Monday 6 April 2015

*** မိုးညှင်းတွင် ရှမ်းနီလူငယ်လူမှုဖွံ့ဖြိုးရေးအဖွဲ့ အစည်းအဝေးကျင်းပ ***

*** မိုးညှင်းတွင် ရှမ်းနီလူငယ်လူမှုဖွံ့ဖြိုးရေးအဖွဲ့ အစည်းအဝေးကျင်းပ ***

မြန်မာပြည်မြောက်ပိုင်း မိန်းယန်း ( မိုးညှင်း )မြို့တွင် ရှမ်းနီလူငယ်လူမှုဖွံ့ဖြိုးရေးအဖွဲ့ မှ လစဉ်ပုံမှန်တွေ့ဆုံပွဲကျင်းပခဲ့သည်။

အဆိုပါတွေ့ဆုံပွဲသို့ မိုးညှင်းမြို့ စံကြည်ရတနာကျောင်းတိုက်ဆရာတော် ဦးနန္ဒာစာရ နှင့် ဦးဆောင်ဆရာတော်များဦးစီကာ အောင်ဘော်ဒါဆောင်မှဆရာဦးဝင်းပို နှင့် မြို့မိ မြို့ဖများ ရှမ်းနီလူငယ်များတက်ရောက်ကြသည်။

ရှမ်းနီလူငယ်လူမှုဖွံ့ဖြိုးရေးအဖွဲ့၏ ရည်ရွယ်ချက်များမှာ ရှမ်းနီစာပေများ ဖွံ့ဖြိုးတိုးတက်အောင်ပြုလုပ်ပြီး ရှမ်းနီဒေသသို့ ပြန့်ပွားအောင်သင်ကြားရေး အခြားနိုင်ငံခြားဘာသာစကားများဖြစ်သည့် အင်္ဂလိပ် အစရှိသည်များကိုလည် သင်ကြားပေးနိုင်ရန် နှင့် ရှမ်းနီလူငယ်များအား စွမ်းရည်မြင့်တင်ရန်သင်တန်းဖွင့်လစ်ပေးရန်စသည်တို့ဆွေးနွေးခဲ့ကြောင်းသိရသည်။

အစည်းအဝေးကိုလစဉ်ပုံမှန်ကျင်းပခဲ့ရာ ပထမအကြိမ်ကို ၂၅ ရက် ၂ လ ၂၀၁၅ နှင့် ဒုတိယအကြိမ်ကို ၂၅ ရက် ၃ လ ၂၀၁၅ တွင်ကျင်းပခဲ့သည်။

No comments:

Post a Comment