Tuesday 5 May 2015

ဒါဆို မင်းတို့ခင်းထားတဲ့လမ်း ဖုန်မထအောင် အရင်လုပ်ကြည့်လေ..

ဒါဆို
မင်းတို့ခင်းထားတဲ့လမ်း
ဖုန်မထအောင် အရင်လုပ်ကြည့်လေ..

အီး........ လမ်းကသဲများများ
ကတ္တရာနည်းနည်းခင်းထားလို့
တစ်မြို့လုံးမနက်မနက်ဆိုရင်
ဖုန်မြူဆိုင်းနေတာ

မင်းတို့လမ်းဖုန်ကင်းအောင်အရင်လုပ်လိုက်
ဒါမှမင်းတို့ရေးထားတာလိုက်နာမယ်၊
ပြီးရင် ငါတို့နှာခေါင်းတွေမင်းတို့
ကောင်းကောင်းမြင်ရမယ်

ဘာပုဒ်မ
တတ်မှာလဲ
အမှုနာမယ်က ဘာတဲ့လဲ
လမ်းတွေ ဖုန်ထတာရော
လမ်းခင်းတဲ့ကောင်တွေကို
ဖမ်းလို့ရလား

by ကြည်သာ မိုးမြင့်


No comments:

Post a Comment