Saturday 20 December 2014

ကာချုပ်၊ ဦးရွှေမန်း၊ ဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည်တို့၏ သမ္မတဖြစ်နိုင်ခြေစစ်တမ်း

၅၉(စ) မပြင်နိုင်ရင် NLD ပါတီ အမတ်နေရာ အများစု ၂၀၁၅ မှာ လွှတ်တော်ထဲ ရောက် လာနိုင်ပေမယ့် NLD ပါတီအတွက် ဒုတိယခေါင်းဆောင်နေရာေ၀၀ါးနေမှုကြောင့် သမ္မတေ နရာ ရွေးချယ်မှု အကျပ်အတည်း ပေါ်ပေါက်နိုင်သလို လက်ရှိ အာဏာပိုင်တွေ ဘက်မှာလည်း သမ္မတလောင်း တင်မြှောက်ရေးအတွက် အရေးတကြီး ခေါင်းချင်းရိုက်နေကြမှာ ဧကန်မလွဲပါ . . . ~~~~~~~~~~~~~~~~~~~~~~~~ ၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင် တစ်နှစ်အလို မြန်မာ့နိုင်ငံရေး ရပ်ဝန်းမှာ ၂၀၁၅ ဘယ်သူ သမ္မတဖြစ်မှာ လဲဆိုတဲ့ မေးခွန်းက အလွန်ကို ရေပန်းစားနေပါတယ်။ လက်ရှိ အခြေအနေမှာ သမ္မတ ဖြစ်နိုင်ခြေရှိတယ်လို့ တစ်ပြေး နေတဲ့ ၄ ဦးကတော့ NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ လက်ရှိသမ္မတ ဦးသိန်းစိန်၊ ပြည်ထောင်စု လွှတ်တော်နာယကသူရ ဦးရွှေမန်းနဲ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ပဲ ဖြစ်ပါတယ်။ ၄ ဦးမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူရဦးရွှေမန်းက သမ္မတဖြစ်လိုကြောင်း အတိအလင်း ပြောကြားခဲ့ကြပေမယ့် ဦးသိန်းစိန်နဲ့ ကာချုပ်ကတော့ မတင်မကျ၊ မယုတ်မလွန် သာ ပြောကြားထားပါတယ်။ အခြေခံဥပဒေပုဒ်မ ၆၀ အရဆို ပြည်သူ့လွှတ်တော်၊ အမျိုးသား လွှတ်တော်နဲ့ တပ်မတော်သား ၂၅ ရာခိုင်နှုန်း အစုအဖွဲ့တို့က သမ္မတဖြစ်မယ့် ဒုသမ္မတ ၃ ဦးကို ရွေးချယ် တင်မြှောက်ရပါတယ်။ ပြီးမှ သမ္မတ ရွေးချယ်ရေး အဖွဲ့က လွှတ်တော်ကိုယ်စားလှယ် အားလုံးရဲ့မဲနဲ့ သမ္မတကို ရွေးချယ်ရပါတယ်။ သမ္မတလောင်း (ဒုသမ္မတ) ရွေးချယ်ရာမှာ တပ်မတော်အစုအဖွဲ့က တစ်ပန်းသာ နေတာ ကို တွေ့ရပါ တယ်။ ပြည်သူက ရွေးကောက် တင်မြှောက်ခြင်းမဟုတ်ဘဲ နေရာရတဲ့ တပ်မတော် အစုအဖွဲ့က ဘာမဲမှခွဲပြီး ဆုံးဖြတ်စရာ မလိုဘဲ သမ္မတလောင်းဖြစ်တဲ့ ဒုသမ္မတကို တိုက်ရိုက် ရွေးချယ်ခွင့် ရှိနေလို့ပါပဲ။ တပ်မတော် အစုအဖွဲ့က ဘယ်သူ့ကို သမ္မတလောင်းအဖြစ် ရွေးချယ်မလဲဆိုတာ မြန်မာ့နိုင်ငံရေး ရပ်ဝန်းမှာ စိတ်ဝင် စား နေကြတဲ့အတွက် လက်ရှိကာချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သမ္မတလောင်းဖြစ် နိုင်ခြေရှိ၊ မရှိကို ပထမဦးစွာ သုံးသပ် ကြည့်ရအောင်ပါ။ ကာချုပ်သမ္မတမဖြစ်နိုင်ခြေ ရှုထောင့်များ (၁) စစ်အာဏာရှင်စနစ်နှစ် ၅၀ ကျော် လွှမ်းမိုးနေခဲ့တဲ့ မြန်မာနိုင်ငံမှာ ကာချုပ်က ယူနီဖောင်းချွတ်ပြီး သမ္မတ ဖြစ်လာမယ်ဆိုရင် နိုင်ငံတကာနဲ့ ပြည်သူ့အမြင်မှာ မြန်မာ့နိုင်ငံရေးမှာ စစ်တပ်လွှမ်းမိုးမှု မကွယ်ေ ပျာက် သေးဘူး ဆိုတဲ့ ပုံရိပ်ဆိုးတစ်ခု ဖြစ်လာနိုင်ခြေရှိလို့ လက်ရှိကာချုပ် မင်းအောင်လှိုင်ကို သမ္မတလောင်း အဖြစ် တင်မြှောက်ဖွယ် မရှိဘူးလို့ ယူဆရပါတယ်။ (၂) ကာချုပ်သာ နိုင်ငံရေး ရည်မှန်းချက် ကြီးမားတယ်ဆိုရင် လက်ရှိအတိုက်အခံ ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်နဲ့ တွေ့ကို တွေ့ဆုံသင့်ပါတယ်။ ကာချုပ်သမ္မတ ဖြစ်ပြီဆိုပါစို့။ ၂၀၁၅ အလွန်နိုင်ငံ ရေးရပ်ဝန်းမှာ ခိုင်ခိုင် မာမာ ရပ်တည်နေဦးမယ့် ဒေါ်အောင်ဆန်းစုကြည်နဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးကောင်းတစ်ခုကို တင်ကြိုယူ ထားရမှာ ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံရေး ရှောင်ဖယ်နေတာက ကာချုပ် သမ္မတဖြစ်လာဖို့အတွက် အလားအလာ မကောင်းတဲ့ အချက်ပါ။ နောက်ပြီး သမ္မတအဖြစ်သာ ကာချုပ် ရည်မှန်း ထားတယ်ဆိုရင် နိုင်ငံရေး ရပ်ဝန်းက အတိုက်အခံပါတီ ခေါင်းဆောင်တွေ၊ တိုင်းရင်းသားပါတီ ခေါင်းဆောင်တွေနဲ့ စဉ်ဆက်မပြတ် ထိတွေ့ ဆက်ဆံနေဖို့ လိုအပ်ပါတယ်။ နောက်အရပ်ဘက် လူ့အဖွဲ့အစည်းတွေနဲ့ ဆက်ဆံရေး ကောင်းဖို့ လိုအပ်သလို အခြေခံ ပြည်သူတွေနဲ့လည်း တင်ကြိုတွေ့ဆုံမှုတွေ လိုအပ်ပြီး ၂၀၁၅အလွန် မြန်မာ့နိုင်ငံရေး ရပ်ဝန်းနဲ့ မကင်းကွာအောင် ဗျူဟာတစ်ရပ် ချမှတ်ပြီး နိုင်ငံရေးရပ်ဝန်းထဲ အခုလက်ရှိ အချိန်က တည်းက ၀င်ဆံ့နိုင်အောင် တင်ကြိုပြင်ဆင် ထားသင့်ပါတယ်။ ခုလက်ရှိ အနေအထားအရတော့ ကာချုပ်ဟာ နိုင်ငံရေး နယ်ပယ်နဲ့ ထိတွေ့မှု နည်းပါးတာကို တွေ့ရတဲ့အတွက် ကာချုပ်ဟာ သမ္မတ ဖြစ်လာရင်တောင် နိုင်ငံရေး နယ်ပယ်မှာ တစ်က ပြန်စရမယ့် သဘော ရှိတဲ့အတွက် ကာချုပ် သမ္မတမဖြစ်နိုင်ပါဘူး။ (၃) ကာချုပ်သမ္မတ မဖြစ်နိုင်ခြေ နောက်တစ်ချက်က တိုင်းရင်းသားတွေရဲ့ ထောက်ခံမှု ကျဆင်းလာခြင်းပါ။ သမ္မတရွေးချယ်ပွဲမှာ တိုင်းရင်းသား အမတ်တွေရဲ့ ထောက်ခံမှုမရဘဲ သမ္မတဖြစ်ဖို့ ခဲယဉ်းမှာပါ။ ၂၀၁၅ မတိုင်ခင် တိုင်းရင်းသားတွေနဲ့ အပစ်အခတ် ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုး နိုင်ရင်တော့ ကာချုပ်ဟာ တိုင်းရင်းသားတွေရဲ့ ထောက်ခံမှုရမှာ ဖြစ်ပေမယ့် လက်ရှိအနေ အထားအရ တိုက်ပွဲတွေ ဖြစ်ပွားနေတာ၊ အပစ်အခတ် ရပ်စဲရေး စာချုပ်ရေးထိုးဖို့ နှောင့်နှေးနေတာတွေကြောင့် တိုင်းရင်းသား ထောက်ခံမှု မရနိုင်တဲ့ ကာချုပ်သမ္မတ မဖြစ်နိုင်ဘူးလို့ ယူဆပါတယ်။ (၄) နောက် သမ္မတတစ်ယောက် အတွက် မရှိမဖြစ် လိုအပ်တဲ့ နိုင်ငံတကာ ဆက်ဆံရေး၊ နိုင်ငံတကာနဲ့ ထိတွေ့ ဆက်ဆံရေးတွေ၊ အရပ်သား သမ္မတတစ်ယောက်အတွက် လိုအပ်မယ့် အရပ်သား အတွေးအခေါ်နဲ့ ဦးဆောင်ဖို့ တပ်မတော်သား တစ်ယောက်ရဲ့ လုပ်နည်းလုပ်ဟန်တွေကိုပြောင်းလဲဖို့ ပြင်ဆင်ပြီးပြီလား ဆိုတာလည်း ကာချုပ် သမ္မတ ဖြစ်ရေးအတွက် အလွန်အရေးပါတဲ့ မေးခွန်းတွေ ဖြစ်ပါတယ်။ လက်ရှိသမ္မတ ဦးသိန်းစိန်နဲ့ နှိုင်းယှဉ် ပြောရရင် ဦးသိန်းစိန်ဟာ အရင် အာဏာပိုင် အကြီးအကဲရဲ့ လက်သပ် စီမံ မွေးထုတ်ထားတဲ့ သမ္မတလို့ ပြောလို့ရပါတယ်။ အမျိုးသား ညီလာခံဥက္ကဋ္ဌ အဖြစ်နဲ့ နှစ်ရှည် တာဝန်ယူခဲ့ပြီး လက်ရှိ ၂၀၀၈ အခြေခံ ဥပဒေကြီး ပေါ်ပေါက်အောင် စွမ်းစွမ်းတမံ အားစိုက်ထုတ် အကောင်အထည် ဖော်ခဲ့သူ တစ်ဦးပါ။ ဒါကြောင့် ဦးသိန်းစိန်ဟာ အခြေခံဥပဒေကို တစ်ဖက်ကမ်းခတ် နားလည်နိုင်သလို ဥပဒေပြုရေး ကဏ္ဍကိုလည်း နားလည်နိုင်စွမ်း ရှိတယ်လို့ ယူဆရပါတယ်။ နောက်ဝန်ကြီးချုပ်အဖြစ် တာဝန်ယူစဉ် မှာလည်း နိုင်ငံတကာနဲ့ ထိတွေ့ ဆက်ဆံမှုတွေ ရှိခဲ့ပြီး နိုင်ငံ့ခေါင်းဆောင်တွေနဲ့လည်း ရင်းနှီးတဲ့ ဆက်ဆံရေး ရှိခဲ့ပါတယ်။ နောက်တစ်ချက်က တပ်မတော်အတွင်း အဂတိ လိုက်စားမှုနဲ့ ပတ်သက်ပြီး အသံ သိပ်မထွက်ခဲ့ ပါဘူး။ နိုင်ငံတကာမှာ မျက်နှာပန်းလှအောင် ရုပ်ထွက်ကောင်းမွန်သူမို့ အရင်အာဏာပိုင် အကြီးအကဲက သမ္မတ အဖြစ် လျာထားခဲ့တယ်လို့ ယူဆပါတယ်။ အရင်အာဏာပိုင် အကြီးအကဲရဲ့ အထူးယုံကြည် စိတ်ချရသူ လို့လည်း တပ်မတော်ရပ်ဝန်းက သုံးသပ်ကြပါတယ်။ သမ္မတ ဦးသိန်းစိန်လို နှစ်ရှည်ဗျူဟာကျကျ စီမံအားထုတ်ထားတဲ့ အရည်အချင်းတွေနဲ့ နှိုင်းယှဉ်ရင် ကာချုပ်သမ္မတဖြစ်ဖို့ အခွင့်အလမ်း နည်းပါတယ်။ ကာချုပ် သမ္မတဖြစ်နိုင်ခြေ ရှုထောင့်များ (၁) ၂၀၀၈ ဖွဲ့စည်းပုံ ပုဒ်မ၂၀၁ အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (ကာ/လုံ) ဖွဲ့စည်းခြင်း ပုဒ်မမှာ““နိုင်ငံတော် သမ္မတဦးဆောင်သည့် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီကို အောက်ပါ ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းသည်””ဆိုတဲ့ စကားရပ်သာပါပြီး ကာ/လုံကို သမ္မတက ဖွဲ့စည်းပေးရမယ်ဆိုတာ မပါပါဘူး။ ဒါဆို လက်ရှိ ကာ/လုံမှာ အဓိက အရေးအပါဆုံး နေရာယူထားတဲ့ ကာချုပ်ကို ၂၀၁၀ ကာလမှာ ဘယ်သူ ခန့်အပ်ခဲ့တာလဲဆိုတဲ့ မေးခွန်းပေါ်လာပါတယ်။ ပုဒ်မ ၃၄၂ မှာ သမ္မတက ကာလုံရဲ့ ထောက်ခံချက်နဲ့ ကာချုပ်ကို ခန့်အပ်ရမယ် ဆိုတာပါရှိပေမယ့် လက်ရှိကာချုပ်ကိုတော့ လက်ရှိသမ္မတ ဦးသိန်းစိန်က ခန့်အပ်တာ မဟုတ်ဘဲ အရင်အာဏာပိုင် အကြီးအကဲက ခန့်အပ်ခဲ့တယ်လို့ နိုင်ငံရေး ရပ်ဝန်းက သုံးသပ်ပါတယ်။ ကာ/ချုပ် ဟာ ယခင်အာဏာပိုင် အကြီးအကဲရဲ့ အထူးယုံကြည် စိတ်ချခံရသူ ဖြစ်တယ်လို့လည်း သတင်းရင်းမြစ်တွေက ဆိုပါတယ်။ အရင်အာဏာပိုင် အကြီးအကဲရဲ့လမ်းညွှန်မှု သြဇာဟာ လက်ရှိအာဏာပိုင်တွေ အပေါ်မှာလွှမ်းမိုးမှု ရှိနေ သေးတယ် ဆိုတဲ့ ယူဆချက် ရှုထောင့်က ကြည့်ရင်တော့ အရင်အာဏာပိုင် အကြီးအကဲဟာ လက်ရှိကာချုပ်ကို သမ္မတလောင်းအဖြစ် ထောက်ခံမှု အပြည့်အ၀ ပေးနိုင်ပါတယ်။ (၂) အခြေခံဥပဒေ ပြင်ဆင်ရာမှာ တပ်မတော် အခန်းကဏ္ဍ တိုးမြှင့်တဲ့ အချက်တွေ အတည်ပြုဖြစ်ခဲ့ရင် တပ်မတော် ဟာ မြန်မာ့နိုင်ငံရေးမှာ သြဇာကြီးမားတဲ့ အခန်းကဏ္ဍက ပါဝင်လာနိုင်ပါတယ်။ ဒီတစ်ခါ နောက်တက်မယ့် သမ္မတဟာ တပ်မတော်၊ လွှတ်တော်တို့ကို အပြန်အလှန် ထိန်းကျောင်းပြီး အာဏာမျှခြေညီဖို့ တပ်မတော်ကို ကွပ်ကဲခဲ့တဲ့ တပ်မတော်သားဟောင်း ကာချုပ်ဟာ ယူနီဖောင်းချွတ်ပြီး သမ္မတ ဖြစ်လာနိုင်ခြေ ရှိပါတယ်။ (၃) စစ်တပ်ပုံရိပ်လွှမ်းမိုးမှုကို ဖျောက်ပြီး ကာချုပ်ဟာ အရပ်ဝတ်လဲပြီး ပြည်ခိုင်ဖြိုး ပါတီကို ဦးဆောင်ပြီး ပါတီက တစ်ဆင့် သမ္မတလောင်း ဖြစ်လာနိုင်ခြေ ရှိတယ်ဆိုတဲ့ ယူဆချက် တစ်ရပ်လည်း ရှိပါတယ်။ စာဆက်ကို - မြန်မာသံတော်ဆင့်သတင်းဌာန- http://www.facebook.com/myanmarherald တွင်ဖတ်ရှုနိုင်ပါသည်

No comments:

Post a Comment