Friday 10 April 2015

ကချင်ပြည်နယ်တွင် သင်္ကြန်ကာလအတွင်း မှုခင်းကျဆင်းရေး ပညာပေးဟောပြောခြင်း၊ စစ်ဆေးအရေးယူခြင်းများ စဉ်ဆက်မပြတ်ဆောင် ရွက်လျက်ရှိ

ကချင်ပြည်နယ်တွင် သင်္ကြန်ကာလအတွင်း မှုခင်းကျဆင်းရေး ပညာပေးဟောပြောခြင်း၊ စစ်ဆေးအရေးယူခြင်းများ စဉ်ဆက်မပြတ်ဆောင် ရွက်လျက်ရှိ

မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် ၂ဝ၁၅ ခုနှစ်၊ မဟာသင်္ကြန်ပွဲတော်ကို တစ်နိုင်ငံလုံးရှိပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းပြီး စိတ်အေးချမ်းသာစွာ ဆင်နွှဲနိုင်ရေးအတွက် မှုခင်းကျဆင်းရေး၊ ယာဉ် အန္တရာယ်ကင်းရှင်းရေး၊ မူးယစ်ဆေးဝါးအန္တရာယ်ကင်းရှင်းရေး၊ လိင်စိတ်ကြွဆေး/တားမြစ်ဆေးဝါးများ သုံးစွဲ/ရောင်းဝယ်မှုမရှိစေရေး အသိပညာပေးခြင်းနှင့် စစ်ဆေးအရေးယူခြင်းများ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ ဒေါ့ဖုန်းယန်မြို့ပေါ်ရပ်ကွက် များရှိ ဆေးဆိုင်များအား ဒေါ့ဖုန်းယန်နယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က ၂-၄-၂ဝ၁၅ ရက်နေ့ ၁၅၁၅ အချိန်မှ ၁၆၃ဝ အချိန်ထိလည်းကောင်း၊ ဗန်းမော်မြို့ပေါ်ရှိ ဆေးဆိုင် များအား ဗန်းမော်မြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က ၃-၄-၂ဝ၁၅ ရက်နေ့ ၁၄၁၅ အချိန်မှ ၁၅၃ဝ အချိန်ထိနှင့် လွယ်ဂျယ်မြို့ပေါ်ရပ်ကွက်များရှိ ဆေးဆိုင်များအား လွယ်ဂျယ် နယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က ၁၅၁၅ အချိန်မှ ၁၇၃ဝ အချိန်ထိ လည်းကောင်း၊ မိုးမောက်မြို့ပေါ်ရပ်ကွက်များရှိ ဆေးဆိုင်များအား မိုးမောက်မြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က ၄-၄-၂ဝ၁၅ ရက်နေ့ ၁၁ဝဝ အချိန်မှ ၁၂ဝဝ အချိန်ထိလည်းကောင်း၊ ဗန်းမော်မြို့နယ်၊ စင်းခန်းကျေးရွာရှိ ဆေးဆိုင်များအား စင်းခန်းနယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က ၆-၄-၂ဝ၁၅ ရက်နေ့ ၁၁ဝဝ အချိန်မှ ၁၁၄၅ အချိန်ထိလည်းကောင်း၊ မန်စီမြို့ပေါ်ရပ်ကွက်များရှိ ဆေးဆိုင်များအား မန်စီမြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့က ၇-၄-၂ဝ၁၅ ရက်နေ့ ဝ၉ဝဝ အချိန်မှ ၁ဝ၁၅ အချိန်ထိလည်းကောင်း ကာမရာဂနှိုးဆွဆေး/ တားမြစ်ဆေးများ ရောင်းဝယ်ခြင်းရှိ/မရှိ စစ်ဆေးခဲ့ကြောင်း သိရှိရသည်။
ထို့ပြင် ၂-၄-၂ဝ၁၅ ရက်နေ့ ဝ၉ဝဝ အချိန်မှ ၁ဝ၂ဝ အချိန်ထိ မိုးမောက်မြို့နယ်၊ မြို့သစ် ကျေးရွာအုပ်ချုပ်ရေးမှူးရုံး၊ ၄-၄-၂ဝ၁၅ ရက်နေ့ ၁၃ဝဝ အချိန်မှ ၁၅ဝဝ အချိန်ထိ ရွှေကူမြို့၊ အမှတ်(၂) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၊ ၆-၄-၂ဝ၁၅ ရက်နေ့ ဝ၉၁ဝ အချိန်မှ ၁ဝ၄၅ အချိန်ထိ မိုးညှင်းမြို့နယ်၊ ရန်အောင်မာန်ပြေဆုတောင်းပြည့်ဘုရားဓမ္မာရုံ၊ ၇-၄-၂ဝ၁၅ ရက်နေ့ ဝ၉ဝဝ အချိန်မှ ၁၁ဝဝ အချိန်ထိ တနိုင်းမြို့၊ ဆင်ဆာ့ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနှင့် ယင်းနေ့ ၁၄ဝဝ အချိန်မှ ၁၆ဝဝ အချိန်ထိ မြစ်ကြီးနားမြို့၊ မြေမြင့်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတို့တွင် ကျင်းပပြုလုပ်ခဲ့သည့် ဟောပြောပွဲများတွင် သက်ဆိုင်ရာ မြို့နယ်ရဲတပ်ဖွဲ့များမှတပ်ဖွဲ့ဝင်များက သင်္ကြန်ကာလအတွင်း မှုခင်းကျဆင်းရေး၊ မူးယစ် ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး၊ လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး၊ ယာဉ်/လမ်း စည်းကမ်းလိုက်နာရေး၊ လိင်စိတ်ကြွဆေးများ/တားမြစ်ဆေးဝါးများ ရောင်းဝယ်သုံးစွဲမှုမရှိစေရေး ပညာပေးဟောပြောခဲ့ရာ အဆိုပါဟောပြောပွဲများသို့ ပြည်သူစုစုပေါင်း(၃၅၈)ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။


No comments:

Post a Comment