Friday 17 April 2015

မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ မိုင်းနောင်ရွာတွင်KIA ထောင်ထားသောမိုင်းနင်းမိသောသတင်း

မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ မိုင်းနောင်ရွာနေဖြိုးဝေကျော်နှင့်ကိုကိုအောင်တို့(၂)ဦးသည်  ၁၄.၄.၂၀၁၅ရက်နေ့ညနေ ၆နာရီခွဲအချိန်ခန့်တွင်မိုင်းနောင်ရွာအနောက်ဖက် ၂မိုင်ခန့်အကွာ
တွင်ရွှေမျှောလုပ်ရန်သွားရောက်စဉ်လူလှချောင်းအနီးအရောက်ကေအိုင်အေထောင်ထားသောမိုင်းနင်းမိသဖြင့်
ဒါဏ်ရာအသီးသီးရရှိပြီး၁၅.၄.၂၀၁၅
ရက်နေ့နေ့လည်၂နာရီခွဲအချိန်မိုးညှင်းဆေးရုံရောက်ရှိကုသလျှက်ရှိပါသည်၊
၎င်းတို့၂ဦးအား အမှတ်၉၀၄အမြောက်စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ ဗိုလ်မှူးချုပ် သက်လွင်နှင့်တပ်မတော်အရာရှိကြီးများ ခရိုင်အုပ်ချုပ်ရေးမှူးဦးအောင်စိုးမိုး၊ခရိုင်ရဲတပ်ဖွဲ့မှူး
ဒုတိယရဲမှူးကြီး ထွန်းထွန်းဝေ၊မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်မြို့နယ်ရဲတပ်ဖွဲ့မှူးတို့မှ
၁၆.၄.၂၀၁၅ရက်နေ့နံနက်၈နာရီခွဲအချိန်ခန့်တွင်
သွားရောက်ကြည့်ရှုအားပေးစကားပြောကြားပြီလိုအပ်သည်များစီစဉ်ဆောင်ရွက်ပေး၍ဗိုလ်မှူးချုပ် သက်လွင်မှထောက်ပံ့ငွေနှင့်ပစ္စည်းများပေးအပ်ခဲ့ကြောင်းသတင်းရရှိပါသည်။

No comments:

Post a Comment