Friday 13 February 2015

ကျွန်တော်တို့မိုးညှင်းမြို့ဟာခရိုင်မြို့ဖြစ်ပြီး


ကျွန်တော်တို့မိုးညှင်းမြို့ဟာခရိုင်မြို့ဖြစ်ပြီး ကျန်တဲ့မြို့တွေလို ပန်းခြံမရှိ၊ ကစားကွင်းမရှိပါဘူး။ အဲ့ဒီတော့ ဘာဖြစ်လဲဆိုတော့စုံတွဲတွေကျောင်းသားတွေဟာ ဘုရားဝန်းတွေထဲပဲ လူငယ်သဘာဝ ချိန်းတွေ့ကြပါတယ်။ ရိုးရိုးတန်းတန်းချိန်းတွေ့တာက ကိစ္စမရှိပါဘူး။ အများအမြင်မှာ မသင့်တော်တဲ့အထိကဲနေကြတဲ့စုံတွဲတွေလဲအများကြီးပါ။ ကျွန်တော်ဖြစ်စေချင်တာက ပန်းခြံလေးတစ်ခုလောက်လုပ်ပေးပြီး အလယ်မှာ ဗိုလ်ချုပ်ရဲ့ရုပ်တု တစ်ခုလောက် လုပ်ပေးစေချင်ပါတယ်။ ခုလို ဗိုလ်ချုပ်ရဲ့မွေးနေ့တို့၊ အာဇာနည်နေ့တွေလို့မျိုးမှာဆိုရင် အခြားမြို့တွေနည်းတူ အားလုံးဗိုလ်ချုပ်ကို ဂါရ၀ပြုနိုင်မယ့်နေရာလေးတစ်ခုတော့လိုမယ်လို့ထင်လို့ပါ။ ခက်ခဲမယ်ဆိုတာတော့သိပါတယ်။ တစ်ယောက်ထဲလုပ်လို့မရနိုင်ပေမဲ့မိုးညှင်းမြို့စည်ပင်သာယာနဲ့ မိုးညှင်းမြို့မိမြို့ဖတွေ ၀ိုင်းဝန်းလုပ်ဆောင်ရင်တော့ ဖြစ်နိုင်မယ်ထင်ပါတယ်ခင်ဗျ။ ကျွန်တော်တို့လူငယ်တွေလဲ တတ်နိုင်တဲ့အပိုင်းကနေ ၀ိုင်းပြီးကူညီပေးသွားမှာပါ။ ဟုတ်ကဲ့..ကျွန်တော်ပြောချင်တာ ဒါပါပဲခင်ဗျ။ အမှားပါရင်လဲ တောင်းပန်ပါတယ်ဗျာ။


မိုးညှင်းသတင်း facebook pages လိပ်စာ http://www.facebook.com/mohnyintoday

No comments:

Post a Comment