Wednesday 4 March 2015

အင်းတော်ကြီး ဘုရားပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပပြီစီး

အင်းတော်ကြီး ဘုရားပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပပြီစီး

မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသမှာရှိတဲ့ နာမည်ကျော် ရွှေမြဉ္ဇူရေလည် ဘုရားပွဲကို နှစ်စဉ် တပေါင်းလဆန်း ခုနှစ်ရက်နေ့မှ တပေါင်းလပြည့်နေ့ အထိ ပြုလုပ်ကျင်းပခဲ့ရာ ယခုနှစ်တွင်လည်း အထူးစည်ကားလျှက်ရှိကြောင်း သိရပါတယ်။ ဒီနှစ်က နိုင်ငံရေးလည်းတည်ငြိမ်လာ လမ်းပမ်းဆက်သွယ်ရေးတွေ လည်း ကောင်းလာတော့ ပိုစည်တာပေါ့ တစ်ရက်တစ်ရက်ကို လူပေါင်းသိန်းနဲ့ချီလာကြတယ် ။ မနက်ဖြန်နောက်ဆုံးရက်ဆိုတော့ ပိုစည်မယ် ဟု ပွဲတော်ကိုရောက်ရှိနေတဲ့ နန်းနန်းကပြောကြားသည်။ ယခုအခါ မိုးညှင်း ဟိုပင်ဒေသမှ ဘုရားအထိ ကပ်တရာ လမ်းမနှင့် ကွန်ကရစ် လမ်းမများ ဖောက်လုပ်ထားရာ မြန်မာနိုင်ငံအနှံ့အပြားမှ ဘုရားဖူးများ သာမက နိုင်ငံခြား ခရီးသွားဧည်သည်များလည်း တိုးတက်များပြား လာကြောင်းသိရသည်။ ယခုနှစ် ဘုရားပွဲတော်အတွင်း အင်တာနက် ဝိုင်ဖိုင်သုံစွဲနိုင်အောင်လည်း စီစဉ်ထားကြောင်း သိရသည်။ အင်းတော်ကြီး ဘုရားပွဲတော်အတွင်း မြန်မာဇာတ်သဘင် စတိတ်ရိုး မျက်လှည့်ရုံများ အစရှိသည့်ဖျော်ဖြေတင်ဆက်မူများသာမက ရှမ်းနီတိုင်းရင်းသား ရိုးရာ အကဇာတ်ရုံများလည်းရှိကြပြီး ယခုနှစ်တွင် ရှမ်းနီရိုးရာ ဝတ်စားဆင်ယင်မူနှင့် အလှမယ် ရွေးချယ်ပွဲကိုလည်း ကျင်းပလျှက်ရှိ ကြောင်း သိရသည်။ အင်းတော်ကြီးအိုင်သည် အလျား တစ်ဆယ့်လေးမိုင် အနံ ခုနှစ်မိုင် ကျယ်ဝန်းသော သဘာဝ ရေအိုင်ကြီးဖြစ်ပြီး မြန်မာနိုင်ငံတွင် အကြီးဆုံး သဘာဝရေအိုင်လည်းဖြစ်သည်။ ရှမ်းနီ သတင်းဌာန 

No comments:

Post a Comment