Thursday 1 October 2015

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့က ကြီးမှူးကျင်းပသော မျိုးစောင့်ဥပဒေအောင်ပွဲအခန်းအနားကို ဒီနေ့ နေ့လည် ၁ နာရီမှ ညနေ ၄ နာရီအထိ ကျင်းပရာအင်းတော်ကြီးဒေသ၊ နမ္မားတိုက်နယ်၊ ဟိုပင်ဒေသ ၊ မော်ဟန်ဒေသ ဘီလူးအုပ်စုနှင့် မြို့ပေါ်ရပ်ကွက်ဒေသ အသီးသီးမှ အမျိုးဘာသာသာသနာချစ်ခင်မြတ်နိုးတန်ဖိုးထားသောဗုဒ္ဓဘာသာ ဒကာဒကာမများစုစုပေါင်း (၁ ) သိန်းကျော်နှင့်ရဟန်းသံဃာ ၄၀၀ ကျော် သီလရှင် ၁၀၀ ကျော်တို့ တက်ရောက်ခဲ့ပါသည်

မျိုးစောင့်ဥပဒေအောင်ပွဲ အင်အား(၁)သိန်း ကျော်တက်ရောက်******************************************************

Mohnyin October 1

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့က ကြီးမှူးကျင်းပသော မျိုးစောင့်ဥပဒေအောင်ပွဲအခန်းအနားကို ဒီနေ့ နေ့လည် ၁ နာရီမှ ညနေ ၄ နာရီအထိ ကျင်းပရာအင်းတော်ကြီးဒေသ၊ နမ္မားတိုက်နယ်၊ ဟိုပင်ဒေသ ၊ မော်ဟန်ဒေသ ဘီလူးအုပ်စုနှင့် မြို့ပေါ်ရပ်ကွက်ဒေသ အသီးသီးမှ အမျိုးဘာသာသာသနာချစ်ခင်မြတ်နိုးတန်ဖိုးထားသောဗုဒ္ဓဘာသာ ဒကာဒကာမများစုစုပေါင်း (၁ ) သိန်းကျော်နှင့်ရဟန်းသံဃာ ၄၀၀ ကျော် သီလရှင် ၁၀၀ ကျော်တို့ တက်ရောက်ခဲ့ပါသည်။အခန်းအနားမှူးအဖြစ် ဦးသြသဓ တိုက်ကျောင်းမှပြုလုပ်ခဲ့ပြီးမြို့နယ် မဘသ ဥက္ကဌ ဆရာတော်မှ သြဝါဒ ချီးမြင့်ခဲ့ပြီးဦးကောဝိဒ ပညာရောင်ခြည် စာသင်တိုက်မှ မျိုးစောင့်ဥပဒေ၄ ရပ် အကြောင်းဟောပြောခဲ့ပြီးမိုးဒါးစုရပ် ဘီးလူးမြသီတာ ပျော်ဘွယ် နောင်စွန်းဘီလူးမြို့ကံသာကုန်းစိမ်းရတနာမွန် မြောက်ပိုင်းမှ ဝါသနာရှင်လူငယ်များက ဂုဏ်ပြုထိုက်သူများကို ဒိုးပါတ် ရှမ်းရိုးရာအက များဖြင့် ဂုဏ်ပြုဖျော်ဖြေခဲ့ကြပြီး အခန်းအနားကို ညနေ ၄း၀၀ သိမ်းခဲ့ပါသည်။မိုးညှင်း မြသိန်းတန် ဘုရားကနေ ပြည်ထောင်စုလမ်းမကြီးတည့်တည့် ဘူတာဖက်ကွေ့ပြီးပြည်ထောင်စုလမ်းမကြီးကနေ ထီးလင်းဘုရားအထိစီတန်းလှည့်လည် လမ်းလျောက်အောင်ပွဲခံတဲ့ မျိုးချစ် လူအများကိုကြည့်ရတာ တကယ်ပီတိဖြစ်မိပါတယ်

ကျော်ထူး (ထီးလင်း)တင်း

ဓါတ်ပုံ ကူညီပေးသော မြစ်မခ သတင်းဌာနက အကို ကို ကျေးဇူးအထူးတင်ရှိပါသည်။

No comments:

Post a Comment