Sunday 4 October 2015

လစ်ဗာပူးလ်က မန်နေဂျာ ဘရင်ဒန် ရော်ဂျာကို ထုတ်ပယ်လိုက်ပါပြီ။

လစ်ဗာပူးလ်က မန်နေဂျာ ဘရင်ဒန် ရော်ဂျာကို ထုတ်ပယ်လိုက်ပါပြီ။ ဒီညနေ အဲဗာတန်နဲ့ သရေကျခဲ့တဲ့ ပွဲ မတိုင်ခင်ကတည်းက သူ့ကို ထုတ်ပယ်ဖို့ ဆုံးဖြတ်ပြီးသားလို့ ကလပ်ဖက်က ပြောပါတယ်။ လစ်ဗညပူးလ်ဟာ အခုလောလောဆယ် အမှတ်ပေးဇယားမှာ နံပတ် ၁၀ နေရာမှာ ရှိနေပါတယ်။ ၂၀၁၂ က လစ်ဗာပူးလ်ကို စကိုင်ခဲ့တဲ့ ရော်ဂျာဟာ ၂၀၁၃-၂၀၁၄ ရာသီမှာ လစ်ဗာပူးလ် ဒုတိယနေရာရတဲ့ အထိ စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ တကယ်တော့ ရာသီကုန်ဖို့ သုံးပွဲပဲ လိုတော့တဲ့အချိန်အထိ ထိပ်ကပြေးနေပြီးမှ မန်စီတီက ကျော်ဖြတ်ပြီး ချန်ပီယံသရဖူကို ယူသွားခဲ့တာပါ။ မနှစ်ကနဲ့ ဒီနှစ်မှာတော့ ရလဒ်ကောင်းတွေ မရခဲ့တဲ့အတွက် အသင်းအုပ်ချုပ်သူတွေက စိတ်မရှည်ကြတော့ပုံတွေ့ရပါတယ်။ သူ့နေရာကို ဆက်ခံဖို့ တစ်ပြေးနေသူ နှစ်ဦးကတော့ ရီးယဲ၊ ချယ်ဆီးနဲ့ ပီအက်ဂျီတို့ကို ကိုင်ခဲ့ဖူးတဲ့ ကာလို အန်ချယ်လော့တီ နဲ့ ဘိုရူးရှားဒေါ့မွန် မန်နေဂျာဟောင်း ယွာဂန်ကလော့တို့ြ့ဖစ်ကြပါတယ်။

No comments:

Post a Comment