Saturday 24 October 2015

စနေနေ့က ကစားခဲ့တဲ့ ပရီမီယာလိဂ် ပွဲတွေ အကြောင်း ပြောရရင်

စနေနေ့က ကစားခဲ့တဲ့ ပရီမီယာလိဂ် ပွဲတွေ အကြောင်း ပြောရရင်

ဝက်စ်ဟမ် ကွင်းမှာ သွားကစား ခဲ့တဲ့ နာမည်ကြီး ချယ်ဆီး အသင်း ၂ ဂိုး ၁ ဂိုးနဲ့ ထပ်ပြီး ရှုံးပွဲ ကြုံခဲ့ ရ ပြန်ပါတယ်။

ဒီပွဲမှာ ချယ်ဆီး ကွင်းလယ်လူ ဗစ်ဒစ်ခ်ျ အထုတ် ခံခဲ့ရသလို၊ မန်နေဂျာ မော်ရင်ညို လည်း အနီကတ် ထိပြီး ကွင်းဘေး က ထွက် ပေး ခဲ့ ရပါတယ်။

တစ်ဂိုးစီ သရေကျနေချိန် ဒုတိယပိုင်း ၇၉ မိနစ် ရောက် ကာမှ ဝက်စ်ဟမ် တိုက်စစ်မှုး ကာရိုးလ် က အနိုင်ဂိုး သွင်းပေး ခဲ့တာပါ။

ဒီပွဲ အပြီး ချယ်ဆီး ဟာ အမှတ်ပေးဇယား ရဲ့ နံပါတ် ၁၅ နေရာထိ ကျရောက် နေပါတယ်။

ချယ်ဆီး နဲ့ လန်ဒန် မြို့ခံ ပြိုင်ဘက် အာဆင်နယ် ကတော့ အယ်ဗာတန် ကို ၂ ဂိုးနဲ့ ၁ ဂိုးနဲ့ နိုင်ပြီး စုစုပေါင်း ၂၂ မှတ် နဲ့ အမှတ်ပေး ဇယား ရဲ့ ထိပ်ဆုံးကို တက်လာပါတယ်။

ကျန်ပွဲစဉ် တွေ မှာတော့ အက်စ်တန်ဗစ်လာ က ဆွန်းဆီးကို ၂ ဂိုး ၁ဂိုး၊ ဝက်ဖို့ဒ် က စတုတ်ခ် ကို ၂ ဂိုးပြတ်၊ လက်စတာ က ခရစ်တယ်ပဲလေ့စ် ကို ၁ ဂိုး သုံည၊ ဝက်စ်ဘရွမ် ကလည်း နောဝစ်ခ်ျ ကို ၁ ဂိုး သုံည တို့ နဲ့ အသီးသီး နိုင်ပါတယ်။

ဒီနေ့မှာတော့ မန်ယူနိုက်တက် နဲ့ မန်စီးတီး ပွဲကောင်း ပါလိမ့်မယ်။



၂၀၀၈ ဖွဲ့စည်းပုံဥပဒေမှာ ရွေးကောက်ပွဲမှာ အနိုင်ရသူ (ဝါ) ၅၁% အနိုင်ရသူ (ဝါ) ပါတီက အစိုးရဖွဲ့ခွင့်ရမယ်လို့ မပါ,ပါဘူး။ ဖွဲ့စည်းပုံအရ ပြည်သူ့လွှတ်တော် အစုအဖွဲ့ က တင်မြှောက်သော ဒုသမ္မတ၊ အမျိုးသားလွှတ်တော် အစုအဖွဲ့က တင်မြှောက်သော ဒုသမ္မတ၊ တပ်မတော်သားကိုယ်စားလှယ် အစုအဖွဲ့က တင်မြှောက်သော ဒုသမ္မတ ဆိုတဲ့ သုံးယောက်ထဲက တစ်ယောက်ကသာ သမ္မတကြီး အဖြစ် ရွေးကောက်တင်မြှောက်ခံရပြီး ထိုသူကသာ အစိုးရဖွဲ့ခွင့်ရမှာ ဖြစ်ပါတယ်။ ငွေကုန်အသံပြာ၊ အိမ်မှာရှိတဲ့ဆန်ပါ ဆန်ကွဲဖြစ်မှာ စိုးလို့ သတိပေးရခြင်းပါ

No comments:

Post a Comment