Saturday 28 February 2015

ရှမ်းနီဒေသ အင်းတော်ကြီးတွင် ကျွန်းသစ်များဖမ်းဆီးရမိ**

*** ရှမ်းနီဒေသ အင်းတော်ကြီးတွင် ကျွန်းသစ်များဖမ်းဆီးရမိ***မြန်မာပြည်မြောက်ပိုင်း မိန်းယမ်း( မိုးညှင်း ) မြို့နယ် အင်းတော်ကြီးဒေသမိုင်းနှောင်ကျေးရွာ အုပ်စုတွင် ဖေဖော်ဝါရီလ ၂၂ ရက်နေ့က တရားမဝင်သယ်ဆောင်လာသောကျွန်းသစ်များနှင့်အတူ မော်တော်ယာဉ် ဖမ်းဆီးရမိသည်။ဖြစ်စဉ်မှာ ည၇ နာရီအချိန်ခန့်တွင် မိုင်းနောင်အနှောက်ဖက် တစ်မိုင်ခန့်အကွာ၌ ကျွန်းသစ် ၆ တန်ကျော်သင်ထားသော တုန်ဖုန်းအမျိုးအစား ယာဉ်တစ်စီးနှင့်အဆိုပါယာဉ်မောင်း ဦးမောင်ဝင်း ၅၂ အား ဖမ်းစီးထာားကြောင်းကို ရှမ်းနီအမျိုးသားရေးအစည်းအရုံးအဖွဲ့တစ်ဦးမှ သတင်းပေးပို့ခဲ့ပါသည်။နယ်စပ်ဒေသတွင် တရုပ် နှင့် kia တို့ပူးပေါင်းကာတရုပ်ပြည်သို့ သစ်ခိုးထုတ်မှုကြောင့် အဖိုးတန်သစ်များကုန်သလောက်ရှိလာချိန်တွင် မြန်မာပြည်မြောက်ပိုင်း ရှမ်းနီဒေသတို့ သစ်ခိုးထုတ်မှုများ ပိုမိုများပြားလာခဲ့ပါသည်။

No comments:

Post a Comment