Saturday 18 April 2015

မိုးညှင်းသင်္ကြန်ပိတ်ပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ ===========================

မိုးညှင်းသင်္ကြန်ပိတ်ပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ
===========================

မိုးညှင်း ဧပြီ ၁၈

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် မဟာသင်္ကြန်ပွဲတော် ပိတ်ပွဲနှင့် ဆုချီးမြှင့် ပွဲကို ဧပြီ ၁၆ ရက် ညနေပိုင်းက မိုးညှင်းမြို့ ရွှေသာလျောင်းဇာတ်ရုံအနီးရှိ ဗဟိုမဏ္ဍပ်၌ ကျင်းပခဲ့သည်။

ဆုချီးမြှင့်ပွဲတွင် ယိမ်းအကပြိုင်ပွဲ၌ ဆုရရှိသော မြို့မရပ်ကွက်ယိမ်းအဖွဲ့၊ အထက(၁) မိုးညှင်းယိမ်းအဖွဲ့၊ နားခါရပ်ကွက် ယိမ်းအဖွဲ့များနှင့် နှစ်သိမ့်ဆုရ ယိမ်းအဖွဲ့များအား တာဝန်ရှိသူများက ဆုဖလားနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ခဲ့ပြီး မြနန္ဒာသီချင်းဖြင့် အခမ်းအနားကို သင်္ကြန်ပွဲတော်အခမ်းအနားကို ပိတ်သိမ်းခဲ့သည်။ သင်္ကြန်ပွဲတော် ပိတ်ပွဲနှင့် ဆုချီးမြှင့်ပွဲသို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်စိုးလေး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းတင်အောင်၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးမိုး၊ မြို့နယ်အုပ်ချုပ်ရေး မှူး ဦးကျော်စွာအောင်၊ မိုးညှင်းတပ်နယ်မှူး ဗိုလ်မှူးချုပ်သက်လွင်နှင့် တပ်မတော်အရာရှိများ၊ ယိမ်းအကအဖွဲ့များနှင့် ဒေသခံပြည်သူများ စည်ကား စွာ တက်ရောက်ခဲ့သည်။ ကေဆိုင်းနော်(ဖားကန့်)

No comments:

Post a Comment