Monday 19 October 2015

ဗိုလ်ချုပ်အောင်ဆန်းလည်း စစ်သားပဲ စစ်ဗိုလ်ချုပ်ကနေလာပြီး ဖဆပလမှာ ခေါင်းဆောင်ခဲ့တာပဲဟု လှည်းကူးမြို့ နယ် ပြည်သူ့လွှတ်တော် ကိုယ်စား လှယ်လောင်း ဦးခင်မောင်စိုး ပြောကြား

ဗိုလ်ချုပ်အောင်ဆန်းလည်း စစ်သားပဲ စစ်ဗိုလ်ချုပ်ကနေလာပြီး ဖဆပလမှာ ခေါင်းဆောင်ခဲ့တာပဲဟု လှည်းကူးမြို့ နယ် ပြည်သူ့လွှတ်တော် ကိုယ်စား လှယ်လောင်း ဦးခင်မောင်စိုး ပြောကြား


လက်ရှိအစိုးရသည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ အနိုင်ရရှိခဲ့သည့် အစိုးရ ဖြစ်ပြီး ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းပြည် ငြိမ်းချမ်းသာယာရေးကို ဆောင်ရွက်လျက်ရှိကြောင်း လှည်းကူးမြို့နယ် ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးခင်မောင်စိုးက ယနေ့ပြုလုပ်သည့် လှည်းကူးမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများနှင့်တွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။
စာဘူးတောင်း ကျေးရွာအုပ်စုရှိ အင်ကြင်းကွင်းရွာ ဒေသခံပြည်သူများနှင့် တွေ့ဆုံရာ၌ ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် လောင်း ဦးခင်မောင်စိုးက ''ပြောင်းလဲပါ။ ပြောင်းလဲပါ။ ကျွန်တော်တို့ အစိုးရလည်း ပြောင်းလဲတာပဲ။ စစ်အစိုးရ လက်ထက်ကနေ ဒီမိုကရေစီ အစိုးရလက်ထက်ကို ပြောင်းလဲလိုက်တယ်။ ဒါအပြောင်းအလဲပဲ။ ဒီအပြောင်းအလဲက မပြီးသေးဘူး။ ဖြည်းဖြည်းချင်း ဒီထက်ကောင်းအောင် ပြောင်းလဲသွားမယ်။ ကျွန်တော်တို့နိုင်ငံမှာ ဒီမိုကရေစီပြောင်းတာ သွေးတစ်စက်မကျဘူး။ ညင်ညင်သာသာလေး ပြောင်းလဲ သွားတာ။ တစ်ဖက်က ပြောတယ်။ စစ်အစိုးရ၊ ယူနီဖောင်း ပြောင်းပြီး ဝင်လာတာ။ မှန်ပါ တယ်။ ကျွန်တော်တို့က ဒီလိုပြောင်းလိုက်တာ။ ဒီလိုပြောမယ်ဆို ကျွန်တော်တို့ရဲ့ အမျိုးသား ခေါင်းဆောင်ကြီးဗိုလ်ချုပ်အောင်ဆန်းလည်း စစ်သားပဲ။ စစ်ဗိုလ်ချုပ် ကနေလာပြီး ဖဆပလအစိုးရမှာ ခေါင်းဆောင်ခဲ့တာပဲ။ ဒီလိုပြောမယ်ဆို အများကြီးရှိတယ်။ စစ်တပ်က ပြောင်းလဲပြီးတာဝန်ယူ တယ်။ နောက်အရပ်သားတွေကို လွှဲပြောင်းပေးသွားတာပဲ။ တပ်က သူ့နေရာ သူပြန်သွားမှာ။ ဒါလေး ကိုလည်း ထည့်သွင်းပြောကြား လိုပါတယ်။ ပြည်သူတွေက စစ် အစိုးရ အုပ်ချုပ်နေတယ်။ စစ် အစိုးရ အုပ်ချုပ်အုပ်ချုပ်၊ ဘယ် အစိုးရ အုပ်ချုပ်အုပ်ချုပ် အဓိက တော့ တိုင်းပြည်တိုးတက်ဖို့ပဲ။တိုင်းပြည်မဖွံ့ဖြိုး မတိုးတက်ရင် ဘယ်အစိုးရတက်တက် အလကားပဲ''ဟု ပြောကြားသည်။

ယူဒီနေ
uniondaily



$$$မိုးညှင်းသတင်း apk မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း$$$$ မိမိတို့၏လုပ်ငန်းများကိုအချိန်တိုအတွင်းမှာလူသိများလာအောင် မိုးညှင်းသတင်း apk မှဆောင်ရွက်ပေးပါမည် $$ကြော်ငြာခနှုံးထားများ$$ တစ်ရက် နှစ်ကြိမ်တင် ၁၀၀၀ ကျပ် သတင်းapk ရဲ့ထိပ်မှာ ၁၂ နာရီကြာတင်ထားမယ်ဆိုရင် တစ်ရက် ၂၀၀၀ ကျပ် ပေးပို့ရန် ကြော်ငြာမည့်စာသား ဓါတ်ပုံ ၃ ပုံထိလက်ခံပါသည် ငွေပေးချေရန် MPT Ooredoo ငွေဖြည့်ကက်ပို့ပေးရပါမည်

No comments:

Post a Comment