Thursday 19 March 2015

MPT ကိုချစ်သူများ

3G! 3G! 3G! တဲ့H+ ရနေပြီတဲ့လိုင်းကောင်းနေပြီတဲ့ .....ဆူညံဆူညံအသံတွေ ကြားနေရသည်။ မိုးညှင်းသားတွေ၏ ဖွဘုတ်ထဲက အသံတွေ။မိုက်ပဟ ! တံတွေးတစ်ချက်မြိုချရင်း ရေရွတ်မိ၏။ လိုင်းကောင်းရင်တော့ ဟိုတလောက သမ္မတကြီးရဲ့ ပညာသင်ဆု ရေးဖြေအောင်သွားတယ်ဆိုတဲ့ .. ဇွန်ဇွန်လေးရဲ့pageကို likeဖို့ Add ဖို့ အားခဲထားသကိုးဗျ။ နို့မို့အဝိုင်းလည်နေတာ စောင့်ရင်းနဲ့ အနှီအလှပဂေးရဲ့ အလှလေးကို စိတ်ကူးထဲထိုင်ငေးခဲ့ရတာ ကြာပေါ့။ နန့်ပုတ်ကိုလဲ မသွားရဲသေး၊ နန့်ပုတ်ပွဲချိန်ကြီးတောင် သေနပ်သံတွေ ကြားရဆိုလား ဝင်ပစ်သွားဆိုလားပဲ။ထားတော့ 3G သုံးမဟလို့ လုပ်လက်စ အလုပ်အမြန် လက်စသတ် ရေတင်စရာရှိတာတင်ရတယ်။ မီးက မသေချာဘူးလေ တစ်ရက်နှစ်ခေါက်လောက်တော့ ပုံမှန်ပျက်နေကျ။ ရာသီဥတုကလဲပူတော့ ရေကချိုးမှဖြစ်မယ်။ ပူဆို မိုးညှင်းက ခါတိုင်းနဲ့မတူ အရမ်းပူပါ့။ သစ်တောတွေပြုန်းကုန်လို့ဆိုလား။ဘူတွေကများ ခုတ်သွားကြပါလိမ့်။အလို 2G ဆိုပါလား။ သြော် ငါ့နှယ် MPTလိုင်းမကောင်းလို့ Mecနဲ့သုံးရအောင်အပိုဝယ်ထားရတဲ့c800ဟန်းဆက်မို့2Gပဲရတာကိုး။ ငွေပေါလွန်းလိုတော့ ဟုတ်ပါဘူး ရှေ့သို့လှမ်းချီmpt နောက်ပြန်လှည့်ကြည့် လိုင်းမရှိလေ အဟေးဟေး။ဒါနဲ့ 3G ဟမ်းဆက်ထဲ MPT ကတ်ထည့်။အွန် H+လဲပြဘူး E တဲ့ အမျိုးမျိုးပွတ်ဆက်တင်ချိန်ကြည့် ။ ဖွဘွတ်ဖွင့်ကြည့်တော့ အဝိုင်းလေးက လည်လို့ကောင်းတုန်းရှိသေးတယ်။ ဟူး တပေါင်းလေရူးနဲ့အတူ လေပူလေး မှုတ်ထုတ်မိတယ်ဇွန်ဇွန်ရေ အဟီး .....ကြားရတာကတော့ တိုင်တဲ့နီးမှတဲ့ ဟမ်းဆက်ကောင်းမှတဲ့ အမလေး ထပ်မဝယ်နိုင်သေးပေါင်။ အခုဟာလေးတောင် တစ်ပုံးကျော်ပေးရတာ။Call1 တို့ STNတို့ကို လုပ်ကျွေးသလိုဖြစ်နေမယ်အာ့ကြောင့် ကျုပ်ဖြင့် 3Gမရပါကြောင်း ပို့စ်တင်ဖို့MECဘက်ပြန်လှည့်။ ရေးချင်ရာရေး postကိုနှိပ်လိုက်တော့You have no internet connection! တဲ့ အမယ်လေးဗျာ ၁၂နာရီထိုးသွားတာတောင်မသိလိုက်ဘူးဗျာ MECရဲ့ စံတော်ချိန်နာရီကြီး။ ည၁၂နာရီ ဒိန်ကနဲထိုးတာနဲ့ ပိတ်ပိတ်သွားတတ်တဲ့ MECကြောင့် ယခု မိုးလင်းမှ ဤပို့စ်လေးအား တင်လိုက်ရပါကြောင်း မြန်မာ့ဆက်သွယ်ရေးအား ဂုဏ်ပြုရေးသားလိုက်ရပေသည်။ဖွဘုတ်သုံးချင်သူမောင်နိုင်

No comments:

Post a Comment