Monday 16 March 2015

PEOPLE'S VOICE=================ပြည်သူ့ အော်သံ========== ================= ပြည်သူ့ အော်သံ ================

ကချင်ပြည်နယ် မိုးညှင်းမြို့မှာ အိမ်သုံးမီတာများကို လုပ်ငန်းသုံးပါဝါမီတာကြေးကောက်ခံ နေခြင်း ကျွန်တော်တို့မိုးညှင်းမြို့ပေါ်မှာ လျှပ်စစ်ဌာနမှအိမ်သုံးမီတာများကို လုပ်ငန်းသုံးကြေးကောက်ခံနေတာနှစ်အတော်တန်ကြာခဲ့ပါပြီလျှပ်စစ်မှုးတွေဘယ်လောက်ပြောင်းပြောင်းမပြောင်းလဲတာကတော့အိမ်သုံးမီတာတွေကိုလုပ်ငန်းသုံးကြေးကောက်ခံမြဲပါ လျှပ်စစ်ဌာနကပြောတာတော့အိမ်တစ်အိမ်မှာဈေးဆိုင်တခုဖွင့်တာနဲ့လုပ်ငန်းသုံးမီတာကြေး (၇၅ ကျပ်) ကောက်ခံမည်ဟုပြော နေပါသည် ဈေးဆိုင်ဖွင့်တိုင်းကောက်မယ်ဆို ရင်ဘာကြောင့်အားလုံးကိုမ ကောက်လဲဆိုတာသိချင်ပါသည် သို့သော်လဲ လျှပ်စစ်မှုးနဲ့ပိုင်သူများမီတာစာရေးနှင့်ပိုင်သူများသည် အိမ်မှာဆိုင်ဖွင့်ထားသော်လည်း အိမ်သုံးမီတာကြေး ၃၅ ကျပ်သာကောက်ခံနေတာတွေ့နေရပါသည် ပါတီဝင်တခုမှသားသမီးများ လျှပ်စစ် နှင့်ပတ်သက်သောဆိုင်တခုဖွင့်ထား သော်လဲအိမ်သုံးမီတာကြေး ၃၅ ကျပ်သာကောက်ခံနေပါသည် ဒါကဥပမာပြောပြတာပါသူ့လိုမျိုး အိမ်မှာဆိုင်ဖွင့်ပြီးအိမ်သုံးမီတာကြေးပဲ ကောက်ခံနေတာအများကြီးပါပဲ ကျွန်တော်တို့ရပ်ကွက်မှာကုန်ခြောက်ဆိုင်သေးသေးလေးဖွင့်လဲ လုပ်ငန်းသုံးမီတာကြေး ၇၅ ကျပ်ပေးဆောင်နေရပါသည် သို့အတွက်ကြောင့် ကျွန်တော်တို့မိုးညှင်းမြို့မှာ **လူချင်းတူသော်လဲ ** **ဆိုင်ချင်း တူသော်လဲ** **ဲလုပ်ငန်းချင်းတူတော်လဲ**ဲခွဲခြားကောက်ံခံနေရတာကိုအများပြည်သူ သိရှိအောင် ဒီမိုကရေစီတူဒေးသတင်းစာမှ တစ်ဆင့် တင်ပြလိုက်ပါတယ် www.facebook.com/democracytodaynewspaper www.myanmarnewsnetwork.com

No comments:

Post a Comment