပျော်စေနိုင်ပါတယ်။
(၄) ပါးစပ်အတွင်း အပူထွက်ခြင်း၊ သွားဖုံး ရောင်ခြင်းတို့အတွက် မဲဇလီရွက်နှင့် အပွင့်တို့ကို ခပ်ကျကျပြုတ်၍ ငုံပေးပါက သက်သာပျောက်ကင်းနိုင်ပါ တယ်။
(၅) မျက်စိနာခြင်းအတွက် မဲဇလီမြစ်ကို သွေး၍ မျက်စိတဝိုက်ကွင်းပေးပါ။
(၆) ကနခိုစေ့စား၍ ဝမ်းသွားလွန်ခြင်း အတွက် မဲဇလီမြစ်ကို ထန်းလျက်နှင့်
ပြုတ်၍ သောက်ပေးခြင်းဖြင့် ဝမ်းရပ် တန့်ပါလိမ့်မယ်။
(၇) ချောင်းဆိုး၊ ရင်ကျပ်၊ လည်ချောင်းနာ ခြင်းတို့အတွက် မဲဇလီရွက်နှင့် မုရား ကြီးရွက်တို့ကိုဆတူရော၍ သုံးခွက်တစ် ခွက်တင်ကြိုပြီးနောက် ငုံပေးခြင်းဖြင့် သက်သာပျောက်ကင်းနိုင်ပါတယ်။
(၈) ကလေးများ သန်ထပါက မဲဇလီရွက်လတ်လတ်ဆတ်ဆတ် ထောင်းရည် (သတ္ထရည်)နှင့် သံပရာရည် ရောစပ် တိုက်ပေးခြင်းဖြင့် သန်ကျစေနိုင်ပါ တယ်။
(၉) ဝမ်းချုပ်ပြီး စမြင်းခံခြင်းအတွက် မဲဇလီဖူးကိုပြုတ်၍ တို့စရာအဖြစ် စားပေးပါက ဝမ်းမှန်၍ လေသက်စေနိုင်ပါ တယ်။
(၁ဝ) ကင်း၊ ပုရွက်ဆိတ် စတဲ့ အဆိပ်ရှိ သတ္တ ဝါတွေ အကိုက်ခံရပါက၊ မဲဇလီရွက်ကို ကြိတ်၍ ဒဏ်ရာပေါ် အုံပေးပါက အဆိပ်ပြေစေပါတယ်။
(၁၁) နှင်းခူအစိုအတွက် မဲဇလီရွက်ကို သံပရာရည်နှင့်ကြိတ်၍ နှင်းခူပေါ်အုံ
ခြင်း၊ မဲဇလီရွက်ပြုတ်ရည်ဖြင့် ဖန်ရည်ဆေးပေးခြင်းတို့ ပြုလုပ်ပေးပါ။
(၁၂) အမျိုးသမီးများ မျက်နှာပေါ်တွင် မီးယပ်ကွက်ထွက်ခြင်းအတွက် မဲဇလီပွင့် (သို့ မဟုတ်) အရွက်ကို အခြောက်လှမ်း အမှုန့်ကြိတ်၍ ရေဖြင့်ဖျော်ပြီး လိမ်း ပေးပါ။
(၁၃) မဲဇလီရွက်ပြုတ်ရည်ဖြစ်စေ၊ အရွက်ကို အခြောက်လှမ်း အမှုန့်ကြိတ်၍ဖြစ်စေ ပျားရည်နှင့် ရောစပ်စားပေးပါက သွေး သားသန့်စင်၍ အားအင်ပြည့်ဖြိုးစေပါ တယ်။
(၁၄) မဲဇလီ ဖူးထဲတွင်ပါရှိသော သဘာဝအခါးဓာတ်က အသည်းအားကောင်း စေပါတယ်။ (၁၅) အစာချေစနစ်ကို ကောင်းမွန်စေရုံ သာမက၊ ပျို့အန်ခြင်း၊ အက်စစ်ဆန်တက်၍ လေချဉ်တက်ခြင်း၊ ရင်ပူခြင်း တို့ကို သက်သာစေပါတယ်။
(၁၆) ခန္ဓာကိုယ်အတွက်လိုအပ်သော ပရို တင်းဓာတ်ကို ဖြည့်တင်းပေးပြီး၊ ကိုယ်ခန္ဓာကြီးထွားမှုကို အထောက်အပံ့ပေး ပါတယ်။
(၁၇) အူမကြီးကို ကောင်းစွာအလုပ်လုပ်စေလို့၊ ဝမ်းပျော့ပျော့သွားစေပါတယ်။ ထို့ပြင်အူမကြီးနှင့် အူသိမ်အူမများထဲရှိ တုပ်ကောင်၊ သန်ကောင်စတဲ့ ကပ်ပါး ကောင်များကို ဖယ်ရှားပေးလို့ အူကိုသန့်စင်စေပါတယ်။
(၁၈) ကစီဓာတ်ကြွယ်ဝစွာပါရှိခြင်းကြောင့်၊ ခန္ဓာကိုယ်တွင်း ဇီဝဖြစ်စဉ်ကို ကောင်း ကျိုးပြုပါတယ်။
(၁၉) သရက်ရွက်ထဲရှိ ကောင်းသောဆဲလ် အသစ်များကို တိုးပွားစေတာကြောင့်၊ သရက်ရွက်ကို ကျန်းမာစေပါတယ်။
(၂ဝ) မဲဇလီဖူးထဲတွင်ပါရှိသော သဘာဝ အဆီဓာတ်က ခန္ဓာကိုယ်ထဲရှိ မကောင်း သောဓာတ်များကို လောင်ကျွမ်းစေပါ တယ်။
(၂၁) အစွမ်းထက် ဓာတ်တိုးဆန့်ကျင်ပစ္စည်း များအပြင်၊ ပိုလီဖီနောဓာတ်များပါရှိသဖြင့် ခန္ဓာကိုယ်အတွက် မလိုလားအပ်သော ဖရီးရယ်ဒီကယ်များကို သုတ်
သင်ဖယ်ရှားပေးတာကြောင့်၊ အူမကြီး ကင်ဆာ၊ အစာအိမ်ကင်ဆာရောဂါ
များ မဖြစ်စေနိုင်ပါ။
(၂၂) မဲဇလီဖူးထဲတွင်ပါရှိသော သတ္တုဓာတ်ပေါင်းစုများက သူငယ်နာ အရိုးပျော့ ရောဂါကို ကာကွယ်ပေးတာကြောင့် မွေးဖွားလာသော ကလေးများတွင် ပိုလီရိုရောဂါမဖြစ်စေရန် ကြိုတင်ကာ ကွယ်သည့်အနေဖြင့် ကိုယ်ဝန်ဆောင် မိခင်များ မဲဇလီဖူးကို မဖြစ်မနေစားသုံး သင့်ပါတယ်။
(၂၃) ဓာတ်ခွဲစမ်းသပ်ချက်များအရ၊ မဲဇလီ ဖူး၊ အရွက်၊ အပွင့်ထဲတွင် ပါရှိသော အာဟာရဓာတ်များက ဟင်းနုနယ်တွင် ပါရှိသော အာဟာရဓာတ်များနှင့် အလားတူတယ်လို့ ဆိုပါတယ်။
တန်ဆောင်မုန်းလပြည့်ညမှာ ကာလသား တွေဟာ အိမ်တတာ၊ လမ်းတကာမှ ပစ္စည်းများကို ဟိုဟိုဒီဒီ နေရာရွှေ့ကာ၊ စနောက် လေ့ရှိ ကြတဲ့ 'ကျီးမနိုးပွဲ' (ဝါ) 'စောရပွဲ' ဟာလည်း ချစ်စရာ့ မြန်မာ့ရိုးရာဓလေ့လေးပါ။ ဆေး ပေါင်းခတဲ့ တန်ဆောင်မုန်း လပြည့်ညလေးမှာ ပျော်ရွှင်စွာဝိုင်းဖွဲ့ကာ မဲဇလီဖူး သုပ်လေး စားရင်း၊ ရောဂါဘယကင်းဝေးကြပါစေ။
မုန်တိုင်းငယ်သတင်းထုတ်ပြန်
မုန်တိုင်းငယ်သတင်းထုတ်ပြန်
‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗
၂၀၁၅ခုနှစ်၊ နိုဝင်ဘာလ(၉)ရက်နေ့ မြန်မာစံတော်ချိန်(၀၆း၀၀)နာရီအချိန်
တွင် မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ မုန်တိုင်းငယ်သတင်းထုတ်ပြန်....
ယနေ့မြန်မာစံတော်ချိန် (၀၅း၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းတွင်ဖြစ်ပေါ်နေသော
မုန်တိုင်းငယ်သည် သီရိလင်္ကာနိုင်ငံ၊ ဂျဖနာမြို့၏ အရှေ့မြောက်ဘက် မိုင်(၁၆၀)ခန်၊ အိန္ဒိယနိုင်ငံ၊ ချင်းနိုင်မြို့၏အရှေ့တောင်ဘက်မိုင် (၁၄၀)ခန့်နှင့် မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့၏ အနောက်တောင်ဘက် မိုင်(၆၈၀)ခန့်အကွာ ပင်လယ်ပြင်ကိုဗဟိုပြုနေပါသည်။
မုန်တိုင်းငယ်၏လက်ရှိအခြေအနေမှာအဝါရောင်အဆင့်ရှိပြီး မြန်မာနိုင်ငံ
ဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိဟု သတ်မှတ်ပါသည်။
မုန်တိုင်းငယ်၏တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်းမှာ
အဆိုပါမုန်တိုင်းငယ်သည် မြန်မာစံတော်ချိန်(၀၅း၃၀)နာရီအချိန်တွင်
မြောက်လတ္တီကျု (၁၁.၅)ဒီဂရီနှင့် အရှေ့လောင်ဂျီကျု (၈၂.၀)ဒီဂရီတွင်ရှိပြီး၊ ဗဟိုချက်လေဖိအား (၁၀၀၄)ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်း
မှာ တစ်နာရီလျှင် မိုင်(၃၀)နှုန်း ဖြစ်ပါသည်။
သတိပေးနှိုးဆော်ချက်များမှာ
(က)အဆိုပါမုန်တိုင်းငယ်၏အရှိန်ကြောင့် ရန်ကုန်တိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် နေရာကျဲကျဲ၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။
(ခ)မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက်နှင့်‌ ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများ ကျရောက်ပြီး၊ လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပါသည်။ မိုးသက်လေပြင်းကျစဉ်ရေပြင်/ မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၃၀)မှ (၃၅)မိုင်အထိ တိုက်ခတ်နိုင်ပါသည်။
အကြံပြုချက်မှာ
(က) မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက်နှင့်‌ ကမ်းလွန် ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊‌ သင်္ဘောများအနေဖြင့် ကြိုတင် သတိပြုရန် အကြံပြုအပ်ပါ သည်။
Ref - မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန
နိုင်ငံခြားရေးဝန်ကြီးဌာန သတင်းထုတ်ပြန်ချက်
နိုင်ငံခြားရေးဝန်ကြီးဌာန သတင်းထုတ်ပြန်ချက်
‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗
၁။ မကြာသေးမီက Fortify Rights နှင့် International State Crime Initiative ဆိုသောအဖွဲ့တို့က မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင် ၎င်းတို့အဆို “ရိုဟင်ဂျာ” ဆိုသူများအား လူမျိုးတုံးသတ်ဖြတ်လျက်ရှိကြောင်းနှင့် အခြားမဟုတ်မမှန် အခြေအမြစ်မရှိသည့် စွပ်စွဲချက်များကို ကိုးကား၍ ထုတ်ပြန်ဖော်ပြမှုများ ပြုလုပ်ခဲ့သည်ကိုတွေ့ရှိရသည်။ ယင်းသို့ လုပ်ဆောင်မှုသည် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီတွင် ကမ္ဘာ့နိုင်ငံအားလုံး၏ လူ့အခွင့်အရေးအခြေအနေအား သုံးသပ်သည့် အစီအစဉ်အောက်မှ မြန်မာနိုင်ငံမှ အစီရင်ခံစာ တင်သွင်းသည့်အချိန်နှင့် ပြည်တွင်းနိုင်ငံရေးတွင် အရေးကြီးသည့် ပါတီစုံအထွေထွေရွေးကောက်ပွဲကျင်းပပြုလုပ်မည့်ကာလတို့နှင့် အချိန်ကိုက်ဖန်တီးလုပ်ဆောင်မှုတစ်ရပ် ဖြစ်ပါသည်။ ၎င်းတို့စာတမ်းများ ထုတ်ပြန်သည့် တစ်ချိန်တည်းတွင် အယ်လ်ဂျာ ဇီးယားသတင်းဌာနကလည်း ယင်းကိစ္စကို သတင်းထုတ်လွှင့်ခဲ့သည်။
၂။ အဆိုပါမမှန်မကန်စွပ်စွဲထားသည့် စာတမ်း၊ သတင်းများသည် အခြေအမြစ်မရှိ၊ မှန်ကန်မှုမရှိသည့် စွပ်စွဲပြော
ကြားချက်များကို အခြေခံ၍ ပြုစုထားခြင်းဖြစ်သည်။ “ရိုဟင်ဂျာ” ဟူသော အသုံးအနှုန်းသည် ဖန်တီးတီထွင်ထားသည့် အသုံးအနှုန်းဖြစ်သောကြောင့် မြန်မာအစိုးရနှင့် ပြည်သူများက အသိအမှတ်မပြုပါ။ အဆိုပါ စာတမ်း၊ သတင်းများတွင် ဖော်ပြပါရှိသည့် မဟုတ်မမှန်စွပ်စွဲမှုများကို ပြတ်သားစွာ ပယ်ချပါသည်။
၃။ ဤသို့ မဟုတ်မမှန် အခြေအမြစ်မရှိ စွပ်စွဲမှုများသည် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးရာကို စွက်ဖက်ရာရောက်
ခြင်း၊ မြန်မာနိုင်ငံ၏ တည်ငြိမ်အေးချမ်းမှုကို ထိခိုက်ရာရောက်စေခြင်းနှင့် အေးချမ်းစွာနေထိုင်သည့် ပြည်သူများ
အပေါ် အထင်အမြင်လွဲမှားစေရန် ပြုလုပ်ရာရောက်ခြင်းတို့ကြောင့် အထက်ပါလုပ်ရပ်များအား ပြင်းထန်စွာကန့်ကွက်လိုက်သည်။
နိုင်ငံခြားရေးဝန်ကြီးဌာန
နေပြည်တော်
၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ ၈ရက်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မီဒီယာစင်တာနှစ်ခု ဖွင့်လှစ်ပြီး ရွေးကောက်ပွဲရလဒ်များ ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ပေးသွားမည်
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မီဒီယာစင်တာနှစ်ခု ဖွင့်လှစ်ပြီး ရွေးကောက်ပွဲရလဒ်များ ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ပေးသွားမည်
‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗
နေပြည်တော် နိုဝင်ဘာ ၈
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲရလဒ်များ ကြေညာရာတွင် ပြည်သူအများသိရှိမြင်သာစေရန်အတွက် မီဒီယာစင်တာနှစ်ခုကို ဖွင့်လှစ်သွားမည်ဖြစ်ပြီး နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးနှင့် ရန်ကုန်မြို့ ရွှေလီလမ်းရှိ ရွေးကောက်ပွဲကော်မရှင်သတင်းအချက်အလက်ဌာနတို့တွင် ထားရှိသွားမည်ဖြစ်ကြောင်း အဆိုပါကော်မရှင်၏ ထုတ်ပြန်ချက်အရ သိရှိရသည်။
ယင်းထုတ်ပြန်ချက်တွင် ရွေးကောက်ပွဲကော်မရှင်၏ ခွင့်ပြုချက်ကတ်ပြားများ ရရှိထားသော သတင်းမီဒီယာများနှင့် စောင့်ကြည့်လေ့လာသူများအနေဖြင့် နေပြည်တော် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးရှိ မီဒီယာစင်တာသို့ ဝင်ရောက်ခွင့်ရှိမည်ဖြစ်ပြီး ခွင့်ပြုချက်ကတ်ပြားမရရှိထားသော်လည်း ကော်မရှင်နှင့်အတူ တွဲဖက်အလုပ်လုပ်ကိုင်လျက်ရှိကြသည့် အရပ်ဘက်လူ့အဖွဲ့အစည်းမှ ပုဂ္ဂိုလ်များ၊ နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများလည်း ဝင်ရောက်လိုကစိစစ်ခွင့်ပြုသွားမည်ဖြစ်ကြောင်း ပါရှိသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ရွေးကောက်ပွဲရလဒ်များကို LED Screen ဖြင့် ပြသပေးသွားမည်ဖြစ်ပြီး မီဒီယာများအနေဖြင့် မိမိတို့၏ ကိုယ်စားလှယ်သတင်းသမားများမှတစ်ဆင့် သတင်းရယူနိုင်မည်ဖြစ်သည်။
ရန်ကုန်မြို့ ရွေးကောက်ပွဲသတင်းအချက်အလက်ဌာန မီဒီယာစင်တာကို နိုဝင်ဘာ ၈ ရက်မှ ၁၂ ရက်အထိ နံနက် ၈ နာရီမှ ည ၈ နာရီအတွင်း ဖွင့်လှစ်ထားရှိမည်ဖြစ်ကြောင်း သိရသည်။ နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးတွင် နိုဝင်ဘာ ၈ ရက်မှ ၁၅ ရက်အထိ ဖွင့်လှစ်သွားမည်ဖြစ်ပြီး နိုဝင်ဘာ ၈ရက်တွင် နံနက် ၈ နာရီမှ ည ၈ နာရီအထိလည်းကောင်း၊ နိုဝင်ဘာ ၉ ရက်မှ ၁၂ ရက်အထိ နံနက် ၈ နာရီမှ နောက်တစ်ရက် နံနက် ၂ နာရီအထိလည်းကောင်း၊ နိုဝင်ဘာ ၁၃ ရက်မှ ၁၅ ရက်အထိ နံနက် ၈ နာရီမှ ည ၈ နာရီအထိလည်းကောင်း ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် နေပြည်တော်ရှိ မီဒီယာစင်တာတွင် နိုဝင်ဘာ ၉ ရက်မှ ၁၅ ရက်အထိ နေ့စဉ် ညနေ ၄ နာရီတွင် သတင်းစာရှင်းလင်းပွဲများ ပြုလုပ်သွားမည်ဖြစ်ပြီး ရန်ကုန်မြို့ ရွှေလီလမ်းရှိ ရွေးကောက်ပွဲကော်မရှင်သတင်းအချက်အလက်ဌာနတွင်လည်း အဆိုပါသတင်းစာရှင်းလင်းပွဲများကို တိုက်ရိုက်ထုတ်လွှင့်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။
နေပြည်တော်မီဒီယာစင်တာတွင်ူနှီခမနနည ကြီးများဖြင့် ရွေးကောက်ပွဲရလဒ်များကို မြေပုံများ၊ ရုပ်ပုံကားချပ်များ၊ ကိန်းဂဏန်းများဖြင့် ချိတ်ဆက်ပြသသွားမည်ဖြစ်ပြီး စကားပြန်အစီအစဉ်ကိုလည်း စီစဉ်ထားရှိမည်ဖြစ်ကြောင်း၊ ထို့အပြင်ရွေးကောက်ပွဲဆိုင်ရာ သတင်းအချက်အလက်စာရွက်စာတမ်းများနှင့် အကြံပြုချက်များကိုလည်းနေပြည်တော်၊ ရန်ကုန် နှစ်နေရာစလုံးတွင် ရယူနိုင်ကြောင်း သိရသည်။
(သတင်းစဉ်)
နေပြည်တော် ဇေယျာသီရိမြို့နယ်တွင် ဗိုလ်ချုပ်ကြီးဟောင်း ဦးလှဌေးဝင်းက ဇေယျာသီရိမှာ ကြံ့ခိုင်ရေး မဲ ၃၆၇၀၄ မဲ၊ NLD က ၂၀၈၅၆ မဲ ရရှိပြီး အနိုင်ရရှိသွားကြောင်း သိရှိရသည်။
နေပြည်တော်၊ ဇေယျာသီရိမြို့နယ်တွင် ဗိုလ်ချုပ်ကြီးဟောင်း ဦးလှဌေးဝင်း အနိုင်ရ
====================================================
နေပြည်တော် ဇေယျာသီရိမြို့နယ်တွင် ဗိုလ်ချုပ်ကြီးဟောင်း ဦးလှဌေးဝင်းက ဇေယျာသီရိမှာ ကြံ့ခိုင်ရေး မဲ ၃၆၇၀၄ မဲ၊ NLD က ၂၀၈၅၆ မဲ ရရှိပြီး အနိုင်ရရှိသွားကြောင်း သိရှိရသည်။