Tuesday 5 May 2015

ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကြော့ပွဲစဉ်အဖြစ် ဒီည ယူဗင်းတပ် နဲ့ ရီးယဲလ်မက်ဒရစ်တို့ ကစားခဲ့တဲံ ပွဲမှာ အိမ်ရှင် ယူဗင်းတပ်က ၂ ဂိုး ၁ ဂိုး နဲ့ အနိုင်ရသွားပါတယ်။

ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကြော့ပွဲစဉ်အဖြစ် ဒီည ယူဗင်းတပ် နဲ့ ရီးယဲလ်မက်ဒရစ်တို့ ကစားခဲ့တဲံ ပွဲမှာ အိမ်ရှင် ယူဗင်းတပ်က ၂ ဂိုး ၁ ဂိုး နဲ့ အနိုင်ရသွားပါတယ်။ ယူဗင်းတပ်အတွက် အဖွင့်ဂိုးကို ၈ မိနစ်မှာ မိုရာတာက သွင်းပေးခဲ့ပြီး ဒုတိယဂိုးကိုတော့ ကာလော့တဲဗက်က ပင်နယ်တီ ကန်သွင်း ခဲ့တာပါ။ ရီးယဲလ်အတွက် တစ်ဂိုးကို ရော်နယ်ဒိုက ၂၇ မိနစ်မှာ ခေါင်းတိုက်သွင်းယူ ပေးခဲ့တာ ဖြစ်ပါတယ်။ အဝေးဂိုး တစ်ဂိုး ရထားတဲ့ ရီးယဲလ် လာမယ့် အပတ် မေ ၁၃ မှာ ဒုတိယအကြော့ သူ့ကွင်းမှာ ကစားတဲ့အခါ အနိုင်ရအောင် ကစားရတော့မှာ ဖြစ်ပါတယ်။


No comments:

Post a Comment