Monday 4 May 2015

ကျွန်တော်တို့ ရဲ့ လူမှုပတ်ဝန်းကျင်မှာ တစ်ဦး နဲ့ တစ်ဦး ဆက်ဆံရေးအဆင်မပြေလို့  ကိုယ်စိတ်ဆင်းရဲ နေကြရတာ နေ့ စဉ်မြင်တွေ့  နေရပါတယ်"

ကျွန်တော်တို့ ရဲ့ လူမှုပတ်ဝန်းကျင်မှာ
တစ်ဦး နဲ့ တစ်ဦး ဆက်ဆံရေးအဆင်မပြေလို့ 
ကိုယ်စိတ်ဆင်းရဲ နေကြရတာ နေ့ စဉ်မြင်တွေ့ 
နေရပါတယ်"
လူတစ်ဦးနဲ့ တစ်ဦး ဘာဖြစ်လို့ ဆက်ဆံရေး
အဆင်မပြေမှုတွေဘာကြောင့်ဖြစ်နေရသလဲ"
အကြောင်းရင်းကကိုယ့်အယူအဆ ကသာ
မှန်တယ်လို့ တရားသေ စွဲကိုင်ထားတဲ့
"မာန"ကြောင့်ပါပဲ"
ကိုယ့်ရဲ့  မာန ကလက်ဆုပ်လက်ကိုင်
ပြုထားသမျှကိုတကယ့်အမှန်တရား လို့  ထင်မှတ်မှား
ကိုးကွယ်နေကြလို့ ပါ"
တကယ်တော့ ကျွန်တော်တို့ ရဲ့ အသိပညာ
အတတ်ပညာ တွော မာနနဲ့ တွဲဖက်လာတဲ့အခါကျရင်
ကောင်းကျိုးထက် ဆိုးကျိုးကိုသာပိုပြီးများစေမှာပါ"
"ငါ.. ပြော တာမှမှန်တယ်
ငါ...လုပ်တာကမှ ဟုတ်တယ် လို့ 
တရားသေစွဲကိုင်ထားတဲ့သူကို
အကျိုးအကြောင်းပြောပြဆုံးမပေမဲ့လည်း
မာန ကအဆုံးအမ မခံ တွန်းလှန်ပြန်တော့လည်း
သူတော်ကောင်းတို့ ရဲ့ အဆုံးအမနဲ့ 
ဝေးကွာခဲ့ရပြန်ပါတယ်"
ကိုယ့်ရဲ့ မာနဟာ
မာနဖြစ်ပေါ်တဲ့ မိမိတစ်ဦးတည်းကိုသာ
ထိခိုက်စေသည်မဟုတ်ဘဲ မိမိပတ်ဝန်းကျင် ကိုပါ
စိတ်ဆင်းရဲမှုများ ဖြစ်စေမှာကို သတိပြုဖို့ လိုအပ်မှာပါ"
ကျွန်တော်တို့ ရဲ့ အတ္တမာန တွေကြောင့်
နစ်နာဆုံးရှုံးခဲ့ရမှုတွေ ဘယ်လောက်တောင်
များပြားနေခဲ့ပါသလဲ"
အော်.. ကျွန်တော်တို့ နောင်တရဖို့ အချိန်တန်ပါပြီ"
ဘယ်နေရာမှာမှ ကောင်းကျိုးမပေးတဲ့ မာန တွေကို
လျော့ချသင့်ဖို့ ကျွန်တော်တို့ ဝန်မလေးသင့်ပါ"

"ဗောဓိမြိုင် သစ္စာ ရွှေပြည် ဓမ္မရိပ်သာ ဆရာတော်"

ကျွန်တော်ဒီစာစုကို Facebook မိတ်ဆွေ
"Yin Min Ko Ko "ရဲ့ စာကိုဖတ်ရှုပြီး
ပြန်လည်ရေးသားဝေမျှပေးအပ်ပါတယ်"

*ကြောက်စရာကောင်းတဲ့မာန " တရားတွေ
လျော့ချပြီး ခင်မင်ရတဲ့ သူများ
ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာ ရှိကြပါစေ"

ခင်မင်စိတ်ဖြင့်...

#$%& soe gyi


No comments:

Post a Comment