Sunday 4 October 2015

အောက်တိုဘာ ၂ရက်နေ့ကတည်းက ကချင်ပြည်နယ်သို့ စည်းရုံးရေးခရီးစဉ်အဖြစ် ရောက်ရှိနေသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် အောက်တိုဘာ ၄ရက် နံနက်ပိုင်းတွင် မိုးညှင်းမြို့ရှိ

အောက်တိုဘာ ၂ရက်နေ့ကတည်းက ကချင်ပြည်နယ်သို့ စည်းရုံးရေးခရီးစဉ်အဖြစ် ရောက်ရှိနေသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် အောက်တိုဘာ ၄ရက် နံနက်ပိုင်းတွင် မိုးညှင်းမြို့ရှိ လျောင်းတော်မူဘုရားအနီးတွင် ဒေသခံများအား မဲဆွယ်ဟောပြောခဲ့သည်။ အဆိုပါ ဟောပြောပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က သူမ၏ပါတီ အနိုင်ရပါက ပြည်သူကို အနိုင်ကျင့်သည့် အစိုးရမျိုးမဖြစ်စေရဟု ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသွားသည်။ ထို့နောက် မိုးညှင်းမြို့မှထွက်ခွာပြီး အင်းတော်ကြီးဒေသရှိ နန့်မွန်းရွာတွင် ဒေသခံများကို ဆက်လက်ဟောပြောခဲ့သည်။ အောက်တိုဘာ ၅ရက်တွင်မူ မိုးမောက်မြို့သို့သွားရောက်ပြီး ရွေးကောက်ပွဲဆိုင်ရာဟောပြောပွဲ ပြုလုပ်ဦးမည်ဖြစ်သည်။

No comments:

Post a Comment