Friday 23 October 2015

" iPhone 6S ကို ျမန္မာႏုိင္ငံ၌ ႏုိင္ငံတကာႏွင့္ တစ္ေျပးညီ တရားဝင္ မိတ္ဆက္ ေရာင္းခ်ခြင့္ ရရိွၿပီ "

" iPhone 6S ကို ျမန္မာႏုိင္ငံ၌ ႏုိင္ငံတကာႏွင့္ တစ္ေျပးညီ တရားဝင္ မိတ္ဆက္ ေရာင္းခ်ခြင့္ ရရိွၿပီ "
=========

Apple Inc. ၏ iPhone Model အသစ္ 6S ထုတ္ကုန္မ်ားကို တရားဝင္ စတင္ ေရာင္းခ်ခြင့္ ရရိွသြားၿပီျဖစ္ၿပီး အဆုိပါ မိတ္ဆက္ပဲြကို ၂၀၁၅ ခုႏွစ္ ႏိုဝင္ဘာလ ၆ ရက္တြင္ ရန္ကုန္ၿမိဳ႕၌ က်င္းပ ျပဳလုပ္သြား မည္ျဖစ္ေၾကာင္း mDrive ၏ ေျပာေရးဆိုခြင့္ရိွသူ ကိုျမတ္ထူးက အင္တာနက္ဂ်ာနယ္သုိ႔ ေျပာၾကားသည္။

Apple ၏ ခြင့္ျပဳခ်က္ျဖင့္ ျပည္တြင္း၌ တရားဝင္ မိတ္ဆက္ေရာင္းခ်ခြင့္ကို ပထမဆံုးျပဳလုပ္မည့္ iPhone 6S ထုတ္ကုန္မ်ားကို ယင္းအခ်ိန္မွ စတင္၍ ႏုိင္ငံတကာႏွင့္ တစ္ေျပးညီ ဝယ္ယူ ရရိွႏုိင္ေတာ့မည္ျဖစ္ေၾကာင္း သိရသည္။

ယင္းကဲ့သုိ႔ iPhone 6S ထုတ္ကုန္မ်ားႏွင့္ ဆက္စပ္ ပစၥည္းမ်ားကို ႏိုင္ငံ တကာ၌ ျပဳလုပ္မည့္ တရားဝင္ မိတ္ဆက္ေရာင္းခ်ပဲြမ်ားႏွင့္ တစ္ေျပးညီ ဝယ္ယူရရိွႏုိင္ေတာ့မည္ ျဖစ္သည့္အတြက္ ဝယ္ယူၿပီးေနာက္ပိုင္း ဝန္ေဆာင္မႈ အတြက္ ျမန္မာျပည္တြင္း အာမခံသက္တမ္း တစ္ႏွစ္ ရရိွမည္ ျဖစ္သည္။

“သိသာသြားမွာကေတာ့ ဝယ္ယူၿပီးေနာက္ပိုင္း ဝန္ေဆာင္မႈနဲ႔ ပတ္သက္ၿပီး ႏိုင္ငံျခားပို႔ ျပင္စရာ မလုိေတာ့ဘူး။ ဒီမွာတင္ပဲ တရားဝင္ Service စင္တာေတြမွာ ပို႔ၿပီး ျပင္လုိ႔ ရၿပီ။ ႏုိင္ငံတကာေဈးကြက္နဲ႔ တန္းတူ တစ္ခ်ိန္တည္း အသံုးျပဳလာႏုိင္မယ္” ဟု Apple ၏ တရားဝင္ေရာင္းခ်ခြင့္ကို ရရိွထားသည့္ mDrive ၏ အမႈေဆာင္အရာရိွခ်ဳပ္ ကိုျမတ္ထူးက ဆုိသည္။

ျမန္မာႏုိင္ငံတြင္ တရားဝင္ မိတ္ဆက္ေရာင္းခ်ေတာ့မည့္ iPhone 6S ထုတ္ကုန္မ်ားကို လာမည့္ ႏိုဝင္ဘာလ ၆ ရက္တြင္ စတင္၍ ရန္ကုန္ၿမိဳ႕၊ ဂ်န္းရွင္းေမာ္တင္ ေဈးဝယ္ စင္တာ၌ ေရာင္းခ်သြားမည္ျဖစ္ၿပီး ႀကိဳတင္ မွာယူႏုိင္မည့္ ရက္မွာ ယခုလ ၃၀ ရက္ျဖစ္ကာ ပထမဆံုးေရာင္းခ်မည့္ ရက္တြင္ ဝယ္ယူသူ ၂၀ ဦးအတြက္ အထူးအစီအစဥ္ရိွမည္ျဖစ္ေၾကာင္း သိရသည္။
xxxxxxxxxxxxxxx

" iPhone 6S ကို မြန်မာနိုင်ငံ၌ နိုင်ငံတကာနှင့် တစ်ပြေးညီ တရားဝင် မိတ်ဆက် ရောင်းချခွင့် ရရှိပြီ "
=========

Apple Inc. ၏ iPhone Model အသစ် 6S ထုတ်ကုန်များကို တရားဝင် စတင် ရောင်းချခွင့် ရရှိသွားပြီဖြစ်ပြီး အဆိုပါ မိတ်ဆက်ပွဲကို ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၆ ရက်တွင် ရန်ကုန်မြို့၌ ကျင်းပ ပြုလုပ်သွား မည်ဖြစ်ကြောင်း mDrive ၏ ပြောရေးဆိုခွင့်ရှိသူ ကိုမြတ်ထူးက အင်တာနက်ဂျာနယ်သို့ ပြောကြားသည်။

Apple ၏ ခွင့်ပြုချက်ဖြင့် ပြည်တွင်း၌ တရားဝင် မိတ်ဆက်ရောင်းချခွင့်ကို ပထမဆုံးပြုလုပ်မည့် iPhone 6S ထုတ်ကုန်များကို ယင်းအချိန်မှ စတင်၍ နိုင်ငံတကာနှင့် တစ်ပြေးညီ ဝယ်ယူ ရရှိနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ iPhone 6S ထုတ်ကုန်များနှင့် ဆက်စပ် ပစ္စည်းများကို နိုင်ငံ တကာ၌ ပြုလုပ်မည့် တရားဝင် မိတ်ဆက်ရောင်းချပွဲများနှင့် တစ်ပြေးညီ ဝယ်ယူရရှိနိုင်တော့မည် ဖြစ်သည့်အတွက် ဝယ်ယူပြီးနောက်ပိုင်း ဝန်ဆောင်မှု အတွက် မြန်မာပြည်တွင်း အာမခံသက်တမ်း တစ်နှစ် ရရှိမည် ဖြစ်သည်။

“သိသာသွားမှာကတော့ ဝယ်ယူပြီးနောက်ပိုင်း ဝန်ဆောင်မှုနဲ့ ပတ်သက်ပြီး နိုင်ငံခြားပို့ ပြင်စရာ မလိုတော့ဘူး။ ဒီမှာတင်ပဲ တရားဝင် Service စင်တာတွေမှာ ပို့ပြီး ပြင်လို့ ရပြီ။ နိုင်ငံတကာဈေးကွက်နဲ့ တန်းတူ တစ်ချိန်တည်း အသုံးပြုလာနိုင်မယ်” ဟု Apple ၏ တရားဝင်ရောင်းချခွင့်ကို ရရှိထားသည့် mDrive ၏ အမှုဆောင်အရာရှိချုပ် ကိုမြတ်ထူးက ဆိုသည်။

မြန်မာနိုင်ငံတွင် တရားဝင် မိတ်ဆက်ရောင်းချတော့မည့် iPhone 6S ထုတ်ကုန်များကို လာမည့် နိုဝင်ဘာလ ၆ ရက်တွင် စတင်၍ ရန်ကုန်မြို့၊ ဂျန်းရှင်းမော်တင် ဈေးဝယ် စင်တာ၌ ရောင်းချသွားမည်ဖြစ်ပြီး ကြိုတင် မှာယူနိုင်မည့် ရက်မှာ ယခုလ ၃၀ ရက်ဖြစ်ကာ ပထမဆုံးရောင်းချမည့် ရက်တွင် ဝယ်ယူသူ ၂၀ ဦးအတွက် အထူးအစီအစဉ်ရှိမည်ဖြစ်ကြောင်း သိရသည်။

http://www.internetjournal.media/news/4581



၂၀၀၈ ဖြဲ႕စည္းပံုဥပေဒမွာ ေရြးေကာက္ပြဲမွာ အႏိုင္ရသူ (ဝါ) ၅၁% အႏိုင္ရသူ (ဝါ) ပါတီက အစိုးရဖြဲ႕ခြင့္ရမယ္လို႔ မပါ,ပါဘူး။ ဖြဲ႕စည္းပံုအရ ျပည္သူ႔လႊတ္ေတာ္ အစုအဖဲြ႕ က တင္ေျမႇာက္ေသာ ဒုသမၼတ၊ အမ်ိဳးသားလႊတ္ေတာ္ အစုအဖဲြ႕က တင္ေျမွာက္ေသာ ဒုသမၼတ၊ တပ္မေတာ္သားကိုယ္စားလွယ္ အစုအဖဲြ႕က တင္ေျမွာက္ေသာ ဒုသမၼတ ဆိုတဲ့ သံုးေယာက္ထဲက တစ္ေယာက္ကသာ သမၼတႀကီး အျဖစ္ ေရြးေကာက္တင္ေျမွာက္ခံရၿပီး ထိုသူကသာ အစိုးရဖြဲ႕ခြင့္ရမွာ ျဖစ္ပါတယ္။ ေငြကုန္အသံျပာ၊ အိမ္မွာရိွတဲ့ဆန္ပါ ဆန္ကဲြျဖစ္မွာ စိုးလို႔ သတိေပးရျခင္းပါ

No comments:

Post a Comment