Sunday 18 October 2015

ယခုနှစ်စီးပွားရေး တက္ကသိုလ်များ၏ဝင်ခွင့် အနိမ့်ဆုံးအမှတ်စာရင်းများ အကြမ်းဖျင်းသတ်မှတ်

ယခုနှစ်စီးပွားရေး တက္ကသိုလ်များ၏ဝင်ခွင့် အနိမ့်ဆုံးအမှတ်စာရင်းများ အကြမ်းဖျင်းသတ်မှတ်

+++++++++++++++++++++++++++++++++++++++++++

ရန်ကုန်၊ အောက်တိုဘာ ၁၇-ယခု နှစ်စီးပွားရေးတက္ကသိုလ်များသို့ ဝင် ခွင့်ရရှိသော အနိမ့်ဆုံးအမှတ်စာရင်း များကို အကြမ်းဖျင်း သတ်မှတ်ထား ရှိပြီးဖြစ်ကြောင်း သိရသည်။

ယခုနှစ် တက္ကသိုလ်ဝင်တန်း အောင်မြင်သူများ လျှောက်ထားခဲ့သော စီးပွားရေးတက္ကသိုလ်များ၏ ဝင်ခွင့် ရအနိမ့်ဆုံးအမှတ် စာရင်းများကို အ ကြမ်းဖျင်းရွေးချယ်ထားပြီး ရန်ကုန် စီးပွားရေးတက္ကသိုလ်၏ အနိမ့်ဆုံးဝင် ခွင့်အမှတ်မှာ ၄၂၁ မှတ်ဖြစ်ပြီး မိတ္ထီ လာစီးပွားရေးတက္ကသိုလ်၏ အနိမ့် ဆုံးဝင်ခွင့်အမှတ်မှာ ၄၀၆ မှတ်ဖြစ် ကြောင်း မုံရွာစီးပွားရေးတက္ကသိုလ် အနိမ့်ဆုံးဝင်ခွင့် အမှတ် မှာ ၄၀၀ မှတ် ဖြစ်ကြောင်း တက္ကသိုလ်ဝင်ခွင့်ရွေး ချယ်စိစစ်ရေးအဖွဲ့မှ သိရသည်။

''အမှတ်တွေက အတည်တော့ မဖြစ်သေးပါဘူး။ အကြမ်းဖျင်းအနေ နဲ့ ဝင်ခွင့်ရရှိထားသူတွေရဲ့ အမှတ် တွေကိုစဉ်လိုက်တော့ တက္ကသိုလ်အ သီးသီးက ဝင်ခွင့်ရဦးရေနဲ့ အနိမ့်ဆုံး အမှတ်တွေ ရရှိထားတာပါ။ ဒီကြား ထဲမှာ နယ်ပြောင်းသွားတာ ၊ ကျောင်း ပြောင်း သွားတာတွေရှိလာရင် အမှတ် အပြောင်းအလဲရှိချင်ရှိလာမှာပါ'' ဟု တက္ကသိုလ်ဝင်ခွင့်ရွေးချယ်ရေးအဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယခုနှစ် တက္ကသိုလ်ဝင်ခွင့်တွင် စီးပွားရေးတက္ကသိုလ်အသီးသီးမှ တက္က သိုလ်ဝင်တန်းတွင်
မည်သည့်ဘာသာ တွဲဖြင့်ဖြစ်စေ အောင်မြင်ပြီး ဘာသာ ရပ်အသီးသီးတွင် အနိမ့်ဆုံး ၅၀ မှတ် ရရှိပြီး စုစုပေါင်းရမှတ် ၃၅၀ ရရှိသူ များကို ဝင်ခွင့်လျှောက်ထားခွင့်ပြုခဲ့ သည်။

''ဒီနှစ် ဆရာမကြီးတို့ကျောင်း က စုစုပေါင်းကျောင်းသား ၁၂၀၀ ခေါ်ပါမယ်။ ဘွဲ့ကြိုတန်းအတွက်ပေါ့။ ဘာသာရပ်စုစုပေါင်းက ရှစ်ခုအထိ ရှိပါတယ်။ ဒီနှစ် ဆရာမကြီးတို့ကျောင်း အမှတ်က ၄၂၁ မှတ်လို့တော့သိရ တယ်။ ဒါပေမဲ့ ဒါက အကြမ်းဖျင်းလို့ ပဲသိထားပါတယ်'' ဟု ရန်ကုန်စီးပွား ရေးတက္ကသိုလ်ပါမောက္ခချုပ် ဒေါက် တာခင်နိုင်ဦးက ပြောသည်။

ရန်ကုန်စီးပွားရေး တက္ကသိုလ် မှ ယခုနှစ် ဝင်ခွင့်လက်ခံရာတွင် အောက်မြန်မာပြည် ဒေသ ခုနစ်ခုမှ ကျောင်းသ ကျောင်းသူ များကို လက် ခံခဲ့ပြီး မိတ္ထီလာစီးပွားရေးတက္ကသိုလ် မှ ယခုနှစ်တွင် မြန်မာပြည်အလယ် ပိုင်းဒေသလေးခု မှ ကျောင်းသား၊ ကျောင်းသူများကို
လျှောက်ထားခွင့် ပြုခဲ့ကြောင်း မုံရွာစီးပွားရေးတက္က သိုလ်သည် အထက်မြန်မာပြည် ဒေသ လေးခု မှ ကျောင်းသား၊ ကျောင်းသူ များကို ဝင်ခွင့်ပြုထားကြောင်း သိရ သည်။

ယခုနှစ်တွင် စီးပွားရေးတက္က သိုလ်အသီးသီးသို့ သတ်မှတ်ထားသော တိုင်းဒေသကြီးပြည်နယ်များမှလွဲပြီး ကျန်တိုင်းနှင့်ပြည် နယ်များက လျှောက် ထားလိုသူများသည် သတ်မှတ်အမှတ် များကိုမီပါက လျှောက်ထားခွင့်ပြု ထားပြီး ယင်းတို့ကို စီးပွားရေးတက္က သိုလ်များသို့ ဝင်ခွင့်ရရှိသူများ၏ ၁၀ ရာခိုင်နှုန်းကို ဝင်ခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။

ATK

#Democracytoday



$$$မိုးညှင်းသတင်း apk မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း$$$$ မိမိတို့၏လုပ်ငန်းများကိုအချိန်တိုအတွင်းမှာလူသိများလာအောင် မိုးညှင်းသတင်း apk မှဆောင်ရွက်ပေးပါမည် $$ကြော်ငြာခနှုံးထားများ$$ တစ်ရက် နှစ်ကြိမ်တင် ၁၀၀၀ ကျပ် သတင်းapk ရဲ့ထိပ်မှာ ၁၂ နာရီကြာတင်ထားမယ်ဆိုရင် တစ်ရက် ၂၀၀၀ ကျပ် ပေးပို့ရန် ကြော်ငြာမည့်စာသား ဓါတ်ပုံ ၃ ပုံထိလက်ခံပါသည် ငွေပေးချေရန် MPT Ooredoo ငွေဖြည့်ကက်ပို့ပေးရပါမည်

No comments:

Post a Comment