Thursday 1 October 2015

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးဌေးဦး၊ ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ (ဥက္ကဋ္ဌ ပူးတွဲတာဝန်) ၏ ကိုယ်ရေးအကျဉ်း *************************************************

အပြောမဟုတ် တကယ့်အပြောင်းအလဲကိုလုပ်ဆောင်ပေးနေသော ဟင်္သာတမြို့ရဲ့ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ပါ ဟင်္သာတမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးဌေးဦး၊ ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ (ဥက္ကဋ္ဌ ပူးတွဲတာဝန်) ၏ ကိုယ်ရေးအကျဉ်း ************************************************* အမည်-----------------ဦးဌေးဦး လူမျိုးဘာသာ--------ဗမာ/ဗုဒ္ဓ မွေးသက္ကရာဇ်-------၁၉၅၀ ပြည့်နှစ် မိဘအမည်-------------ဗိုလ်ကြီးကျော်စိန်(ငြိမ်း) + ဒေါ်လှလှ မွေးဖွားရာဇာတိ-----------ဟင်္သာတမြို့ ပညာအရည်အချင်း----------သိပ္ပံဘွဲ့ (ရူပဗေဒ) ဇနီးအမည်/အလုပ်အကိုင်---------ဒေါ်နီနီဝင်း မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ် နာယက ပြည်သူ့အတွက် ကျရာတာဝန်ထမ်းဆောင်ခဲ့သည်။ - တပ်စုမှူး/တပ်ခွဲမှူး/ဦးစီးအရာရှိ(ဒုဗိုလ်၊ ဗိုလ်၊ ဗိုလ်ကြီး၊ ဗိုလ်မှူး) (ကချင်-၄၊ ခလရ-၇၅၊ ရတခ၊ ခလရ-၂၊ ခလရ-၃၃၊ ရတခ)၊ ဒုတပ်ရင်းမှူး (ဗိုလ်မှူး) (ခလရ-၉၆)၊ တပ်ရင်းမှူး (ဒုတိယဗိုလ်မှူးကြီး) (ခမရ-၁၀၂)၊ စစ်ဦးစီးမှူး(ပ) (ဒုတိယဗိုလ်မှူးကြီး) (တမခ-၁၁)၊ နည်းဗျူဟာမှူး/စစ်ဗျူဟာမှူး (ဗိုလ်မှူးကြီး) (စကခ-၃၊ ရကတ)၊ ဒုစကခမှူး (ဗိုလ်မှူးကြီး) (စကခ-၄)၊ တပ်မမှူး (ဗိုလ်မှူး ချုပ်) (တမခ-၉၉)၊ တိုင်းမှူး (ဗိုလ်ချုပ်နတခ)၊ ၀န်ကြီး (သမ၀ါယမ၀န်ကြီး ဌာန)၊ ၀န်ကြီး (လယ်/ဆည် ၀န်ကြီးဌာန) ပြည်သူအတွက် ထမ်းဆောင်ခဲ့သည့် နိုင်ငံရေး/လူမှုရေးလုပ်ငန်းများ - ပင်းယဆောင် စာပေနှင့် ယဉ်ကျေးမှုကော်မတီ (အတွင်းရေးမှူး) - မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတိ (ပါတီဝင်)၊ ပြည်ခိုင်ဖြိုးအသင်း (အထွေထွေအတွင်းရေးမှူး)၊ ပြည်ခိုင်ဖြိုး ပါတီ (အထွေထွေအတွင်းရေးမှူး၊ ဒုတိယဥက္ကဋ္ဌ)၊ ပြည်ခိုင်ဖြိုးပါတီ (ဒုတိယဥက္ကဋ္ဌ/ဥက္ကဋ္ဌ ပူးတွဲတာဝန်)၊ ဟင်္သာတ မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်။ ပြည်သူ့အတွက် ဆောင်ရွက်လိုပါသည်။ - တာဝန်ကျရာ နယ်မြေတိုင်းတွင် ပြည်သူများ၏ လိုအပ်ခချက်များကို တတ်စွမ်းသရွေ့ ပါဝင်ဖြည့်ဆည်းပေး ခဲ့ပါသည်။ - ဇာတိမြေဟင်္သာတတွင်လည်း နတ်မှော်ဘုရားကြီး၊ မြို့သူကြီးစေတီတော်၊ ဦးပါရဲစေတီရင်ပြင်တော်၊ ကျောက်တော်ကြီးစေတီတော် ဘက်စုံ မွမ်းမံပြင် ဆင်ခြင်း၊ အခြားသာသနိက အဆောက်အအုံ များပြင်ဆင်ခြင်း၊ သာသနာ့ ဗိမာန်တော်ကြီး တည်ဆောက်ခြင်း၊ မီးပဒေသာပင်၊ ဆွမ်းပဒေသာပင် စိုက်ထူခြင်း၊ ဆွမ်းဆန်တော် များကို သီလရှင်ကျောင်းများ၊ ကက်စလစ်နှင့် ဘက်ပတစ် အသင်းတော် များသို့ နှစ်စဉ်လှူဒါန်းခြင်း၊ ဆိုလာမီးများ လှူဒါန်းခြင်း စသည့် အကျိုးပြူလုပ်ငန်းများကို ပိုမိုတိုးတက် ဆောင်ရွက်လိုပါသည်။ - ဆရာ၏ဂုဏ်ကျေးဇူးကို မမေ့သောအားဖြင့် အမက၊ အလက၊ အထက ကျောင်းများတွင် လက်ရှိ သင်ကြား ပေးနေသော ဆရာ၊ ဆရာမများအား လက်ရှိသင်ကြားနေသည့် ကျောင်းသား၊ ကျောင်းသူများက နှစ်စဉ် ဆရာ ကန်တော့ပွဲ ပြုလုပ်နိုင်ရန်အတွက် ငွေပဒေသာပင်စိုက်ထူခြင်း၊ စာသင် ကျောင်းများ ပြင်ဆင်ခြင်း၊ အသစ်ဆောက် လုပ်ခြင်း၊ ကျောင်းများ အဆင့်မြှင့်တင်ခြင်း၊ ထူးချွန် ကျောင်းသားကျောင်းသူများနှင့် သင်ကြားပေးသော ဆရာ၊ ဆရာမများအား ဂုဏ်ပြုခြင်း၊ ထူးချွန်စွာ အောင်မြင်သော်လည်း တက္ကသိုလ်ပညာ ဆုံးခန်းတိုင်သင်ကြားရန် အခက်အခဲရှိသူများကို ကူညီ ပံ့ပိုးရန် ဖွဲ့စည်းထားသော "ပညာပါရမီ ဖောင်ဒေးရှင်း၊ ဇာတိပါရမီဖောင်ဒေးရှင်း" တို့ကို လည်း နယ်မြေပြည်သူများ အကျိုးအတွက် ပိုမိုတိုးတက်ခိုင်မာအောင် ဆောင်ရွက် သွားလိုပါသည်။ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများနှင့် မျက်စိဝေဒနာရှင်များအား နှစ်စဉ် အခမဲ့ခွဲစိတ်ကုသပေးရန် ထူထောင်ထားသော "စက္ခုပါလဒိ ဖောင်ဒေးရှင်း" နှင့် နယ်လှည့်ဆေးကုသမှုဆောင်ရွက်ပေးရန် ထူထောင် ထား သည့် "ဟင်္သာစေတနာ နယ်လှည့်အခမဲ့ ကျန်းမာရေးစောင့်ရှောက် မှုအဖွဲ့" ကျောက်ကပ် ဝေဒနာရှင်များအား မိမိတို့ဒေသ၌ သက်သာစွာဖြင့် ကျောက်ကပ်ဆေးနိုင်ရန် ထူထောင်ထားသည့် "ဒီဃာယုဖောင်ဒေးရှင်း" တို့ကို လည်း ဆက်လက်ဆောင်ရွက် ပေးလိုပါသည်။ - တစ်ခုတည်းသော "ဘိုးဘွားရိပ်သာ" နေ အဘိုးအဘွားများ ချမ်းမြေ့စွာ နေထိုင်နိုင်ရေးအတွက် မတည် ထားသော ငွေပဒေသာပင်အပြင် အခြား သော ပံ့ပိုးမှုများကိုလည်း ထိရောက်စွာ ဆောင်ရွက်လိုပါသည်။ - ပြည်သူများအတွက် တင်ပြကြိုးပမ်းခဲ့ရသော ဟင်္သာတ-ရန်ကုန် မီးရထား လမ်းကြီးနှင့် ကျန်ရှိသော လမ်း၊ တံတားများကိုလည်း ပိုမိုကောင်းမွန်စေလို ပါသည်။ - တောင်သူလယ်သမားများ၏ လိုအပ်ချက်ဖြစ်သော စိုက်စရိတ်လုံ လောက် စွာ ရရှိရေး၊ ရေတော် မိုးတော် ဧကများဖြစ်ပေါ်ရေး၊ မျိုးကောင်းမျိုးသန့် ရရှိရေး၊ စိုက်ပျိုးရေရရှိရေး၊ လူမှုစီးပွားရေး ပိုမိုတိုးတက်စေရေးတို့ အတွက်လည်း ဖြည့်ဆည်းဆောင်ရွက်ပေးလိုပါသည်။ - မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများတွင် လျှပ်စစ်မီးရရှိရေး၊ သောက်သုံ ရေရရှိရေး၊ လမ်းများ ကောင်းမွန် ရေးနှင့် အဆင့်မီနေနိုင်ရေး တို့အတွက် လည်း ထပ်မံဆောင်ရွက်ပေးလိုပါသည်။ - ဟင်္သာတမြို့နယ် ရေဘေးကယ်/ကာကွယ်ရေးအတွက် တာတမံများ ခိုင်ခံ့အောင်ပြုပြင်ခြင်း၊ တာတမံများ မြှင့်တင်ခြင်းနှင့် ရေဘေးသင့်ပြည်သူ များ အား ပြန်လည်ထူထောင်ရေး လုပ်ငန်းများကိုလည်း ဆက်လက် ဆောင် ရွက်ပေးလိုပါသည်။ - တစ်ဦးကောင်း တစ်ယောက်ကောင်း ဆောင်ရွက်ခြင်းထက် အဖွဲ့ အစည်း ဖြင့် ဆောင်ရွက်ခြင်းက ပိုမို ထိရောက်မှုရှိသည့်အတွက် "ပြည်ခိုင်ဖြိုး" ပါတီကို ဖွဲ့စည်းထားပါသည်။ ဟင်္သာတမြို့နယ်၊ ဟင်္သတာခရိုင်၊ ဧရာဝတီတိုင်းဒေသကြီးနှင့် တစ်နိုင်ငံလုံး အတွက် ပိုမိုထိရောက်စွာ ဆောင်ရွက် နိုင်ရေးအတွက် ပြည်သူများအား အားပေးထောက်ခံကြရန် မေတ္တာရပ်ခံအပ်ပါသည်။ Hinthada Htd Usdpမှဖော်ပြသည်။

No comments:

Post a Comment