Friday 13 February 2015

ကျွန်တော်တို့မိုးညှင်းမြို့ဟာခရိုင်မြို့ဖြစ်ပြီး ကျန်တဲ့မြို့တွေလို ပန်းခြံမရှိ၊ ကစားကွင်းမရှိပါဘူး။


ကျွန်တော်တို့မိုးညှင်းမြို့ဟာခရိုင်မြို့ဖြစ်ပြီး ကျန်တဲ့မြို့တွေလို ပန်းခြံမရှိ၊ ကစားကွင်းမရှိပါဘူး။ အဲ့ဒီတော့ ဘာဖြစ်လဲဆိုတော့စုံတွဲတွေကျောင်းသားတွေဟာ ဘုရားဝန်းတွေထဲပဲ လူငယ်သဘာဝ ချိန်းတွေ့ကြပါတယ်။ ရိုးရိုးတန်းတန်းချိန်းတွေ့တာက ကိစ္စမရှိပါဘူး။ အများအမြင်မှာ မသင့်တော်တဲ့အထိကဲနေကြတဲ့စုံတွဲတွေလဲအများကြီးပါ။ ကျွန်တော်ဖြစ်စေချင်တာက ပန်းခြံလေးတစ်ခုလောက်လုပ်ပေးပြီး အလယ်မှာ ဗိုလ်ချုပ်ရဲ့ရုပ်တု တစ်ခုလောက် လုပ်ပေးစေချင်ပါတယ်။ ခုလို ဗိုလ်ချုပ်ရဲ့မွေးနေ့တို့၊ အာဇာနည်နေ့တွေလို့မျိုးမှာဆိုရင် အခြားမြို့တွေနည်းတူ အားလုံးဗိုလ်ချုပ်ကို ဂါရ၀ပြုနိုင်မယ့်နေရာလေးတစ်ခုတော့လိုမယ်လို့ထင်လို့ပါ။ ခက်ခဲမယ်ဆိုတာတော့သိပါတယ်။ တစ်ယောက်ထဲလုပ်လို့မရနိုင်ပေမဲ့မိုးညှင်းမြို့စည်ပင်သာယာနဲ့ မိုးညှင်းမြို့မိမြို့ဖတွေ ၀ိုင်းဝန်းလုပ်ဆောင်ရင်တော့ ဖြစ်နိုင်မယ်ထင်ပါတယ်ခင်ဗျ။ ကျွန်တော်တို့လူငယ်တွေလဲ တတ်နိုင်တဲ့အပိုင်းကနေ ၀ိုင်းပြီးကူညီပေးသွားမှာပါ။ ဟုတ်ကဲ့..ကျွန်တော်ပြောချင်တာ ဒါပါပဲခင်ဗျ။ အမှားပါရင်လဲ တောင်းပန်ပါတယ်ဗျာ။

ယခု pages ကိုထောက်ခံသူများ

Koko Aung

တရုပ်သင်္ဂျိုင်းဟောင်းနေရာလွတ်နေတယ်....စည်ပင်က ဈေးလုပ်မလိုလိုနဲ့ ဘာမှလည်းမလုပ်ဘူးးးး

Naing

အင်းးးပြီးရင်မြေလွတ်မြေရိုင်းဆိုပြီးသိမ်းပြန်ဦးမယ်၊ ပြီးရင်အကွက်ရိုက်ပြီးရောင်းစားကြလိမ်မယ်

Kyaw Kyaw Win

အရင်ကကန်သာယာပန်းခြံဘယ်ရောက်သွားလဲ

ThihaHtun PaukSi

မှန်တာတွေ မပြောနဲ့လေ စည်ပင်က ချက်ချင်းအကွက်ထရိုက်နေမှဖြငိ့

Htun Htun Naing

ဟုတ်တယ်ဗျ၊ တဖြည်းဖြည်းနဲ့ကွယ်ပျောက်သွားတော့မှာ။

Htun Htun Naing

ဂန့်ကော်တန်းကနေရာလေးဆိုတော်တော်သာယာမှာဗျ။ပြန်ပြီးပြင်ဆင်လိုက်ရင်။

Linnhtet Minnlwym

ဘယ်သူ့ သွားပြောရမလဲလွှတ်တော်အမတ် အားကိုးရမလားပါတီတွေကို အားကိုးရမလားကိုယ်ထူကိုယ်ထ မူကြို တို့ကိုယ်ထူကိုယ်ထ လမ်းတို့ကိုယ်ထူကိုယ်ထ ကြိုးတံတားတို့လိုကိုယ့်ဟာကိုလုပ်မှရမယ်ထင်တယ်ထူမယ့်သူမရှိတော့လဲ ကိုယ့်ဟာကို ထ ကြတာပေါ့ကွာ

Htun Htun Naing

မိုးညှင်းမြို့သူမြို့သားများ၏ ကိုယ်ထူကိုယ်ထ ပန်းခြံ ပေါ့လေ

Waiwai Aung

ထောက်ခံပါတယ် ထောက်ခံပါတယ်


မိုးညှင်းသတင်း facebook pages လိပ်စာ http://www.facebook.com/mohnyintoday

No comments:

Post a Comment