Sunday 3 May 2015

မနေ့ကချင်ပြည်နယ် မိုးညှင်းခရိုင် နန်းမားမှာ No,4 သမား(၅၀)ကျော်ဖမ်းဆီးမိတာဝန်ရှိသူတွေသူတို့ရဲ့ဘဝကိုဘယ်လိုလုပ်ပေးကြမလဲ

မနေ့ကချင်ပြည်နယ် မိုးညှင်းခရိုင် နန်းမားမှာ No,4 သမား(၅၀)ကျော်ဖမ်းဆီးမိ

တာဝန်ရှိသူတွေသူတို့ရဲ့ဘဝကိုဘယ်လိုလုပ်ပေးကြမလဲ

အားလုံးထောင်ချမယ်ဆိုရင်တော့လက်မခံဘူး

သူတို့ဘာကြောင့်သုံးရလဲ

ရောင်းချတဲ့သူမရှိပဲနဲ့ဒါမျိုးမဖြစ်ဘူး

ထောင်မချပဲနဲ့လူငယ်သင်တန်းကျောင်းတွေကိုပို့ပေးပါ

တောင်းဆိုပါတယ်


facebok မှာယခုဖမ်းဆီးမူ့အပေါ်သူတို့အမြင်များ

**Naymin Sun **

ဖမ်းတဲ့သူတွေမှားနေတယ် ဆေးစွဲနေတာကဒုက္ခရောက်နေပါတယ်ဆိုထောင်ထဲရောက်ပြန်တော့လည်းတဒုက္ခတကယ်တမ်းမင်းတိုးဖမ်းသင့်တာတွေကလက်ကြီးသမားတွေပါကွယ်ဒါပေမယ့်မင်းတို့မဖမ်းရဲဘူးမဟုတ်လား မူးယစ်ဆေးဝင်လာတဲ့အထူးဒေသတွေ kia တို့ရှမ်း တောင် ရှမ်းမြောက် ၀ အထူးဒေသတွေမှားပိတ်ဖမ်းလေ မဖမ်းရဲဘူးမဟုတ်လား မင်းတို့ကိုဟိုက အတိုနဲ့ထည့်လွတ်လိုက်မယ်လေ သူတို့ရဲ့အဓိကစီးပွားရေးလေ ကချင်ပြည်ဘက်ဆိုလဲပေါမှပေါ ဖမ်းတာတော့ဖမ်းကြပေါ့ မင်းတို့လက်ထဲကဒုတ်တွေက ဥပဒေ အထက်ကနေလုပ်နေသလိုဘဲ မင်းတို့က မူးယစ်မှုနဲ့တရားစွဲရင် မင်းတို့ကိုတရားမဝင်ဒုတ်ဓားလက်နက်ကိုင်ဆောင်မှုရယ် ရိုက်နက်ညှင်းပန်းနိုပ်စက်ပမှုရယ်တရားပြန်စွဲဖို့ဘယ်အပေါက်းတွေကမဟတာလဲ မြို့ပေါ်မှာတိုက်ကြီးတွေဟီးနေအောက်ဆောက်နေတဲ့ Kia သူပန်တွေကိုဘယ်ရဲကဖမ်းပြီးဘယ်တရားရုံးကတရားစွဲလဲ အော် ဆေးစွဲတာက တဒုက္ခ ပါဆိုဖြတ်ပေးမယ်လို့တော့နားလည်အောင်ကူညီမယ့်လို့တော့ကိုယ်ချင်းစားမထားကြဘဲနဲ့ လူပုံအလည်မှာဆောင့်ထိုင်ပြီးစောက်ရှက်ခွဲခံနေရတာက တဒုက္ခ ဖိုးသမားဘဝဒုက္ခရောက်နေပါတယ်ဆို နိုင်ငံတော်ကောင်းစေချင်တဲ့ ဆန္ဒရှိကြတယ်ဆိုရင် စက်ကြေးတောင်းနေတဲ့ သူပုန်တွေကို မင်းတို့လက်ထဲမှာကိုင်ထားတဲ့ဟာကြီးနဲ့ စက်ကြေးမတောင်းပေးပါနဲ့လို့ပြောပေးပါလား မူးယစ်ဖမ်းဆီးရေးလူငယ်အဖွဲ့ရယ်

**Mu Phy**

ဒီမှာလဲဖမ်းသင့်နေပါပြီ အရင်ကဆို ဆင်တရပ် ရေချိုးဆိပ်မှာ အေးဆေး ချိုးလို့ ရတယ် ခုတော့ ဆေးထိုးအပ်ထိမှာကြောက်နေရတယ်

**Htwe Lay**

ကချင်ပြည်နယ်တစ်ခုလုံးမှာဖမ်းရမှာ

**Ai Sain**

ရောင်းတဲ့သူတွေကိုလည်းဖမ်းသင့်ဘာတယ်

**Minnlwym Linnhtet**

သုံးတဲ့သူပဲဖမ်းတာလား
ရောင်းတဲ့သူရော မဖမ်းဘူးလားဗျ

**Mee Mee**

အမြစ်ပြတ်အောင်လုပ်ပေးပါ
ဖြန့်တဲ့လူတွေကိုရောဖမ်းပေးပါ

**Minnlwym Linnhtet**

အဲ့ဒါတော့ တိဝူး
အရင်ကတော့ ဟိုပင်ဘက် မှာ စခန်းမှူး တာဝန်ကျချင်ရင် ပုံးကို ဆယ်ချီပြီး ကန်တော့မှရတယ်ဆိုပဲ

**Htun Htun Naing**

မိုးညှင်းက ဖမ်းရင်ဒီထက်မကဘူး၊ သုံးတဲ့လူရော ရောင်းနေတဲ့လူတွေရော၊ မေးခွန်းထုတ်စရာတော့ကောင်းနေပြီ။

**Nay Zaw**

ဆေးသမားတွေကိုဟန်ပြဖမ်းတာပါ
သက်ဆိုင်ရာကိုငွေပေးပြီးအကြီးအကျယ်ရောင်းစားနေတဲ့သူကိုမဖမ်းပါဘူး

**Han Nyi Tun**

ရောင်းတဲ့သူတာလျင်အဓိကပါ ရောင်းသူကိုသာဖမ်းနိုင်လျင် သုံးသူဘာမှလုပ်မရပါ

**Nyein Chan Naing**

မြို့တိုင်းမှာ မက်သဒုံး တိုက်တဲ့အဖွဲ့တွေ
ရှိရင်တော့နဲနဲသက်သာမယ်ထင်တယ်

ရောင်းတဲ့သူတွေကိုရောမဖမ်းဘူးလား အဲကောင်တွေကိုပိုဖမ်းရမှာပါ်

**zaw moe win**

တိုက်တစ်လုံးကားတစ်စီးပေးပြီး မသုံပါနဲ့  လိမ္မာနေပါပြောရမလား   သဘာဝဘေးအန္တ ရာယ်ကြောင့် ဒုက္ခရောက်ရသူတို့  ဒုက္ခိတဘဝနဲ့ ဆွေမကူညီမဲ့ သူတို့ ရဲ့ ဘဝကိုထောက်ပံ့ ရတာကုသိုလ်ရတယ် အဓိပ္ပာယ်ရှိတယ်  ကွမ်းစားလို့ ကျောက်တည် အရက်သောက်လို့ အသည်းကျွမ်း  ကိုယ်ကြိုက်လို့ ကိုလုပ်ကြတာ ဘယ်လိုလုပ်ရမှာလည်း  ကျန်တဲ့ ဥပဒေတွေထားသင့်မထားသင်ထက် ဒါသုံးစွဲအန္တ ရာယ်ဖြစ်စေဆိုတာ မိဘကရှင်းပြလည်းနားထောင်တဲ့လူကခပ်ရှားရှား  ငါဒါသုံးရင်ထောင်ကျမှာပါလား ဒါကြောင့်ထောင်ကြပါလားဆိုတဲ့ အကြောက်တရားနဲ့ ပဲ အများစုကဆင်ခြင်မှုရတာပါ  ကွမ်းစားတယ် ကျောက်တည်မယ် တခြားကင်ဆာအစရှိတာတွေဖြစ်မယ်    ဒါကိုဘေးကမစားနဲ့ ကောင်းစေချင်လို့ ပြော နားဝင်တဲ့သူရှိတယ် မဝင်တဲ့သူရှိတယ်  ကွမ်းစားရင်ထောင်ကျမယ် ဥပဒေရှိရင်  သူဆင်ချင်အုံးမယ် လူသတ်တယ် ပုဒ်မ ၃၀၂ နဲ့ ထောင်ကြခံရမယ် မရှိရင်သတ်နေလိုက်မှာ   မိန်းကလေးကာအိန္ဒြပျက်စီးရင် ပုဒ်မ ၃၅၄  နဲ့ထောင်ကျမယ်   ဥပဒေမရှိရင်လမ်းတွေ့ မိန်းကလေးလက်လိုက်ဆွဲနေကြမှာ  နှမချင်းစာနာတဲသူရှား  ကောင်တဲ့သူတွေအများကြီးရှိပါတယ်   ကျွန်တော်ဆိုချင်တာက တချို့ သောသူတွေဟာ အကြောက်တရားလေးဖက်ပြီးသင်ခန်းစာပေးပါမှ  အသိရလာကြတာ    

**mohnyin shan**
              ကျနော့်အမြင်ပြောရရင်သုံးစွဲသူထက်ရောင်းချတဲ့သူ
အဲဒီကတဆင့်ဖြန့်ချိတဲ့သူကိုဖမ်းရင်ပိုပြီးထိရောက်မယ်လို့ထင်ပါတယ်
အခုဖြစ်နေတာကများများရောင်းနေတဲ့သူကအဖမ်းမခံရပဲချမ်းတောင်ချမ်းသာနေသေးတယ်    

     **tin soe**               
ရဲကိုအရင်ထောင်ချလိုက်ပါ

No comments:

Post a Comment