Saturday 16 May 2015

မိုးညှင်းဆေးရုံအရောက်တာဝန်ကျသူနာပြုဆရာကကျွန်တော်တို့အဖွဲ့ကိုဒေါသပါသောလေသံနဲ့ခင်များတို့ကလူနာကိုအောက်မှာချထားရသလားတဲ့

မနေ့ည9း15pm. Five Star ဆိုင်ရှေ့၌လူတစ်ယောက်ဆိုင်ကယ်တိုက်ပြီးသတိမေ့နေပါတယ်လို့ကျွန်တော်ကိုဖုန်းသတင်းပေပြီးလူနာအားဆေးရုံသို့ပို့ပေးရန်အကြောင်းကြားလာပါ၍အရေးပေါ်ယာဉ်ဖြင့်ဆေးရုံသို့ပို့ဆောင်ပေးသောအခါမိုးညှင်းဆေးရုံအရောက်တာဝန်ကျသူနာပြုဆရာကကျွန်တော်တို့အဖွဲ့ကိုဒေါသပါသောလေသံနဲ့ခင်များတို့ကလူနာကိုအောက်မှာချထားရသလားဆို့ပြီးမိုက်ရိုင်းစွာပြောဆို့ဟောက်ငမ်းနေတာဟာမဖြစ်သင့်တဲ့ကိစ္စပါကျွန်တော်တို့အဖွဲ့ဟာပရဟိတသမားတွေစစ်စစ်ပါလို့ရဲရဲကြီးသစ္စာဆိုရဲပါတယ်အမှန်အားဖြင့်လူနာကိုထမ်းစင်နဲ့ချထားတာပါကျွန်တော်တို့အဲ့ဒီသူနာပြုဆရာပြောရလောက်အောင်မရိုင်းကြပါဆေးရုံကဝန်ထမ်းတွေကိုပြည်သူတွေကလေးစားသမှုနဲ့ဆရာ ဆရာမလို့ခေါ်ဝေါ်သုံးနှုန်းကြတာကို့မထီမဲ့မြင်ပြုပြီးဟောက်ငမ်းပြောဆိုဆက်ဆံနေတာတောမကောင်းပါဘူးပရဟိတလုပ်ပေးပြီးကူညီပို့ဆောင်ပေးသောသူများကိုတောင်ဒီလိုပြောဆိုဆက်ဆံနေပါလျှင်ဆေးရုံလာရောက်ကုသသောလူနာအားမည်သို့မည်ပုံဆက်ဆံပြောဆိုမလဲဆိုတာအဲဒီသူနာပြုဆရာနဲ့တွေထိဆက်ဆံဖူးသောလူနာများသိရှိခံစားကြရမှာတော့အမှန်ဖြစ်မှာပါ

posts by

Nyi Nyi



MPTnet

No comments:

Post a Comment