Sunday 5 April 2015

မိုးညှင်းကဖုန်းကြီးကြီးနဲ့ဂန်းတန်းတန်းကိုင်နေသူတွေဖတ်ရန်

CDMA 450 MHz ဖုန်းများ ထပ်မံ တိုးချဲ့ရန်နှင့်ပြောဆိုခနှုန်းထားလျှော့ ချရန် အစီအစဉ် မရှိ

CDMA 450 MHz ဖုန်းများ ထပ်မံတိုးချဲ့ရန်နှင့် ပြောဆိုခနှုန်းထားလျှော့ချရန် အစီအစဉ်မရှိကြောင်း သိရ သည်။

နိုင်ငံတကာတွင် CDMA 450 MHz စနစ်ထက် GSM/UMTS စနစ်ကို အသုံးပြုလာသဖြင့် ရေဒီယိုစက် ပစ္စည်းများနှင့် ဟန်းဆက်ထုတ်လုပ်သူ ရှားပါးလာခြင်းကြောင့် လည်းကောင်း၊ International Roaming ဆောင်ရွက်ရာတွင်အခက်အခဲရှိ၍ ကျယ်ပြန့်စွာအသုံးပြုမှု နည်းပါးလာခြင်းကြောင့်လည်းကောင်း CDMA 450 MHz စနစ်ကို ထပ်မံတိုးချဲ့ပေးရန်နှင့် CDMA 450 MHz မိုဘိုင်းတယ်လီဖုန်း ပြောဆိုခနှုန်းထားများကို လျှော့ချပေးရန် အစီအစဉ်မရှိကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းသန်းက ပြောကြားသည်။

No comments:

Post a Comment