Tuesday 26 May 2015

ကချင်ပြည်နယ် မိုးညှင်းမြို့ အထက(၂) ကျောင်းတော်ကြီး။ အုပ်ချုပ်မှုကော်မတီ၏ ပန်ကြားချက်

ဒီ ပုံစံမျိုး အုတ်နံကပ်။အလှုမီနီယံသွပ်မိုး ရေလောင်းအိမ်သာ ဆောက်ရန်။ပုံပါ လက်ရှိအသုံးပြုနေဆဲ။ ဒီ အထက(၂)ကျောင်းတော်ကြီးမှာ ပညာနို့ရည်စို့ခဲ့ကြသောသူ အပေါင်းတို့ခင်ဗျား။ မိခင်ကျောင်းတော်ကြီးကို နှစ်ရှည်လများ မေ့လျော့ပြီး ပစ်မထားကြပါနဲ့အုံးခင်ဗျား။ သက်ရှည်အိုမင်းလာတဲ့ မိခင်ကြီးဟာ သား သမီးတို့ရဲ့မေတ္တာကို မျှော်လင့်နေပါတယ်။ မျိုးဆက်သစ် ညီငယ်ညီမငယ်တို့အတွက် အခုအလိုအပ်ဆုံး ရေလောင်းအိမ်သာ ၁၀ လုံးလောက်ကို အကိုကြီး အမကြီးဖြစ်သူတွေက တာဝန်ယူတတ်တဲ့သူတွေအနေနဲ့ ဆောက်လုပ်အလှူပေးကြရအာင်ဗျာ။ မိလ္လာကန်ကြီးက ရှိပြီးသားဆိုတော့ တစ်ခန်းကို ၁၈၀၀၀၀ ကျပ်လောက်ကုန်မယ်လို့ ခန့်မှန်းထားတယ်။တတ်နိုင်တဲ့စေတနာရှင်တွေ တစ်ခန်းတတ်နိုင်။ နှစ်ခန်းတတ်နိုင် အလှူပေးကြပါခင်ဗျား။အခန်းရှေ့မှာ အလှူရှင်ကို ကမ္ဗည်းထိုးပေးပါ့မယ်။ လက်ဆင့်ကမ်းပြီးဝိုင်းရှယ်ပေးကြပါအုန်းဟု နိုးဆော်တိုက်တွန်းလိုက်ပါတယ်။ မိုးညှင်မြို့ အထက(၂)ကျောင်း ကျောင်းအုပ်ချုပ်ရေးကော်မတီ ကိုယ်စား ကိုလင်းနိုင်(အတွင်းရေးမှုး) ၀၉၂၅၆၀၇၆၁၈၁

လေအဟုန်ကြောင့် ကျောင်းအဝင် ဆိုင်းဘုတ် မြေခနေပုံ



www.mohnyinnews.blogspot.com

No comments:

Post a Comment