Monday 19 October 2015

(ယနေ့ ထုတ်ကုမုဒြာဂျာနယ်မှ) (ယနေ့ ထုတ်ကုမုဒြာဂျာနယ်မှ)

(ယနေ့ ထုတ်ကုမုဒြာဂျာနယ်မှ)

၁၂ နှစ် အကြာစွဲထင်နေတဲ့ နာမည်ဆိုးကို ချေဖျက်ဖို့ ဆုံးဖြတ်ပြီးတဲ့ ဒီပဲယင်း…..
=========================== ခပ်သေးသေး လက်လေးနှစ်ဖက်နဲ့
ပခုံးပေါ်စလွယ်သိုင်းလွယ်ထားတဲ့ လွယ်အိတ်ရဲ့အနီရောင်ကြိုးစကို
ရင်ဘတ်ရှေ့မှာတင်းတင်းဆုပ်ကိုင်ထားရင်း မျက်မှောင်ကိုကျုံ၊
နှုတ်ခမ်းတွေကို တင်းတင်းစေ့ထားတဲ့ အသက် ၈ နှစ်အရွယ်
ကောင်လေးဟာခြေလှမ်းကျဲကျဲနဲ့ ခပ်မြန်ုမြန်ပဲ လမ်းလျှောက်လာပါတယ်။
တီရှပ်အဝါရောင်လက်တို၊ အစိမ်းရောင် ဘောင်းဘီတိုဝတ်ထားတဲ့ အဲဒီကလေးဟာ
အိမ်ရှေ့ကွပ်ပစ်လေးပေါ်မှာ ထိုင်ကာ စကားပြောနေတဲ့
အမျိုးသမီးငါးယောက်နားကိုရောက်ချိန်မှာ ကိုင်ထားတဲ့ ကြိုးစလေးကို
လွတ်လိုက်ပြီး လွယ်အိတ်ကို နေသား ကျအောင်ပြင်ပါတယ် ပြီးတော့
လက်လေးနှစ်ဖက်ပိုက်ကာ အသက်ခပ်ပြင်းပြင်းရှုလိုက်ပြီး “အန်တီက အင်တာဗျူးတဲ့
သူ လား”လို့ ကျမမျက်နှာကို သေချာကြည့်ပြီး စကားတလုံးချင်းပီပီသသမေးပါတယ်။
“ဟုတ်တယ်”လို့ပြန်ဖြေလိုက်တော့ “ကျနော်ကို အင်တာဗျူးပါ
ကျနော်ပြောချင်တာရှိတယ်”လို့ ပြောချလိုက်ပါတယ်။
သူရဲ့ နောက် နားမှာ ရပ်နေတဲ့ သူငယ်ချင်းက လွယ်အိတ်ကိုဆောင့်ဆွဲလို့
ဟန်ချက်ပျက်သွားတာကို ပြန်ပြင်ရင်း ကျမကို ဆက်ကြည့် နေပါတယ်။
“အန်တီက သားကို ဘယ်လို အင်တာဗျူးရမှာလဲ ဘာအကြောင်းအရာတွေအင်တာဗျူးရမှာလဲ
မသိဘူး”လို့ ပြန်ဖြေလိုက်တော့ သူရဲ့ နောက်ကျောဘက်
ကိုက်တရာဝန်းကျင်မှာရှိတဲ့ ဆိုင်းဘုတ်ကို လက်ညိုးထိုးပြရင်း “အဲဒီကြံ့
ဆိုင်းဘုတ်က ဘယ်သူထောင်ထားတာလဲ ဘယ်တုန်းကလုပ်လိုက်တာလဲ”လို့
လေသံကျယ်ကျယ်နဲ့ မေးပါတယ်။
ကျမအပါအဝင် ကွပ်ပျစ်ပေါ်ထိုင်နေတဲ့ မအေးအေးဝင်း၊ ဒေါ်သန်းကွန့်၊ မမိုးမိုး၊
မအေးသင်းတို့ဟာ သူညွန်ပြတဲ့ နေရာကိုကြည့် လိုက်တော့ ဒီပဲယင်းမြို့နယ်
ပြည်ထောင်စုကြံခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ပြည်သူလွတ်တော်မဲဆန္ဒမြေမှာ
ဝင်ရောက် ယှဉ်ပြိုင်မယ့် ဝဏ္ဏကျော်ထင် ဦးဝင်းမြင့်ရဲ့
ကိုယ်စားလှယ်လောင်းကြေငြာပါ။
ဦးဝင်းမြင့်ဟာ စီးပွားရေးနဲ့ ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီးတယောက်ဖြစ်ပါတယ်
မအေးအေးဝင်းက “ဟဲ့ ဒီကလေး”လို့ လှမ်းပြောပေမယ့်
မောင်အောင်မျိုးဟိန်းကတော့ “အဲဒီဆိုင်းဘုတ်ကြီးကို ကျနော် မမြင်ချင်ဘူး
စုတ်ဖြဲပစ်ချင်တယ် ရွာမှာထောင်ထားတာကျနော်မကြိုက်ဘူး”လို့
ကလေးတစ်ယောက်နဲ့မလိုက်အောင်ပဲ ခပ်မာမာပြောပါတယ်။
သူက “အိမ်မှာ ကျနော်အမေ အဘွား အဖေ မိသားစုအားလုံးက ခွပ်ဒေါင်းပဲ
ခွပ်ဒေါင်းပဲ မဲပေးမှာ ကျနော်လည်း ခွပ်ဒေါင်းပဲ”လို့ ပြောပါတယ်။
မောင်အောင်မျိုးဟိန်းဟာ နဘဲလှရွာကဖြစ်ပါတယ် အေးသာယာရွာ(ယခင်က ပျံကျရွာ)က
အလယ်တန်းကျောင်းမှာ လေးတန်း တက်နေတဲ့ ကျောင်းသားတယောက်ပါ။နဘဲလှရွာနဲ့
အေးသာယာရွာတို့ဟာ မုံရွာခရိုင် ဒီပဲယင်းမြို့နယ်ထဲက ကျေးရွာဖြစ် ပါတယ်။
ဒီပဲယင်းမြို့ဟာ ၂၀၀၃ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်ပြီး
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီစည်းရုံးရေးခရီးစဉ်သွားရောက်ခဲ့စဉ်က
ကမ္ဘာကျော်ခဲ့တဲ့ လုပ်ကြံသတ်ဖြတ်မှုကြီးဖြစ်ခဲ့ရာ မြို့ဖြစ်ပါတယ်။
သမိုင်းမှာနာမည်ဆိုးခဲ့တဲ့အဲဒီအဖြစ်အပျက်ကြောင့် တကမ္ဘာလုံးကလူတွေနဲ့
မြန်မာနိုင်ငံ တွင်းက ပြည်သူတွေရဲ့ ပြစ်တင်ရူံ့ချမှုတွေကို ၁၂
နှစ်ကြာခံစားနေရတဲ့ ဒေသခံတွေဟာ အဲဒီအရာကို ဖျောက်ဖျက်နိုင်ဖို့အတွက်
လာမယ့်ရွေးကောက်ပွဲမှာ ဒီချုပ်ကို ပဲမဲထည့်ဖို့ဆုံးဖြတ်ထားကြပါတယ်။
၂၀၀၃ ခုနှစ် မေလ ၃၀ ရက်နေ့ည ၇ နာရီဝန်းကျင်က စစ်က်ုင်းတိုင်းဒေသကြီး ဒီပဲယင်းမြို့အနီး ကြည်ရွာတဝိုက်မှာ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဥက္ကဌ (ယခင်)
ဦးတင်ဦး၊အထွေထွေအတွင်းရေးမှူး (ယခင်)ဒေါ် အောင်ဆန်းစုကြည်တို့ရဲ့
ယာဉ်တန်းကို ခြုံခိုတိုက်ခိုက်ခံခဲ့ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်တို့နဲ့
အတူလိုက်ပါလာတဲ့ ဒီချုပ်အဖွဲ့ ဝင်အများအပြားဟာ သတ်ဖြတ်ခံခဲ့ရပါတယ်။
သူတို့ရဲ့ အဓိကပစ်မှတ်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ကားမှန်
တွေကွဲကြေခဲ့ကာ သက်တော်စောင့်တွေဟာ ဒဏ်ရာ တွေနဲ့
သွေးအလိမ်းလိမ်းဖြစ်ပြီးနှိတ်စက်သတ်ြဖတ်ခံရခဲ့ရသလို
အချို့ဟာလည်းဒဏ်ရာတွေနဲ့ထောင်သွင်း အကျဉ်းကျခံရပြီး လက်ရှိအချိန်ထိ
သက်ရှိ ထင်ရှား ရှိနေပါသေးတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာလည်း ကားမောင်းသူရဲ့ကျွှမ်းကျင်မှုကြောင့်
တုတ်ဓားတို့နဲ့ မဲမဲမြင်သမျှ ၀ိုင်းဝန် ရိုက်နှက်နေတဲ့ တဲ့
လူအုပ်ကြီးနဲ့ဝေးရာကို ရောက်ခဲ့ပါတယ်။
မေလ ၃၁ ရက်နေ့မှာ အလုပ်သမားဝန်ကြီး ဦးတင်ဝင်းနဲ့ ထောက်လှမ်းရေး
ဗိုလ်မှူးချုပ် သန်းထွန်းတို့ဦးဆောင်တဲ့ သတင်း စာရှင်းလင်းပွဲမှာ
သေဆုံးသူ ၄ ဦး၊ ဒဏ်ရာရရှိသူ ၅၀ ဦးရှိကြောင်းပြောဆိုပေမယ့်
အသေးစိတ်စာရင်းကိုတော့ ထုတ်ပြန် ကြေငြာခြင်းမရှိခဲ့ပါဘူး။ ဒေသခံတွေနဲ့
ပါတီဝင်တွေပြောပြချက်အရ သေဆုံးသူ ဦးရေဟာ ၂၀၀ ကျော်ရှိပါတယ်။
အဲဒီအဖြစ်အပျက်ဟာ ကြိုတင်ကြံစည်ထားတဲ့ လူသတ်မှုအဖြစ်လူအများက
လက်ခံပြောဆိုကြသလို ဒီပဲယင်းမြို့ နယ်ထဲက ဒေသခံတွေဟာလည်း တခြားနယ်တွေက
လူတွေရဲ့မုန်းတီးမှု၊ လက်မခံမှုတွေကို
နှစ်ပေါင်းများစွာကြုံ့တွေ့ခဲ့ရပါတယ်။
“ဒီပဲယင်းဖြစ်ပြီး တနှစ်လောက်ကြာတော့ ကရင်ပြည်နယ်ဘက်ကို သွားတာ
အတူတူကားစီးတဲ့ ဘေးက အဖော်က ဒီပဲယင်း ကလို့ မိတ်ဆက်လိုက်တာ
အတူတူထိုင်တော့ပဲ နေရာပြောင်းထိုင်ခဲ့တယ်” လို့ပျံကျရွာက အသက် ၆၀
ဝန်းကျင် ဒေါ်သိန်း ကွန့်က ပြောပါတယ်။
ဒေသထွက်ကုန်ပစ္စည်းတွေ တင်ပို့ရောင်းချရာမှာလည်း ဒီပဲယင်းဆိုတဲ့
နံမည်ကိုမြင်တာနဲ့ လူသတ်ရွာ၊ လူသတ်သမားတွေလို့ ပြောဆိုခံရတာ
မောင်းထုတ်ခံရတာတွေကို ဒေသခံတွေ နာကျင်စွာခံစားရပါတယ်။
“ရွာကလူတွေနေမကောင်းလို့ မုံရွာမှာဆေးခန်းသွားပြတုန်းက ဆရာဝန်ကြီးက
လူသားစားရင် လူသွေးသောက်ရင် ပျောက် တယ်လို့ အပြောခံရတာ”လို့ ကြည်ရွာ(အခု
သာစည်ရွာ)ကဒေသခံ ဦးကျော်ဝင်းက သူ့ကြုံတွေ့ရတဲ့နာကျင်ဖွယ် အဖြစ်အပျက်ကို
ပြန်ပြောပါတယ်။
ဒီပဲယင်းလုပ်ကြံမှုမှာပါဝင်ခဲ့တဲ့ ဒေသခံတွေဟာ
ငွေကြေးကြောင့်၊အမိန့်ပေးစေခိုင်းတာကြောင့်လိုက်လာတာတွေရှိ ပေမယ့်
လူနည်းစုသာပူးပေါင်းပါဝင်ခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။
ဒီပဲယင်းမြို့နယ်မှာ ကျေးရွာအုပ်စုပေါင်း ၅၈ အုပ်စုရှိကာ
လူဦးရေစုစုပေါင်း ၁၇၅၀၀၀ ကျော်ရှိပါတယ် လာမယ့်ရွေးကောက်ပွဲမှာ အသက် ၁၈
ပြည့်ပြီး ဆန္ဒမဲပေးခွင့်ရှိတဲ့သူပေါင်း ၁၂၀၀၀၀ ကျော်ရှိပါတယ်။
“NLD နဲ့ ပတ်သက်ရင် အရင်ဒီပဲယင်းလိုထပ်ဖြစ်မှာ စိုးရိမ်တယ်
ဒီတခါထပ်ပြီးတော့ဒီနယ်မြေမှာ အရှုံးခံလို့မဖြစ်ဘူး အရင် အမဲစက်ကို
ဖျောက်ဖျက်နိုင်ဖို့က ဒီရွေးကောက်ပွဲမှာ ပြန်လုပ်ရမှာ
စည်းရုံးရေးခရီစဉ်တွေ လိုက်ကြည့်တော့ ကိုယ့်လို စိတ်ရှိတာတွေအများကြီးပဲ
အခုတော့ စိတ်မပူတော့ဘူး”လို့ ယင်တွေ့ရွာက မသန်းအေးကပြောပါတယ်။
ဒီပဲယင်းမြို့နယ်မဲဆန္ဒနယ်မြေက ပြည်သူလွှတ်တော်၊ အမျိုးသားလွတ်တော်၊
တိုင်းဒေသကြီးလွတ်တော်တွေမှာ ဝင်ရောက် ယှဉ်ပြိုင်မယ့်
ကိုယ်စားလှယ်လောင်းပေါင်း ၁၇
ဦးရှိပါတယ်။ဝင်ရောက်ယှဉ်ပြိုင့်မယ်ပါတီပေါင်း ၆
ပါတီရှိကာပြည်ထောင်စုကြံ့ ခိုင်ရေးနဲ့ ဖွံဖြိုးရေးပါတီနဲ့
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီတို့ဟာ
လက်ရှိအင်အားကောင်းနေတဲ့ပါတီတွေဖြစ်ပါတယ်။
ပြည်ထောင်စုကြံခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက
ကိုယ်စားလှယ်လောင်းဦးဝင်းမြင့်ဟာ လက်ရှိဝန်ကြီးတဦးဖြစ်သလို
အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်ပါတီက
ကိုယ်စားလှယ်လောင်းဦးဝင်းမြင့်အောင်ကလည်း ၁၉၉၀ ပြည်နှစ်က
ကိုယ်စားလှယ်လောင်းတစ်ဦးဖြစ် ခဲ့ပြီး ဒီပဲယင်းအရေးအခင်းမှာ
ထောင်ဒဏ်နှစ်ရှည်ကျခံခဲ့ရသူဖြစ်ပါတယ်။
“ဦးဝင်းမြင့်က မဲရချင်လို့ မျက်စိလာကုပေးတယ် ထမင်းကျွေးတယ်
လမ်းထွက်လာတဲ့ လူကို မုန့်ဖိုးပေးတာတွေလုပ်တယ်”လို့ ပျံကျရွာက ဒေသခံ
ဦးအေးသိန်းက ပြောပါတယ်။
“သူတို့ခေါ်တာလိုက်ရင် ပိုက်ဆံရတော့ လက်လုပ်လက်စားတွေဖြစ်တော့
လိုက်ကြတာပေါ့ ၇ွာတိုင်းလိုလိုက ကြံခိုင်ရေးကို သဘောမကျကျဘူး
အခုကဝမ်းရေးအတွက်လိုက်နေကြပေမယ့် မဲပေးချိန်ကတော့ NLD ပါပဲ ” လို့
ပုဂံကျေးရွာက ကြံခိုင်ရေးရဲ့ မဲဆွယ်စည်းရုံးကို လိုက်ခဲ့သူ တဦးက
ပြောပါတယ်။
ဒီပဲယင်းလုပ်ကြံမှုဖြစ်ခဲ့တဲ့ ကြည်ရွာနဲ့ ဘုရားထွက်ရွာတွေက ဒေသခံတွေကတော့
အခုချိန်ထိ ပြည်ထောင်စုကြံခိုင်ရေးနဲ့
ဖွံ့ဖြိုးရေးပါတီကိုလုံးဝလက်မခံနိုင်ကြပါဘူး။
“အရင်က ပုန်းလျိုး ကွယ်လျိုးတောင် NLD က လူတွေကို ကယ်ပေးခဲ့ရတာပါ
အခုလိုပွင့်လင်းလာချိန်မှာတော့ ပြောစရာ မလိုတော့ပါဘူး ဒီဘက်မှာက
စည်းရုံးနေစရာမလိုပဲကို လူတိုင်းက အသိစိတ်နဲ့ မဲပေးကြမှာပါ”လို့ ကြည်ရွာက
ဒေသခံ ဦးကျော်မင်းက ပြောပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကကိုယ်စားလှယ်လောင်းတွေဟာ
ဒီပဲယင်းမြို့နယ်မှာ ၇၀ ရာခိုင်နှုန်းမဲနိုင်ဖို့ မျှော်မှန်းထားကြပါတယ်။
“ဘုန်းကြီးသတ် ကျောင်းသားသတ် ပြည်သူတွေကို သတ်နေတဲ့ပါတီက လူတွေကိုတော့
မဲမပေးနိုင်ပါဘူး အဲဒီပါတီဝင်တွေရော မဲပေးမယ့်သူတွေကိုရော အံသြမိတယ်
သူတို့ပေးနေတဲ့ ငွေတွေ ပစ္စည်းတွေက တကယ်တော့ ကျုပ်တို့ပြည်သူတွေရဲ့
ပိုင်ဆိုင်မှုတွေပါ ဒါတွေကိုမြင်ရ ကြားရတာ ရင်နာတယ်” လို့
ဒေါ်သိန်းကွန့်ကပြောပါတယ်။
ဒီပဲယင်းမြို့နယ်အတွင်းက ပြည်ပနိုင်ငံတွေကို ထွက်ကာ
အလုပ်လုပ်ကိုင်သူအများအပြားရှိပေမယ့် အခုရွေးကောက်ပွဲမှာ
ကြိုတင်မဲပေးခွင့်ရသူ ပေါင်းဟာ ၄၆ ဦးသာ မဲပေးခွင့်ရပါတယ်။
လုပ်ကြံသတ်မှုဖြစ်ခဲ့ရာနေရာတဝိုက်က ပျံကျရွာ (ယခု အေးသာယာရွာ)၊
ဘုရားထွက်ရွာ (ယခု သာစည်ရွာ)၊ ငြိမ်းချမ်းရွာသစ်၊ ကြည်ရွာ၊ ယင်တွေရွာ၊
ပုဂံရွာ၊ မဲသည်ရွာက ဒေသခံတွေဟာ ထွက်ပြေးပုန်းရှောင်နေရသူ၊
ထောင်ဒဏ်ကျခံနေရသူ တွေများ စွာရှိပါတယ်။
ဒီပဲယင်းမြို့နယ်ထဲက ကျေးရွာအများစုဟာ ပြည်ထောင်စုကြံခိုင်ရေးနဲ့
ဖွံ့ဖြိုးရေးပါတီက မဲဆွယ်စည်းရုံးလာရင် အန်အယ်ဒီ သီချင်းတွေဖွင့်တာ၊
၇ွာလုံးကျွတ်အိမ်တံခါးပိတ် ထွက်နေကြတာမျိုးနဲ့တုန့်ပြန်ကြပါတယ်။
ဒီပဲယင်းမြို့ခံတွေဟာ နာကျင်စရာကောင်းတဲ့ ၁၂နှစ်တာကာလကို
ကျော်ဖြတ်ပြီးနောက် လူသတ်သမားတွေနေတဲ့နေရာလို ခေါ်ခံရတဲ့ နာမည်ဆိုးကို
ခြေဖျက်ဖို့ သံဌိဓာန်ချပြီးဖြစ်နေပါတယ်။
အသက် ၆၀ ဝန်းကျင်ရှိ ရွာသစ်ဒေသခံ
ဦးမျိုးနိုင်က“အာဏာရှိသူတွေရဲ့လုပ်ရပ်ဟာ ဒီပဲယင်းမှာ လာစုတာ ဒီအဖြစ်ဟာ
ဒေသခံတွေနဲ့ မဆိုင်ဘူးဆိုတာကို ပြဖို့ အခုရွေးကောက်ပွဲမှာ
မဲများများရဖို့လို့တယ်”လို့ သူဆုံးဖြတ်ထားတာကိုပြောပါတယ်

author မေစုကြည်



$$$မိုးညှင်းသတင်း apk မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း$$$$ မိမိတို့၏လုပ်ငန်းများကိုအချိန်တိုအတွင်းမှာလူသိများလာအောင် မိုးညှင်းသတင်း apk မှဆောင်ရွက်ပေးပါမည် $$ကြော်ငြာခနှုံးထားများ$$ တစ်ရက် နှစ်ကြိမ်တင် ၁၀၀၀ ကျပ် သတင်းapk ရဲ့ထိပ်မှာ ၁၂ နာရီကြာတင်ထားမယ်ဆိုရင် တစ်ရက် ၂၀၀၀ ကျပ် ပေးပို့ရန် ကြော်ငြာမည့်စာသား ဓါတ်ပုံ ၃ ပုံထိလက်ခံပါသည် ငွေပေးချေရန် MPT Ooredoo ငွေဖြည့်ကက်ပို့ပေးရပါမည်

No comments:

Post a Comment