Thursday 19 March 2015

ပုံပါ ကျောပြင်မီးလောင်ဒါဏ်ရာနှင့် မောင်အိုက်ဇက်(၁၃ နှစ်)

သတင်းအပြည့်အစုံမှာ -ပုံပါ ကျောပြင်မီးလောင်ဒါဏ်ရာနှင့် မောင်အိုက်ဇက်(၁၃ နှစ်) အား အန်တီအယ်လ်ခွန်းရီ၏ အားတက်သရော အကူအညီများနဲ့အတူ မြစ်ကြီးနား မျှော်လင့်ခြင်းဂေဟာမှ ဂေဟာမှူးဖြစ်သူ၏ခွင့်ပြုချက်ဖြင့် ရန်ကုန်ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနိုင်ရန် ကျွန်မနှင့် ပရဟိတမောင်နှမများက မိမိတတ်နိုင်သည့် အခန်းကဏ္ဍမှ ပါဝင်ကာ ကူညီဆောင်ရွက်ပေးကြမှာ ဖြစ်ပါသောကြောင့် ကျောပြင် မီးလောင်ဒါဏ်ရာရနေသော မောင်အိုက်ဇက်ကလေးအား ရန်ကုန်သို့ခေါ်နိုင်ရန်အတွက် အလွန်ခုန်သော ရထားဖြင့်လာရန် ဘယ်လိုမှ အဆင်မပြေပါသောကြောင့် လေယာဉ်ဖြင့် သွားလာနိုင်ရန် စီစဉ်ပေးမည် ဖြစ်ပါတယ်ရှင်။မောင်အိုက်ဇက်လေး ရန်ကုန်သို့ဆေးကုသရန်လာပါက ရက်ရှည်ဆေးရုံတက်ကုသမှုအတွက် နေ့စဉ် စောင့်ရှောက်ပေးရန် လူနာစောင့် (၁ ဦး) နှင့်အတူ ရန်ကုန်သို့ လာရောက်ရမည် ဖြစ်ပါတယ်ရှင်။သို့ပါသော်လည်း ရိုးသားသော တိုင်းရင်းသားလူနာကလေး မောင်အိုက်ဇက် နှင့် လူနာစောင့်ဖြစ်သူတို့မှာ ရန်ကုန်သို့ တစ်ကြိမ်မှ မရောက်ဖူးသည့်အပြင် လေယာဉ်ပါ မစီးဘူးကြပါသောကြောင့် ဂေဟာမှ တာဝန်ခံဆရာတစ်ဦးကိုယ်တိုင် ရန်ကုန်ဆေးရုံအရောက်ပို့ပေးလိုပါကြောင်း သိရှိရပါသဖြင့် လေယာဉ်စရိတ် အသွား/အပြန် တစ်ဦးလျှင် (၂၄၀,၀၀၀ - ၂၇၀,၀၀၀ ကျပ်) ဖြစ်နေပါသောကြောင့် ပုဂ္ဂလိကလေကြောင်းလိုင်းများအနေနှင့် ပရဟိတအလှူများ ဖြစ်မြောက်နိုင်စေရန် အကျိုးဆောင်ပေးနေကြပါကြောင်း သိရှိရပါသောကြောင့်လည်း ကျွန်မမှ လေယာဉ်လက်မှတ် ၃စောင် FREE (OR) Discount ရလိုခြင်းအကျိုးငှာ လေးစားစွာဖြင့် မေတ္တာရပ်ခံ အလှူခံလိုက်ရပါတယ်ရှင်။။။သားလေးမောင်အိုက်ဇက်အနေနှင့် အသားအစားထိုးကုသမှုများ ပြုလုပ်ရမည်ဖြစ်ပါသောကြောင့် ဆေးကုသစရိတ်မှာ များပြားနိုင်ကြောင်း သိရှိထားရပါသောကြောင့် လေယာဉ်စရိတ်အတွက် အလှူရှင်များရှိနေပါသော်လည်း ပုဂ္ဂလိကလေကြောင်းလိုင်းများမှ ကူညီပေးမည့်အလှူရှင်များရှိလာပါက လေယာဉ်လက်မှတ်ဖိုးသက်သာကာ ဆေးကုသစရိတ်အတွက် ပိုမို အထောက်အပံ့ဖြစ်စေရန် ရည်ရွယ်ပါတယ်ရှင်။။။" မြစ်ကြီးနား မှ ရန်ကုန် "" ရန်ကုန် မှ မြစ်ကြီးနား "အသွား- အပြန် လေယာဉ်လက်မှတ် (၃)စောင် ဖြစ်ပါတယ်ရှင်။။။(Ps.ဤပို့စ်လေးကို လေကြောင်းအေးဂျင့်များထံရောက်အောင် Shareပေးခြင်းဖြင့် ကုသိုလ်ယူပေးကြစေလိုပါတယ်ရှင်။။

No comments:

Post a Comment