Saturday 16 May 2015

မြစ်ဆုံ-မန္တလာ(37 Up)ရထားနှင့် မြန်မာ့ မီးရထားအား လိမ်ညာနေသော တိုင်းအဆင့်အရာရှိများနှင့် တာဝန်ကျ မီးရထား ဝန်ထမ်းးများ

မြစ်ဆုံ-မန္တလာ(37 Up)ရထားနှင့် မြန်မာ့ မီးရထားအား လိမ်ညာနေသော တိုင်းအဆင့်အရာရှိများနှင့် တာဝန်ကျ မီးရထား ဝန်ထမ်းးများ

15-5-2015 နေ့က ၃၇ အဆန် မြစ်ဆုံရထားကြီးဟာ မန္တလေးကနေ အချိန်မှန် နေ့လည် ၁၀း၂၀ နာရီထွက်ခွါံ ရမည် ဖြစ်သော်လည်း ၆း၅၅နာရီ နောက်ကျပြီး ညနေ ၅း၁၅ နာရီမှ ထွက်ခဲ့ရပါတယ်။မိုးညှင်းကို 16-5-2015 နံနက် ၈း၃၀ နာရီမှာ ရောက်ရှိပြီး အချိန်ကြာမြင့်စွာ ရပ်နေ၍ ရထားရှေ့ ပိုင်းကို သွားကြည့်ရာ မိမိတို့အားသယ်ဆောင် ခုတ်မောင်းလာတဲ့ရထားစက်ခေါင်းကြီးမရှိတော့ပါဘူးရှင့်။ဒါနဲ့ကျမလည်း ရထားအခြေအနေ သိရှိရအောင် ဘူတာကို သွားရောက်စုံစမ်းရာမှာ တာဝန်ကျဝန်ထမ်းတွေ အခြေအတင် စကားတွေကြားက မေးမိပါတယ်။ ဝန်ထမ်းတဦးက မဖြေချင် ဖြေချင်ဖြင့် စက်ခေါင်း ပျက်သွားလ်ို့ မိုးညှင်း စက်ရုံ ဝင်သွားကြောင်းနှင့် မြစ်ကြီးနားဘက်မှ ဆင်းလာတဲ့ ကုန်ရထား စက်ခေါင်းတစ်လုံးဖြင့် အစားထိုး မောင်းနှင်မှာ ဖြစ်တဲ့ အကြောင်း အနဲဆုံး ၂း၃၀ နာရီခန့်ကြာမည်ဖြစ်ကြောင်း ပြောတာနဲ့ ရာသီဥတု ပူပြင်းမှုကြောင့် မိမိစီးနင်းရာ တွဲ ၈ ကို မပြန်တော့ဘဲ ဘူတာရုံးခန်းရှေ့ ခရီးသည်ထိုင်ခုံမှာ ထိုင်ခဲ့ပါတယ်။ ဒီမှာတင် ဘူတာရုံးခန်းအတွင်းကပူညံပူညံ ဝန်ထမ်းစကားပြောနေတာကြားခဲ့ရတာကို မြန်မာ့ မီးရထား တာဝန်ရှိသူများ သိရှိစေရန် အဓိကထား တင်ပြသွားပါမယ်။မန္တလေးကနေ မိုးညှင်းထိ မောင်းလာတဲ့ DF-1342 စက်ခေါင်းကြီးဟာမိုးညှင်းရောက်မှ ရထား လုပ်ဆောင်မှု ရပ်ခဲ့ရတာက စက်ခေါင်းရဲ့ ဝန်ရိုး အမှတ် ၆ Bearing Housing အပေါ်ပိုင်း မော်လူး ဘူတာ အတွင်းပြုတ်ကျခဲ့လို့ပါ။ရထားစက်ခေါင်း ပေါ်က တာဝန်ရှိသူတွေ အဲလိုပြုတ်ကျမှန်းမသိခဲ့ပါဘူး။မော်လူး ဘူတာ ဝန်ထမ်းက သိရှိ အကြောင်းကြားလို့သာ စက်ခေါင်းလိုက် ဝန်ထမ်းတွေ ကာဒူ ဘူတာကအကြောင်းကြားမှ သိရတာ။မိုးညှင်းဘူတာမှာ မိုးညှင်းစက် ရုံ မှ တာဝန်ရှိသူများ လာရောက်စစ်ဆေး ရာ ရထား လုပ်ဆောင်မရတော့သောကြောင့် အခြား စက်ခေါင်း အကူအညီ တောင်းခံခဲ့ရတာပါ။မောင်းနှင်လာတဲ့ရထားစက်ခေါင်းမောင်းကို မန်းလေးမှာ ရှိတဲ့ DME ,AME ,Foman တို့က စက်ခေါင်းရဲ့ ဖြစ်စဉ်အမှန်ကို မပြောဘို့ မတင်ပြဘို့နဲ့ ၊ အမှန်တင်ပြပါက မန္တလေးစက်ရုံ ထုထောင်းခံရမှာ စိုးတာကြောင့် Expressor အားနည်းချို့ယွင်းမှု့ကြောင့် Vacuum မရတာ အကြောင်းပြခိုင်းပါတယ်။ကဲ .....ကောင်းကြ သေးရဲ့လား မြန်မာ့ မီးရထားကြီးရဲ့---------?မန္တလေးစက်ခေါင်းရုံ စက်ပြင် (လူ ) စစ်ဆေးပြုပြင်မှုနဲ့ တာဝန်ခံအုပ်ချုပ်မှုအားနည်းချက်ကြောင့် ခုလိုဖြစ်ရတာကိုဖုံးဖိချင်တဲ့သဘောပါ။မဖြစ်သင့်တဲ့ စက်ခေါင်းချို့ယွင်းမှုကြောင့် ရထားလည်း နှောင့်နှေး ကြန့်ကြာသလို ခရီးသည်တွေ ရဲ့ လိုရာခရီးရောက်ဖို့ အချိန်တွေ ကုန်ဆုံး မှု ဖြစ်ခဲ့ရတာကြောင့် လူ့စွမ်းအားအရင်းအမြစ်တွေ ဆုံးရှုံးခဲ့ရပါတယ်။မြစ်ဆုံမန္တလာ အမြန်ရထားကို ကန်ထရိုက်ယူခဲ့တဲ့ အများပိုင် ကုမ္ပဏီ က တစ်ရက် ၆၉ သိန်း နဲ့ ရထားကို ပေးဆောင်ပေမယ့် မြန်မာ့ မီးရထား ဝန်ထမ်းတွေ ပေါ့ဆလိမ်ညာ မှု တွေအောက်မှာ အချိန်တွေ ပျောက်ဆုံး ပြီး မီးရထားဝင်ငွေ လျော့နည်းလာတာအမှန်ပါ။တိုင်းအတွင်း တာဝန်ကျတဲ့ controllerတွေကလည်း ခေါက်ကြေး ပုံမှန်ရနေတဲ့ ၉၃၇ -၉၃၈ ကုန်ရထားလောက်ဘဲစိတ်ဝင်စားနေတာပါ။လူစီးရထားက ခေါက်ကြေး မရှိတော့ မျက်နှာလွှဲ ခဲပစ်ပါ။နေ့စဉ်မီးရထားကို ၆၉ သိန်း ပေးဆောငိနေတဲ့မီးရထားက ခုလိုနောက်ကျရင်းနဲ့ ရထားဖျက် တစ်ရက်ပျောက်က ဖျက်သိမ်းရတာတွေလဲ ရှိခဲ့ပါတယ်။အရှုံးပေါ်တယ်ဆိုတာ ဒါတွေပါနေပါတယ်။ဒီလိုမျိုး မဖြစ်အောင် ဘယ်အရာရှိက မှ ထောက်မပြသလို ဘယ်သူကမှ လာအရေးမယူပါဘူး။ီ



MPTnet

No comments:

Post a Comment