Tuesday 10 March 2015

နွေဦးနိဒါန်း


နွေဦးနိဒါန်း

"ဒီနွေဦး လေရူးမှာတမ်းတ
ကျောင်းသားဘဝ. . . ခွဲရမယ့်အသိနဲ့
ကျခဲ့တဲ့မျက်ရည်စတွေ ဒီအချိန်ဆို
ငါ့ရင်မှာ . . .လွမ်းးးးး. . .ပေါ့. . . ."

နွေဦးရဲ့ ပူပြင်းလှသည့် အချိန်တွင် လေပူတို့လည်း မရပ်မနား တိုက်ခတ်လို့နေရာ ကျွန်ုပ်လည်း အပူဒဏ်ကိုခံရင်း ဝမ်းတစ်ထွာ အတွက် လုပ်ငန်းခွင်သို့ ဝင်ရပြန်လေ၏။ အချိန်သည်က ဆယ်တန်း စာမေးပွဲ အချိန် ဖြစ်ရာ ငယ်ကတမ်းတရသော ဘဝများဆီသို့ လွမ်းရင်း တမ်းတရင်းဖြင့် အပူအပင်မဲ့သည့် ထိုအချိန်တို့သည် ယခုအခါ အိမ်မက်သဖွယ် ဖြစ်ခဲ့ရသည်ကို ကျွန်ုပ် တွေးနေမိလေ၏။ ကျွန်ုပ်အတွက် ထို့အချိန်များ ကုန်ဆုံး ပျောက်ကွယ်ခဲ့သည်မှာ ယခုဆိုလျင် နှစ်(၂၀) ရှိခဲ့ပြီဖြစ်၏။

အတိတ်သည် ယခုအတွက် နိဒါန်းဖြစ်ပြီး ယခုသည် အနာဂတ် အတွက် နိဒါန်းဖြစ်လေရာ ကျွန်ုပ်ငယ်စဉ်ဘဝက ဖြတ်သန်းခဲ့ရသော ကြိုးစားခဲ့သော ပျင်းခဲ့သော အပျော်လွန်ခဲ့သော ဆုံးဖြတ်ချက် မှားခဲ့သော အရာတို့၏ ကောင်းခြင်း ဆိုးခြင်းရလဒ် တို့သည် ယနေ့ကျွန်ုပ်ဘဝ၏ မြင့်မားခြင်း နိမ့်ကျခြင်း တန်ဖိုးရှိခြင်း တန်ဖိုးမဲ့ခြင်း ချမ်းသာခြင်း ဆင်းရဲခြင်း ငြိမ်းချမ်းခြင်း ပူလောင်ခြင်း လူရာဝင်ခြင်း မဝင်ခြင်း တို့အတွက် တိုက်ရိုက် အချိုးကျလျက်ရှိကြောင်း ကျွန်ုပ် လက်တွေ့ ခံစားရလေ၏။ ကိုပြုသည့်ကံ ကိုယ်ကံသာဖြစ်ကြောင်း ကောင်းစွာ နာလည်ခဲ့ရသည့်ချိန်တွင် ကျောင်းသာဘဝ လူငယ်ဘဝ လူပျိုဘဝ ကာလသားဘဝ စသည့် ဘဝများတွင် နည်းမှန် စနစ်မှန်ဖြင့် အရာရာကို မလေ့လာခဲ့ရခြင်းများ အတွက် ယခု ရနေသော ရလဒ် များက ဝေဝါးနေရာ ကျွန်ုပ်လည်း တွေးရင်း တွေးရင်း နောင်တတို့ ရလျက်ပင်ဖြစ်၏။

နောင်တ တရားတို့ ရနေခြင်းက အကျိုးမရှိပြီဖြစ်ရာ ယခုအချိန်သည် ဘဝနိဂုံး၏ နိဒါန်း ဖြစ်သဖြင့် နောင်တက ပေးသော သင်ခန်းစာကို အရင်းတည်လို့ ယနေ့အချိန်မှ စတင်၍ ပြုပြင်မည် ဆိုပါက နိဂုံးချုပ်သည် အတော်အသင့် ကောင်းနိုင်လောက်ရဲ့ဟုတွေးရင်း ပြုပြင်သင့်သည့် အရာများကို တွေးတော နေမိရာ လေရူးတို့လည်း ကျွန်ုပ်၏ မျက်နာသို့ ရိုက်ခတ်လာလေ၏။ ထိုလေတို့သည် တစ်ချိန်က လေများ မဟုတ်သကဲ့သို့ ကျွန်ုပ်၏ အတွေးများသည်လည်း လွန်ခဲ့သည့် နှစ်(၂၀)မှ အတွေးများလည်း မဟုတ်တော့ပြီ. . . .

- ကျွန်ုပ်၏ အတွေးသက်သက်သာဖြစ်ပါ၏။


သတင်းများပေးပို့ရန် mohnyinnews@gmail.com မိုးညှင်းသတင်း facebook pages လိပ်စာ http://www.facebook.com/mohnyintoday

No comments:

Post a Comment