Monday 9 March 2015

အ၀ယ်မမှားစေချင်




အ၀ယ်မမှားစေချင်

9-3-2015

တစ်နေ့ ကျွန်ုပ်ထံသို့ ဖော်ပြပါ ပစ္စည်း ရောက်ရှိလာသည်။ ကချင်ပြည်နယ်၊ ဒေသတစ်ခုမှ ထွက်ရှိသော ရတနာပစ္စည်းဟုဆိုသည်။ အရည်အသွေးကောင်းသည်။ ကျွန်ုပ်သည် ထိုပစ္စည်းအား တွေ့လိုက်သည်နှင့် ရင်ထဲတွင် တစ်မျိုးခံစားလိုက်ရသည်။ ဘာရယ်မသိ၊ ထိုပစ္စည်းကို အဖန်ဖန် အခါခါ စစ်ဆေးကြည့်ရှုသည်၊ တကယ်ကောင်းသည့် ပစ္စည်းဟု ထင်မိသည်၊ ထိုပစ္စည်းအပေါ် အကျွန်ုပ်၏ မကျွမ်းကျင်မှုများကြောင့်ထင်ပါသည်။
ဒါနဲ့ ထိုပစ္စည်း ထွက်ရှိသည့်နေရာ ဒေသမေးကြည့်တော့ မြစ်ကြီးနားနှင့်သိပ်မဝေးသည့် နေရာဖြစ်နေသည်။ သွားကြည့်ရန် ဖြစ်နိုင်/ မဖြစ်နိုင်မေးကြည့်တော့ သွားကြည့်၍ ရသည်ဟုဆိုသည်။ ဒါနဲ့ သွားကြည့်ကြရန် စီစဉ်သည်၊ ပစ္စည်းလာပြသူက သူမဟုတ်ကြောင်း တစ်ဆင့်ယူလာတာဖြစ်ကြောင်း သူဆက်သွယ်ပေးမည်ဖြစ်ကြောင်း ပြောသဖြင့် စောင့်ဆိုင်ခဲ့ရသည်။ ချက်ချင်း သွားမကြည့်ဖြစ်ခဲ့။ ဒီလိုနဲ့ ရက်အတော်ကြာသွားသည်။
ထိုပစ္စည်းနှင့်ပတ်သက်၍ သတင်းအချို့ထွက်လာသည်။ အမှန်အကန် ပစ္စည်း မဟုတ်ကြောင်း၊ ဓါတု ပစ္စည်း တစ်ခုခု ဖြစ်နိုင်ကြောင်း၊ ချက်လုပ်ထားသည့် ပုံစံဖြစ်နိုင်ကြောင်း စသည့် သတင်းများ ကြားရသည်။
ကျွန်ုပ်တို့လည်း ထိုပစ္စည်း ထွက်ရှိရာနေရာသို့ သွားရောက်ကြည့်ရှုရန် အစီအစဉ် ပျက်သွားခဲ့ရသည်။ လိုက်ပို့မည့်သူ မရှိဖြစ်သွားခဲ့သည်။
ထို့ကြောင့် ထိုပစ္စည်းကို တွေ့ရှိ ကြုံတွေ့ကြပါက စဉ်းစားချင့်ချိန်ပြီးမှ ၀ယ်ယူကြရန်နှင့် အ၀ယ်မမှားကြစေရန် အသိပေး လိုက်ပါသည်။
ကျွန်ုပ်စိတ်ထဲတွင်တော့ ယခုတိုင် မည်သည့် ပစ္စည်းဖြစ်သည်ကို အတိအကျ ဝေဖန်ပိုင်းခြားမှု မပြုနိုင်သေးပေ။(ရင်ထဲ ခံစားမှုအရ- အတုဖြစ်နိုင်ကြောင်း၊ ချက်လုပ်ထားသည့် ပစ္စည်း ဖြစ်နိုင်ကြောင်း)

အ၀ယ်မမှားစေချင်သည့်-



No comments:

Post a Comment