Thursday 1 October 2015

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအကြံပေး ကချင်ပြည်နယ် တာဝန်ခံ ဦးသိန်းဇော်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအကြံပေး ကချင်ပြည်နယ် တာဝန်ခံ ဦးသိန်းဇော် မြစ်ကြီးနားမဲဆန္ဒရှင်ပြည်သူလူထုများနှင့်တွေ့ဆုံရန်ရောက်ရှိခြင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအကြံပေး၊ ကချင်ပြည်နယ် တာဝန်ခံ ဦးသိန်းဇော်သည် (၃၀.၉.၁၅)ရက်နေ့ (၀၉း၂၀)နာရီအချိန်တွင် AsiaWingလေကြောင်းဖြင့် ကချင်ပြည်နယ်ပါတီဥက္ကဋ္ဌ ဦးလဂျွန်ငန်ဆိုင်းနှင့် အတူ မြစ်ကြီးနားသို့ရောက်ရှိရာ မြစ်ကြီးနားလေဆိပ်တွင် ပြည်နယ်ပါတီ ကော်မတီဝင်များ၊ ခရိုင်/မြို့နယ်ကောင်မတီဝင်များနှင့်အမှုဆောင်များ၊ ပါတီဝင်များနှင့်အတူ ရှမ်းတိုင်းရင်းသားရိုးရာအဖွဲ့များစုစုပေါင်းအင်အား(၂၅၀)ဦးဖြင့် စည်ကားသိုက်မြိုက်စွာကြိုဆိုခဲ့ပါသည်။ ပြည်နယ်တာဝန်ခံနှင့်အဖွဲ့တို့အား အရှေ့ဆုံးမ ပါတီဝင်ဆိုင်ကယ်(၁၃၀)စီးမှ ဦးဆောင်ကာ မော်တော်ယာဉ်တန်းသည် လေဆိပ်မှ ပြည်နယ်ပါတီရုံးသို့ သွားရောက်ကာ ခေတ္တရပ်နားပြီး ၀ိုင်းမော်မြို့သို့ မဲဆန္ဒရှင်ပြည်သူလူထုနှင့် တွေ့ဆုံရန် အဆိုပါဆိုင်ကယ် (၁၃၀)စီး၊ယာဉ်တန်းတို့နှင့်အတူ စည်ကား သိုက်မြိုက်စွာဖြင့် ဆက်လက်ထွက်ခွာသွားကြောင်း သတင်းရရှိပါသည်။

No comments:

Post a Comment