Friday 20 February 2015

အင်းတော်ကြီးဘုရားပွဲတော်အကြို ပဋ္ဌာန်းပွဲ စတင်ပူဇော် **************************************************

အင်းတော်ကြီးဘုရားပွဲတော်အကြို ပဋ္ဌာန်းပွဲ စတင်ပူဇော် ****************************************************** အင်းတောကြီးရွှေမဉ္ဇူရေလယ်ဘုရား နေ့ညအသံမစဲ မဟာပဋ္ဌာန်းပူဇော်ပွဲကြီးကို တပေါင်းလဆန်း (၃)ရက် မှ (၈)ရက်နေ့ထိ (၂၀.၂.၂၀၁၅ မှ ၂၅.၂.၂၀၁၅) ပူဇော်ကျင်းပလျှက်ရှိပါသည်။ ယခုနှစ်(၁၃၇၆ ခုနှစ်)အတွက် အလှည့်ကျသည့် ပဋ္ဌာန်းဆွမ်းကပ်အဖွဲ့မှာ ပန်းလားကျေးရွာအုပ်စု (ပန်းလား၊ လောဆွန့် မှန်ကင်း၊ အိုင်လေးတူ) ဖြစ်ပါသည်။ မိမိတတ်စွမ်းသမျှ အရုဏ်ဆွမ်း၊ နေ့ဆွမ်း၊ ညနေ့အတွက် ဖျော်ရည် အချိုပွဲများကို ပါဝင်လှူဒါန်းဆက်ကပ်နိုင်တယ်လို့ သိရပါသည်။ ပါဝင်လှူဒါန်းလိုသူများ သွားရောက်လှူဒါန်နိုင်ပါသည်။ ပဋ္ဌာန်းအောင်ပွဲ ကျင်းပမည့်တပေါင်းလဆန်း(ဂ)ရက်နေ့တွင် ဘုရားပွဲတော် ဖွင့်ပွဲစတင်မည်ဖြစ်ပါသဖြင့် ပဋ္ဌာန်းတရားနာကြာရင်း ဖွင့်ပွဲကိုပါ ပါဝင်ဆင်နွဲနိုင်ကြမှာဖြစ်ပါတယ်။

အင်းတော်ကြီး သျှမ်း

No comments:

Post a Comment