Tuesday 20 October 2015

အစိုးရက သုံးစြဲသူေတြရဲ႕ profile ကို နစ္နာေအာင္ ျပဳလုပ္မယ္ဆိုရင္ Facebook မွ သတိေပးသြားမယ္ ==

အစိုးရက သုံးစြဲသူေတြရဲ႕ profile ကို နစ္နာေအာင္ ျပဳလုပ္မယ္ဆိုရင္ Facebook မွ သတိေပးသြားမယ္
==
သုံးစြဲသူ၏ account မ်ားကို နစ္နာေအာင္ျပဳလုပ္ရန္ အစိုးရႏွင့္ အစိုးရႏွင့္ဆက္ႏြယ္သူမ်ားက ပစ္မွတ္ထားလုပ္ေဆာင္ေနျခင္းကို ေတြ႕ရွိပါက သုံးစြဲသူမ်ားကို သတိေပးသြားမည္ ျဖစ္ေၾကာင္း Facebook မွထုတ္ျပန္ခဲ့သည္။

“ကၽြန္ေတာ္တို႔ဟာ အႏၱရာယ္က်ေရာက္ေနတယ္လို႔ ယုံၾကည္ရတဲ့ account ေတြအတြက္ လုံၿခဳံေရးအစီအမံေတြ လုပ္ေဆာင္သြားမွာပါ။ ဒါ့အျပင္ တိုက္ခိုက္မႈတစ္ခုဟာ အစိုးရနဲ႔ ဆက္ႏြယ္သူေတြ ျဖစ္ႏိုင္တယ္ဆိုတဲ့ သံသယရွိလာရင္လည္း သုံးစြဲသူကို သတိေပးခ်က္ ထုတ္ျပန္ေပးမွာပါ။ အခုလို ဘာေၾကာင့္လုပ္ရလဲဆိုေတာ့ ဒီလိုတိုက္ခိုက္မႈေတြဟာ အျခားတိုက္ခိုက္မႈေတြထက္ အဆင့္ျမင့္ၿပီး အႏၲရာယ္ႀကီးပါတယ္။ သုံးစြဲသူေတြအေနနဲ႔ အြန္လိုင္း account မ်ားအားလုံး လုံၿခဳံဖို႔ လိုအပ္တဲ့ အရာေတြ လုပ္ေဆာင္ဖို႔ တုိက္တြန္းပါတယ္” ဟု Facebook ၏ အႀကီးအကဲ လုံၿခဳံေရးအရာရွိ အဲလက္စ္စတာမို႔စ္က blog post ၌ ေရးသားခဲ့သည္။

အကယ္၍ အစိုးရမွ သုံးစြဲသူ၏ Facebook account အတြင္းသုိ႔ က်ဴးေက်ာ္ဝင္ေရာက္သည့္ သက္ေသေတြ႔ရွိပါက Facebook အေနျဖင့္ သတိေပးခ်က္ျဖင့္ ေဖာ္ျပေပးသြားမည္ ျဖစ္သည္။

#####

အစိုးရက သုံးစွဲသူတွေရဲ့ profile ကို နစ်နာအောင် ပြုလုပ်မယ်ဆိုရင် Facebook မှ သတိပေးသွားမယ်
==
သုံးစွဲသူ၏ account များကို နစ်နာအောင်ပြုလုပ်ရန် အစိုးရနှင့် အစိုးရနှင့်ဆက်နွယ်သူများက ပစ်မှတ်ထားလုပ်ဆောင်နေခြင်းကို တွေ့ရှိပါက သုံးစွဲသူများကို သတိပေးသွားမည် ဖြစ်ကြောင်း Facebook မှထုတ်ပြန်ခဲ့သည်။

“ကျွန်တော်တို့ဟာ အန္တရာယ်ကျရောက်နေတယ်လို့ ယုံကြည်ရတဲ့ account တွေအတွက် လုံခြုံရေးအစီအမံတွေ လုပ်ဆောင်သွားမှာပါ။ ဒါ့အပြင် တိုက်ခိုက်မှုတစ်ခုဟာ အစိုးရနဲ့ ဆက်နွယ်သူတွေ ဖြစ်နိုင်တယ်ဆိုတဲ့ သံသယရှိလာရင်လည်း သုံးစွဲသူကို သတိပေးချက် ထုတ်ပြန်ပေးမှာပါ။ အခုလို ဘာကြောင့်လုပ်ရလဲဆိုတော့ ဒီလိုတိုက်ခိုက်မှုတွေဟာ အခြားတိုက်ခိုက်မှုတွေထက် အဆင့်မြင့်ပြီး အန္တရာယ်ကြီးပါတယ်။ သုံးစွဲသူတွေအနေနဲ့ အွန်လိုင်း account များအားလုံး လုံခြုံဖို့ လိုအပ်တဲ့ အရာတွေ လုပ်ဆောင်ဖို့ တိုက်တွန်းပါတယ်” ဟု Facebook ၏ အကြီးအကဲ လုံခြုံရေးအရာရှိ အဲလက်စ်စတာမို့စ်က blog post ၌ ရေးသားခဲ့သည်။

အကယ်၍ အစိုးရမှ သုံးစွဲသူ၏ Facebook account အတွင်းသို့ ကျူးကျော်ဝင်ရောက်သည့် သက်သေတွေ့ရှိပါက Facebook အနေဖြင့် သတိပေးချက်ဖြင့် ဖော်ပြပေးသွားမည် ဖြစ်သည်။

http://internetjournal.media/news/4538



$$$မိုးညွင္းသတင္း apk မွေျကာ္ျငာရွင္မ်ားဖိတ္ေခၚျခင္း$$$$ မိမိတို႔၏လုပ္ငန္းမ်ားကိုအခ်ိန္တိုအတြင္းမွာလူသိမ်ားလာေအာင္ မိုးညွင္းသတင္း apk မွေဆာင္ရြက္ေပးပါမည္ $$ေျကာ္ျငာခႏႈံးထားမ်ား$$ တစ္ရက္ ႏွစ္ျကိမ္တင္ ၁၀၀၀ က်ပ္ သတင္းapk ရဲ႕ထိပ္မွာ ၁၂ နာရီျကာတင္ထားမယ္ဆိုရင္ တစ္ရက္ ၂၀၀၀ က်ပ္ ေပးပို႔ရန္ ေျကာ္ျငာမည့္စာသား ဓါတ္ပုံ ၃ ပုံထိလက္ခံပါသည္ ေငြေပးေခ်ရန္ MPT Ooredoo ေငြျဖည့္ကက္ပို႔ေပးရပါမည္

No comments:

Post a Comment